Posts

Showing posts from May, 2018

ငါတို့

Image
ငါတို့ ဖြောင့်နေတဲ့ လမ်းတွေပေါ် တည့်တည့်မလျှောက်နိုင်တဲ့ငါ ကောက်နေတဲ့ လမ်းရောက်မှ အတည့်လျှောက်ဖို့ ကြိုးစားချင်ခဲ့။ လမ်းမဟုတ်တဲ့ လမ်းကိုလျှောက်တော့

ကျွန်တော်တို့ ရန်မဖြစ်ကြပါ

Image
  ကျွန်တော်တို့ ရန်မဖြစ်ကြပါ ကျွန်တော့်ကို မဒီစံက မေးတယ်။ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ စုံတွဲတစ်တွဲပုံကိုပြပြီး မေးတာပါ။ " သူတို့တွေရော ရန်ဖြစ်ကြလားဟင်..." စုံတွဲလေးကလည်း တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတယ်ဆိုတာ သူတို့မျက်နှာမှာတင်မက ရင်ထဲထိ ထွင်းဖောက်မြင်နေရသလိုမျိုးကိုး။ ကျွန်တော်လည်း စာရိုက်နေရင်းကနေ ပြန်ပြောရတယ်။

ကြောက်ပါပြီဗျ...ဟာဟ

Image
ကြောက်ပါပြီဗျ...ဟာဟ    ဒီနေ့ ခပ်ကျဲကျဲဖီလင်လေး ပို့စ်နဲ့ရောတင်လိုက်တာ (Emotion)မြင့်လာတဲ့ (Comment) တွေ ပို့စ်အောက်မှာ ရောက်လာတယ်။ ကိုယ်က အပျော်ဆိုပေမယ့် တချို့တွေအတွက် တစ်ခုခု သက်ရောက်သွားတယ် ထင်ပါတယ်။ ကျွန်တော်လည်း ကိုယ့်အကောင့် ကိုယ်သုံးပေမယ့် ကြံခင်းပိုင်ရှင်ကြီးလို စာတင်ရမယ် ထင်ပါတယ်။

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့မျဉ်းပြိုင်

Image
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ မျဉ်းပြိုင်             အကြောင်းကြောင့် အကျိုးဖြစ်သည်။ အကျိုးကြောင့် အကြောင်းဖြစ်သည်ဆိုလျှင် လောကမှာရှိသည့် အဖြစ်အပျက်အကြောင်းအရာ ဟူသမျှသည် ဒီနိယာမတရားနှင့် မလွတ်ကင်းနိုင်။ ထားတော့။ ပြောလိုသည်က ကျွန်တော်နှင့် ကျွန်တော့်ချစ်သူအကြောင်း…။             သူမနှင့် ကျွန်တော် သိပ်ကိုချစ်ခဲ့ကြပါသည်။ ကြားလေသွေးလျှင် ဝေးသွားမလား ဆိုရလောက်အောင် ကဲကဲဆတ် မဟုတ်သော်လည်း နားလည်မှုတွေ အပြည့်အသိပ်ဖြင့် ချစ်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်တော့်ဘဝထဲသို့ သူမတိုးဝင်မလာခဲ့သလို သူမဘဝထဲသို့လည်း ဆွဲမခေါ်ခဲ့ပါ။ အများတကာတွေ တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ သူမနှင့် ကျွန်တော်ကတော့ နားလည်မှုတွေကိုပဲ တန်ဖိုးထားခဲ့ကြသည်။ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရှိမှ၊ မဏ္ဍပ်တိုင်တက်ပြနိုင်မှ မဟုတ်ဘဲ။ အဲဒီလိုနဲ့ …။

စာစုံဖတ်ကြစို့

Image
စာစုံဖတ်ကြစို့                စာရေးတယ်ဆိုတာတစ်မျိုးကအမုန်းခံရေးတာရှိတယ်..။ တစ်မျိုးကပရိတ်သတ်ရဖို့ရေးတာရှိတယ်..။ တစ်ခုပဲ..။ ကိုယ့်စာပေဟာပရိတ်သတ်ရှိခြင်း မရှိခြင်းဆိုတာထက်.. ကိုယ်ဘယ်လောက်အမှန်ပြော ရဲသလဲ..ဆိုတာလည်းအရေးကြီးတယ်...။

လမ်းလျှောက်လာသော ကော်ဖီ

Image
       လမ်းလျှောက်လာသော ကော်ဖီ   ကော်ဖီတစ်ခွက်၏တန်ဖိုးကို သင်ဘယ်လို ပိုင်းဖြတ်မှာလဲ။ ခါးသက်သက်နှင့် အနည်းငယ် ဆိမ့်သောကော်ဖီကိုတော့ သူမနှစ်သက်သည်။ လျှာဖျားမှတစ်ဆင့် လျှာရင်း၊ နောက် လည်ချောင်း တစ်လျှောက် ခပ်သက်သက် စီးဆင်းသွားမည့် ကော်ဖီပူပူတစ်ခွက်က သူမ၏အာရုံတွေကို လန်းဆန်းစေ သည်။ အထီးကျန်သူမအတွက် မိတ်ဆွေကောင်းတစ်ယောက်နှယ် အဖော်ပြုပေးနိုင်သူမှာ ကော်ဖီတွေသာ ဖြစ်ခဲ့သည်။

ဖြစ်စဉ်

Image
ဖြစ်စဉ် အကြောင်းအရာ(၁) မှားယွင်းမှုတွေကို မုန်းတယ်။ ခံယူချက်(၁) ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်မလွှတ်ဘူး။ ခံယူချက်(၂) တပါးသူကိုလည်း ခွင့်မလွှတ်ဘူး။

စာရေးသူတစ်ဦးအကြောင်း

Image
 စာရေးသူတစ်ဦးအကြောင်း            နေရာကား မုံရွာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ထနောင်းပင်ကြီးအောက်တွင် ဖြစ်သည်။ ဆံရစ်ဝိုင်းလေးနှင့်ကောင်မလေးမှာ ခုံတန်းပြာလေးပေါ်တွင်ထိုင်ရင်း မှောင်မှောင်သည်ထံမှ ဝယ်လာသည့် အချဉ်ပေါင်းထုပ်ကို အားပါးတရ စားနေသည်။ ထနောင်းပင်ကို လက်ထောက်ကာ ပင်နီတိုက်ပုံကို မဝတ်ဘဲ ပုခုံးပေါ်တင်ကာ ကျန်လက်တစ်ဖက်ဖြင့် ကိုင်ထားသည့် လူရွယ်လေးတစ်ဦးက ခုံတန်းပြာလေးပေါ်ထိုင်နေသည့် ကောင်မလေးကို ခေါင်းငဲ့ကြည့်ရင်း...