ပန်းတစ်ပွင့်ရဲ့ သစ္စာ

ပန်းတစ်ပွင့်ရဲ့ သစ္စာ

ပန်းလေး ပွင့်လာဖို့အတွက် ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ရေလောင်းခဲ့ရ၊ ပေါင်းသင်ခဲ့ရနဲ့။ အပေါ်ယံမာကျောတဲ့ မြေလွှာကိုလည်း မကြာခဏတူးဆွလို့၊ နှလုံးသားမြေဆီကိုလည်း လိုအပ်သလို ပြုပြင်လဲလှယ်လို့။
ရေကြည်ရေသန့် မရတဲ့ချိန်မှာတောင် အဆိပ်သင့်ရေ မသောက်မိစေဖို့၊ အေးမြတဲ့ မိုးရေတစ်ပေါက် မသောက်ရရင်တောင် ပူလောင်တဲ့ ရေနွေးတို့ ငါ့ကိုယ်ပေါ်ကို မစီးဆင်းစေဖို့ ဂရုစိုက်ခဲ့တယ်။ တကယ်ဖူးပွင့်လာတဲ့တစ်နေ့ ငါဟာ ငါ့အတွက် ဖူးပွင့်လာတာ မဟုတ်ကြောင်း သူသိစေချင်လိုက်တာ...

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၆.၇.၂၀၁၆ နံနက် ၆း၂၄ မိနစ်)
https:shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း