တော်ဝင်နှင်းဆီ



တော်ဝင်နှင်းဆီ

ကြွေဖို့အတွက် ပွင့်ခဲ့တာ မဟုတ်ဘူး
ဝေဖို့အတွက် ပွင့်ခဲ့တဲ့ပန်း ...
မိုးထဲ၊ ရေထဲ၊ နှင်းထဲမှာလည်း ပွင့်ခဲ့တယ်
နေမလောင်၊ နှင်းမခနဲ့
ကြွေပန်းအိုးထဲ ပွင့်မယ့်ပန်း မဟုတ်တော့
လွယ်လွယ်နဲ့ ဘယ်ကြွေမလဲ
ဝင့်စားရင် လာခဲ့
ငါ့တစ်ကိုယ်လုံး ဆူးတို့နဲ့ အလှဆင်တယ်
ခရေ မဟုတ်ဘူး၊ စံပယ် မဟုတ်ဘူး
ကြိုးနဲ့သီပြီး အလှပြမယ့်
ယိမ်းသမပန်း မဟုတ်ဘူး
တစ်ပွင့်ထဲ လှတဲ့ပန်း
နန်းတော်ထဲမှာ မပွင့်ခဲ့ပေမယ့်
လောကအဝန်းမှာ တင့်ခဲ့တယ်
တော်ဝင်တဲ့ ပန်းတစ်ပွင့်အကြောင်း
ကဲ မင်းဘယ်လို စာလုံးပေါင်းမလဲ ....။ ။


(ရှဥ့်ညိုလေး၏ ပန်းပွင့်နှင့် သူမ၏ ဒဏ္ဍာရီမှ/)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward