ဂယက်

ဂယက်

                   ငါးသောင်းတန် စာတစ်အုပ်ကြောင့် အွန်လိုင်းရဲ့ တချို့နေရာတွေမှာ ဗွက်ထနေတယ်။ အဲလို ဗွက်ထလို့ လှုပ်ခတ်နေတဲ့အထဲမှာ ကိုယ်လည်းပါတယ်။ တချို့က ဘာတွေထိုက်တန်လို့ ငါးသောင်းလဲတဲ့။ တချို့က မိုးကြိုးပစ်ချမလောက် တုန်လှုပ်လို့။
တချို့ကျတော့လည်း အဲဒီစာအုပ်ဝယ်ရင်ပဲ စာသမား မဟုတ်၊ နှာသမားဆိုပြီး စွပ်စွဲပုတ်ခတ်လို့။ ကိုယ်ကတော့ သူ့စာအုပ် သူရောင်းတာ ကြိုက်တဲ့သူ၊ ၀ယ်ရမယ့်သူ၊ ၀ယ်ပြရမယ့်သူ၊ တတ်နိုင်သူတွေ၊ မတတ်နိုင်ပေမယ့် ၀ယ်ချင်လို့ ၀ယ်သူတွေ ရှိကြမှာပေါ့။ ငါးသောင်းပြောထားပေမယ့် အလကားပေးလိုက်ရမယ့်သူတွေ၊ ဈေးလျော့ပေးရမယ့်သူတွေ သူ့မှာလည်း ရှိမှာပါပဲ။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ် မဟုတ်လား။ ပြောသာ ပြောရတယ်။ ဟိုတစ်နေ့က ရင်ဘတ်ခြင်းတူပါတယ်၊ ရင်ခုန်သံလေးပဲ လွဲတာပါဆိုတဲ့ ကဗျာဆရာနှစ်ယောက် အွန်လိုင်းမှာ (Like) ဗုံးကြဲတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ခွာပြဲသွားကြတာ တွေ့လိုက်မိသေးတယ်။ ခင်မင်ရင်းနှီးမှုက နှစ်ချီနေပေမယ့် (၃)နာရီအတွင်းမှာပဲ ပြန်စေ့စပ်လို့ မရတော့အောင် စကားတွေ၊ စာသားတွေ ကျွံကုန်ကြပါရောလား။ ဆက်ရာ၊ အက်ရာ မထင်အောင် ပြန်ပေါင်းစပ်နိုင်မယ်ဆိုရင်တောင် ကွဲပြဲခဲ့၊ ကွဲကြေခဲ့ကြဖူးတယ်ဆိုတာကတော့ မှတ်ဥာဏ်တွေရှိနေသမျှ သိနေကြရဦးမှာ မဟုတ်လား။ ဒါ့ကြောင့် လွတ်လပ်စွာကွဲလွဲခွင့်ဆိုပေမယ့် ချစ်တဲ့သူတွေနဲ့ နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း ဆက်ဆံရေးတွေ ပြတ်တောက်ကွဲကြေသွားမှာကိုတော့ စိုးရိမ်မိသား။ ဟန်ဆောင်ပြုံးရတာလည်း ပင်ပန်းတယ်လို့ ယူဆမိသူတွေ ရှိမယ် ထင်ပါတယ်။ အဲဒါကြောင့် ...

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း