Posts

Showing posts from September, 2015

တောင်တန်း၏ ကာရန်

Image
တောင်တန်း၏ ကာရန်         မြစ်ရေတိုးနေချိန်မို့ တာရိုးပေါ်မှာ ရေလာကြည့်သူတွေနှင့် စည်ကားနေသည်။ အနောက်ဘက်ကမ်း မှာရှိသည့် ပြာမှိုင်းနေသည့် တောင်တန်းတွေက ပရိသတ်ကြားမှာ အရှက်သည်းစွာနှင့် သွက်သွက်စီးဆင်း နေသည့် ရေတိုးမြစ်ကလေးကို ငေးကြည့်နေသယောင်ယောင်။ ဟိုငယ်စဉ်တုန်းကတော့ အဝါရောင်မြစ်ရေ တွေ တစ်ဟုန်ထိုးစီးဆင်းနေတာကိုကြည့်ရင်း ခံစားချက်တစ်မျိုးဖြင့် ကြည်နူးခဲ့ရဖူးသည်။ မြစ်တစ်စင်းကို ပိုင်ဆိုင်ထားသည့် သူတို့မြို့လေးကို အထင်ကြီးခဲ့ရသလို သည်မြို့သားဖြစ်ခဲ့ရသည့်အတွက်လည်း ဂုဏ်ယူ ခဲ့ရသည်။           မြစ်ကလေးသည် တစ်ခါတစ်ရံ ရင်ပြည့်ရင်ကယ် ဖြစ်တတ်သေးသည်။ ရင်ပြည့်ရင်ကယ်ဖြစ်နေ သော မြစ်ကလေး၏ ခံစားချက်တွေ လျှံကျလာခြင်းကို မြို့ကလေးက လက်ခံခဲ့ရဖူးသည်။ လွန်ခဲ့သော ငါးနှစ်ကျော်၊ ခြောက်နှစ်ခန့်က ဖြစ်သည်။ မြို့သက်တမ်းတစ်လျှောက် သည်မြို့နှင့် သည်မြစ်၏ ရင်းနှီး ယုံကြည်မှုက   အမြင့်မားဆုံးဖြစ်ခဲ့သည်ဟု ဆိုကြသည်။

အိပ်မက်

Image
အိပ်မက် လမ်းဘေးပန်းတော့ မဟုတ်ခဲ့ဘူး ရာသီလွန်မှ ပွင့်ခဲ့ရတဲ့ ပန်းရယ်ပါ။ ပွဲမဝင်ခင်ထဲက ရှုံးနိမ့်ခဲ့ရတဲ့ ကိုယ် စင်ပေါ်တက်ခွင့် မရှိမှတော့ ဖြတ်လျှောက်အဆင့်နဲ့ ကျေနပ်ရမှာပါ။ ဘာတွေပဲ ကုန်သွား ကုန်သွား မျှော်လင့်ချက်တွေ ကုန်မသွားဖို့ အရေးကြီးတယ် မျှော်လင့်လို့ မရနိုင်တဲ့ အရာတွေအတွက် မမျှော်လင့်တတ်ဖို့လည်း လိုတယ်မဟုတ်လား။ အိပ်မက်တွေနဲ့ ထုဆစ်ထားတဲ့ဘဝမှာ မဖြစ်နိုင်တာတွေ မျှော်လင့်ရင်းမက်ခဲ့တော့ ဂယောက်ဂယက်နဲ့ အိပ်မက်ဟာ ဆောင်းတွင်းမှာ ယောက်ယက်ခတ်ဖူးတယ်။         ။ (ရှဥ့်ညိုလေး၏ သစ်သီးများ)

ငါတို့အမွေ(၁)

Image
ငါတို့အမွေ(၁)         မာကျူရီမီးလုံးများ၏အစွမ်းဖြင့် ကမ်းနားလမ်းတလျှောက် လင်းချင်းလျှက်ရှိသည်။ သို့သော် ဖြတ်သွား ဖြတ်လာမရှိလောက်အောင်ပင် ရှင်းလင်းနေသည်။ မနက်ခင်းတစ်နာရီဆိုသောအချိန်သည် ဟိုတုန်းကဆိုလျှင် ဖြတ်သန်းသွားလာသူမရှိလောက်အောင် ပြတ်တောက်နေသောအချိန် မဟုတ်ခဲ့ချေ။ သို့သော် ယခုတော့ တာရိုးပေါ်တွင် လူသားဆို၍ ကင်းရှင်းလျှက် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် …           ချင်းတွင်းမြစ်ကြောင့် ဖြစ်သည်။ ချင်းတွင်းမြစ်ရေ တိုးနေသည်။ စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ တိုးနေသောကြောင့် အသွားအလာတို့ကို ပိတ်ထားသည်။ ဟိုဘက်ကမ်း သည်ဘက်ကမ်းကူးသည့် ကူးတို့စက်လှေတို့ မထွက်ရတော့။ ရှော်တယ်ခေါ် ရှပ်ပြေးယာဉ်တို့ မထွက်ကြတော့။ ထွက်ကြသည့်တိုင် လိုက်ဝံ့သည့် ခရီးသည် တစ်ဦးမျှရှိမည်မထင်။ ယနေ့ ချင်းတွင်းမြစ်ရေသည် အမြင့်ဆုံးရေမှတ်တွင် ရပ်တန့်နေသည်။ လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က တစ်မြို့လုံးရေဝင်ဖူးသည်။ မြို့သက်တမ်းတစ်လျှောက် အမြင့်ဆုံးရေမှတ်ရောက်ခဲ့သည် ဟု သက်ကြီးဝါကြီးများက ပြောကြသည်။

"ဘော နဲ့ သူမ"

Image
"ဘော နဲ့ သူမ" ----------------- ရေးသူ _ သန်၎ကို                    ကလေးမက ဘော်လုံးပွဲကြည့်ချင်တယ်လို့.. ပူဆာတာနဲ့ လက်မှတ် နှစ်စောင်ဝယ်ပြီး သွားကြတယ်။ သူက ဝေးလံသီခေါင်တဲ့ အရပ်ကလာတဲ့ တောင်ပေါ်သူလေး ဆိုတော့... ဘောကို မြင်ဖူးတာ မဟုတ်ဘူး၊ အဲလေ ဘောကန်တာကို မြင်ဖူးတာ မဟုတ်ဘူး။ ကွင်းထဲရောက်တော့ ပွဲမစသေးတာနဲ့ ကိုယ့်နေရာမှာ ကိုယ်ထိုင်ပြီး တောင်ငေးမြောက်ငေးလုပ်နေတုန်း သူက မေးလာတယ်... ... "ဘော်လုံးကွင်း... ဘော်လုံးကွင်း နဲ့ ကြည့်လိုက်တော့လည်း လေးထောင့်ကြီးပါလား ကိုကိုရဲ့" "ငင်... ခညားကဘယ်လိုထင်လို့တုံး" "အဝိုင်းပုံကြီးမှတ်နေတာ" "အော်... အင်း... ဘောလုံးကွင်းသာ အဝိုင်းကြီးဆို ကြည့်ကောင်းအုံးတော့မှာပဲ" "သိဘူးလေလို့... ကွင်း ကွင်း နဲ့ ပြောနေတာကြတာကြီးကို"

သတ္တိမရှိတော့ဘူး

Image
သတ္တိမရှိတော့ဘူး           ̏ လက်ရှိကိုလည်း မကြိုက်ဘူး၊ သဘောကျမိတဲ့ သူကျတော့လည်း သူ့နောက်မှာရှိနေတာတွေနဲ့ ခွတော့ ခပ်ကျကျပဲဗျ…˝ တစ်နေ့က ကျွန်တော့်သူငယ်ချင်းကိုထိန် အဲသလိုလာညည်းတယ်။ ကျွန်တော်လည်း ̏ ဘ-ခြောက်လုံး˝ ဂိုဏ်းသားပီပီ ̏ ဘာဖြစ်လို့လဲဗျ..˝ အစချီပြီး ဘကုန်းတွေကို စနစ်တကျသုံးပစ်လိုက် တယ်။ အဲဒီမှာတင် ကိုထိန်ရဲ့အခက်အခဲကို သိလာရတာပဲ ဆိုပါတော့။ ကျွန်တော့်သူငယ်ချင်းကိုထိန်က အိမ်ထောင်သည်ဗျ။ အိမ်ထောင်ကျတာ နှစ်(၂ဝ)ကျော်ပြီဆိုပါ တော့။ ဒါပေမယ့် ခုထိ ဂစ်တာဒေါင်ဒင်တီးတုန်း။ မျိုးကြီး၊ လေးဖြူ ဟစ်တုန်း။ သူ့အမျိုးသမီးက တရုတ်မ ဗျ။ မျက်လုံးပေါက်လေးက ကြံဖျားရှထားသလိုလေးကို ကျဉ်းတာ။ စီးပွားရေးတော့ လာဘ်မြင်သလား မမေးနဲ့။ ချိန်ကိုက်စီးပွားရေးပညာမှာတော့ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ ပေးလောက်တဲ့အမျိုးသမီးပဲ။ ဒါတောင် ကြံဖျားရှထားသလောက် အမြင်လေးမို့ဗျ။

ကိုကို့ကို

Image
ကိုကို့ကို ဟိုးတုန်းက တွေးခဲ့ဖူးတယ် ကောင်းကင်ထက် တဖြတ်ဖြတ်လက်တဲ့ကြယ် သူများလား။ ဟိုးတုန်းက ငေးခဲ့ဖူးတယ် လရောင်နဲ့ တဆတ်ဆတ်ခုန်ခဲ့တယ် အချစ်များလား။ ဘာပဲပြောပြော အချစ်နဲ့ဆုံခဲ့ဖူးတယ် အတိတ်ဒိုင်ယာရီကို တဖြတ်ဖြတ်လှန်တော့ လတ်ဆတ်တဲ့ စာတစ်ကြောင်း ခုထိ စာလုံးပေါင်းဖတ်မိနေတုန်း စာအုပ်ကို အသာပိတ် မျက်လုံးကို မှေးမှိတ်လိုက်တော့ '' ကိုကို့ကို သိပ်ချစ်တယ်'' တိုးတိုးလေး ပေမယ့် ကိုယ်ဆိုနေကြစကား ခုထိကြားယောင်တုန်းပဲ အိမ်ပြင်မှာ လသာနေတယ် ကြယ်စင်တွေ ဖော်စုံပေမယ့် ဘာပဲပြောပြော လွမ်းတယ်ကို။ ။ (ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ)

အသည်းကွဲရာသီ

Image
အသည်းကွဲရာသီ         ကျွန်တော် သိပ်ချစ်ရသည့် ကောင်မလေးကို ညိုဟုခေါ်သည်မှာ သူမ၏ အမည်ကြောင့်ပင် ဖြစ်သည်။ သူမ၏ သူငယ်ချင်းများက ညိုမီဟု အဖျားဆွတ်ခေါ်ကြသော်လည်း ကျွန်တော်ကတော့ ချစ်သူတစ်ဦး၏ အခွင့်အရေးကို အသုံးချကာ ညိုဟုသာ တစ်လုံးတည်း အဖျားဆွတ်ခေါ်သည်။ သူမ၏နာမည်အပြည့်အစုံမှာ သုံးလုံးဖြစ်သော်လည်း ထိုသုံးလုံးကို အပြည့်အစုံခေါ်လိုက်သည့်အခါ ကိုယ်တိုင် စစ်ကြိုခေတ်ကို ရောက်သွားသလိုခံစားရသည်။ ထိုနာမည်မျိုး ရွေးချယ်ပေးတတ်သည့် ယောက္ခမကြီး နှစ်ဦးကိုလည်း အံ့အားသင့်မိသည်။ ထိုထက်ပို၍ အံ့အားသင့်မိသည်မှာ ချောမောလှပသည့် သမီးတစ်ဦးကို မွေးထုတ်ပေးလိုက်သည့် ယောက္ခမကြီးကိုပဲဖြစ်သည်။

VIP

Image
                                                                                                                                          "'VIP"" ၂၀၂၅ ခုတွင် ဖြစ်သည်။ လူထုဘဝကို လေ့လာချင်သော သမ္မတကြီးသည် ကိုယ်ရံတော်မပါ၊ လုံခြုံရေးမပါဘဲ၊ ကားတစ်စီး နှင့် ဒရိုင်ဘာတစ်ယောက်ကို ခေါ်ပြီး ခရီးထွက်လာရာ ပြည်နယ်မြို့ကြီးတစ်မြို့သို့ ရောက်လာတယ်။ မြို့အနှံ့လေ့လာနေစဉ် သမ္မတကြီးက ဒရိုင်ဘာကို ပြောသည်... .... "ငါလည်း ကားမမောင်းရတာကြာပြီ၊ မင်းလည်း ပင်ပန်းနေပြီ၊ ငါတစ်လှည့်မောင်းမယ်၊ မင်း နားလိုက်" "ဟုတ်ကဲ့" ... ဆိုပြီး နေရာပြောင်းထိုင်ကြတယ်။ သမ္မတကြီးလည်း ငယ်မူငယ်သွေးတွေကြွပြီး စွတ်ရွတ်မောင်းလိုက်တာ တနာရီ မိုင်၈၀ လောက်ဖြစ်ရော ယာဉ်ထိန်းရဲက ဖမ်းတားပြီပေါ့၊ လိုင်စင်တောင်းမလို့ ကားထဲငုံ့ကြည့်လိုက်တော့ အထဲကလူနှစ်ယောက်ကို မြင်တာနဲ့ ရဲခမြာ လန့်ဖြတ်သွားတယ်။

တော်ဝင်နှင်းဆီ

Image
တော်ဝင်နှင်းဆီ ကြွေဖို့အတွက် ပွင့်ခဲ့တာ မဟုတ်ဘူး ဝေဖို့အတွက် ပွင့်ခဲ့တဲ့ပန်း ... မိုးထဲ၊ ရေထဲ၊ နှင်းထဲမှာလည်း ပွင့်ခဲ့တယ် နေမလောင်၊ နှင်းမခနဲ့ ကြွေပန်းအိုးထဲ ပွင့်မယ့်ပန်း မဟုတ်တော့ လွယ်လွယ်နဲ့ ဘယ်ကြွေမလဲ ဝင့်စားရင် လာခဲ့ ငါ့တစ်ကိုယ်လုံး ဆူးတို့နဲ့ အလှဆင်တယ် ခရေ မဟုတ်ဘူး၊ စံပယ် မဟုတ်ဘူး ကြိုးနဲ့သီပြီး အလှပြမယ့် ယိမ်းသမပန်း မဟုတ်ဘူး တစ်ပွင့်ထဲ လှတဲ့ပန်း နန်းတော်ထဲမှာ မပွင့်ခဲ့ပေမယ့် လောကအဝန်းမှာ တင့်ခဲ့တယ် တော်ဝင်တဲ့ ပန်းတစ်ပွင့်အကြောင်း ကဲ မင်းဘယ်လို စာလုံးပေါင်းမလဲ ....။ ။ (ရှဥ့်ညိုလေး၏ ပန်းပွင့်နှင့် သူမ၏ ဒဏ္ဍာရီမှ/)

ကျွန်တော်နှင့် OG Ward

Image
(သူငယ်ချင်းများ ရယ်မောပျော်ရွှင်စေလို၍ ပြန်Share ထားခြင်းဖြစ်သည်။) ----------------------------------------- ဟောက်စ်ဆာဂျင် ပွတစ်ယောက် ပို့စတင် ကျကျချင်း စရောက်တာက အိုဂျီဝါ့ဒ်။ အမျိုးသမီးလူနာ များဖြစ်သဖြင့် ကြုံတွေ့ရသည့် ကိစ္စများကလည်း ပြောမကုန်နိုင်။ နိုက်ဂျူတီ ကျသည့်နေ့ တစ်ခါတစ်လေ မွေးလိုက်ကြတာမှ မွေးစင် မလောက်၍ First stage room ခေါ် ရေမွှာ အပေါက် ကိုစောင့်သည့်အခန်းထဲတွင် မွေးခဲ့ရသည်လည်း ရှိ၏။ မိမိအမျိုးသမီး မွေးပြီဆိုလျှင် အပြင်မှ ယောက်ျားသားများမှာ ခြေမကိုင်မိ လက်မကိုင်မိ။ မွေးခန်းထဲတွင်လည်း သံချပ်ထိုးသော အသံများမှာ ဆူဆူညံညံ။ “ သမီးရေ ညှစ် ညှစ် အို ဘာတဲ့ ညှစ်လိုက်စမ်းဟေ့ အီးပါသလိုညှစ်လိုက်စမ်း ညှစ် ညှစ် အေး ဟုတ်ပြီ

ကျိန်စာများနှင့် ကမ္ဘာ

Image
ဒီနေ့ ဖီးလ်နည်းနည်း ကျဲပါတယ်။ ယိုးဒယားဘက်က စက်ရုံတစ်ရုံမှာ HIV ပိုးရှိသူ လုပ်သား (200)ခန့်ထားပြီး ခေါင်းဆောင်က စည်သွပ်ဗူးတွေကို မသန့်ရှင်းအောင်၊ စားသုံးသူတွေကို ကူးစက်အောင်လုပ်ခိုင်းလို့ ထိုင်းအာဏာပိုင်တွေက မီနီမတ်ခ် တွေမှာရှိတဲ့ စည်သွပ်ဗူးတွေကို လိုက်သိမ်းနေတယ်လို့ ဖေ့ဘွတ်ခ်မှာ တက်လာပါတယ်။ သစ်သီးယိုဗူးတွေ လို့ပြောပါတယ်။ အစားအသောက်ကနေ ဘယ်လိုကူးစက်အောင် လုပ်သလဲတော့ မသိပါ။ ဒီမှာလည်း ရုပ်ရှင်ရုံတွေမှာ HIV ပိုးရှိတဲ့ ဆေးထိုးအပ်တွေ ထောင်တတ်ကြောင်း တလောက ကြားလိုက်ရပါသေးတယ်။ နောက်ပြီး