Posts

Showing posts from November, 2022

လောကသာရပျို့

Image
လောကသာရပျို့ ၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျှက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံ့ကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း ကြွယ်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၂။   တုကျွန်းစံတည် ၊ နေရောင်ခြည်ကို၊ လွင့်ဖည်နှိပ်စက်၊ ပယ်ဘိဖျက်သို့၊ ပြိုးပြက်ထိန်ပြောင်၊ တန်ဆာရောင်နှင့်၊ ကိုယ်ရောင်ဝင်းဝါ၊ လင်းလက်ဖြာလျက်၊ တာရာပထ၊ ပျံခဲ့ကြသော်၊ ကာမတလွှား၊ ပြည်ပြည်သားတို့၊ လာသွားကြိမ်တွေ့၊ မြင်သရွေ့ပင်၊ ခွေ့ခွေ့မောရှိုက်၊ မှိုင်းမိုက်မူးဝေ၊ ရှိကြချေ၏၊ ကြက်သရေယဉ်နု၊ နတ်တစုတို့၊ သီတုဒက၊ သို့ရောက်ကြ၍၊ ဖျဖျသာရွှင်၊ ရေစင်ဆွတ်ဖျန်း၊ ပန်းလည်းထိပ်ပြင်၊ ရွေးယူဆင်လျက်၊ သဘင်စံညီး၊ ရောင့်ရဲပြီးသော်၊ ထံနီးညွတ်ခ၊ ချီထိန်းယတို့၊ ကာလချိန်သင့်၊ လျှောက်သဖြင့်လျှင်၊ ထက်မြင့်ကောင်းကင်၊ ပျံလေကျင်သော်၊ ရှုမြင်လေငြား၊ မုဆိုးသားကား၊ ချုံကြားမှာက၊ ပြင်းရာဂဖြင့်၊ မရသတိ၊ မျက်စိဆောက်၍၊ သွားပါးစေ့မျှ၊ ခွေ့ခွေ့မြှော်ရှာ၊ မနည်းကြာမှ၊ သက်သာရစ၊ အနိုင်ထ၍၊ သီလပျံ့လှောင်း၊ ရသေ့ကျောင်းသို့၊ လျင်ကြောင်းရည်ထင်၊ သွားလေဝင်မှ၊ ဦးတင်ရှိရည်၊ လျှောက်စသည်ကား၊ ငါ့ထိပ်ထား...၊ မြတ်ဖျားနေပျော်၊ သည်ကျောင်းတော်မှ၊ ယမ်းယော်တာဆန့်၊ ငါးရာခန့်တွင်၊ ကြည်သန့်သီတာ၊ ရေကန်မှာသို့၊ ကြမ္မာကံလျောက်၊ ကျွန်ုပ်ရောက်သည်။ ။   သေပျောက်ချေထု ဘနန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရ

လောကသာရပျို့

Image
လောကသာရပျို့ ၁၂။ လယ်လုပ်ကုန်သွယ်၊ ရောင်းဝယ်မြီချ၊ တွက်ဆစိတ်ပြား၊ အပါးပါးလျှင်၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထမ်းပိုးနှစ်လီ၊ ချသည်မပြတ်၊ အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ဝမ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သက်မွေးပြင်းလျက်၊ များခြင်းစုံစီ၊ ဖန်တီးဝယ်ရောင်း၊ ထပ်ကာလောင်းလျက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွေမှီတင်း ကြွယ်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၁။   ထိုနတ်သမီး ၊ ထွန်းညီးလျှံတောက်၊ ခုနှစ်ယောက်တို့၊ မို့မောက်လွန်ကဲ၊ အမြဲသာပျော်၊ စံသည်သော်ကား၊ မြတ်ကျော်ပြောင်ပတ်၊ စီချယ်ခတ်သည်၊ ပြာသာဒ်လျှံပြောင်၊ ခုနှစ်ဆောင်ထက်၊ ရန်အောင်ပည်းသီ၊ ငါးရာစီနှင့်၊ စုံညီအင်္ဂါ၊ တူရိယာသံညင်း၊ သီကခြင်းလည်း၊ မကင်းနေကျ၊ စံစားကြ၏၊ မှိုင်းပျမင်းလွင်၊ အုံ့ဆင်တိမ်သား၊ သွားလာချင်ဘွယ်၊ တနေ့ဝယ်နှိုက်၊ တင့်တယ်ထွေဆန်း၊ ဆွတ်ဖျန်းရေကြည်၊ ကစားမည်ကို၊ ဘုန်းခြည်ထွန်းပ၊ ဒေဝိန္ဒအား၊ ညွတ်ခပြန်ခေါက်၊ သုံးကြိမ်လျှောက်မှ၊ သွားခွင့်ရသော်၊ ကျူးလှကျော်အောင်၊ သုံးထောင်ငါးရာ၊ ရံများစွာတို့၊ မသာရဂလ်၊ ဝေဝှန်ရောင်ညှိ၊ လောဟိတင်္က၊ မနောမြနှင့်၊ ယိုကျလုလု၊ ဝေဠုရိယ၊ စိမ်းမြမျက်ကျော်၊ ဝိရော်စန၊ မုတ္တသန္တာ၊ ဝဇိရာတိ၊ ထိန်ဖြာရွှန်းရွှင်၊ တန်ဆာဆင်လျက်၊ စံတင်ထွတ်ထား၊ ခုနှစ်ပါးတို့၊ ထူးပြားကျူးကျော်၊ ဆင်သည်သော်ကား၊ မူးမော်အံ့ချီး၊ မပြီးနိုင်ရာ၊ တန်ဆာစွဲအင်၊ ကိုယ်လုံးဆင်၍၊ စီရင်ကျူးလွန်၊ အင်းမန္တန်ဖြင့်၊ တက်ပွန်ဥပဒေ၊ စန္ဒီသေသည်၊ ထိန်ဝေပြိုးပြက်၊ ဘယက်ရိုးရဲ၊ ကိုယ်စီဆွဲလျက်၊ ကျူးနွှဲတူရိယာ၊ သာသည်သံညင်း၊ သီကခြင်းနှင့်၊ ဝင်းဝင်းတောက်ပ၊ ပျံလှာကြသည်။ ။   မရာပြိုင်ဘော် တုကျွန်းတည်း ။ စာဆိုရှင

ရိုင်းပျဖူးတဲ့ ရှဉ့်

Image
  ရိုင်းပျဖူးတဲ့ ရှဉ့်             ကျွန်တော် မနှစ်သက်တဲ့ အခြေအနေနှစ်ခု ရှိပါတယ်။ တစ်ခုက မွှေးလွန်းတဲ့ အရာတွေကိုပါ။ ဥပမာ တစ်ယောက်ယောက်က မွှေးလွန်းတဲ့ ရေမွှေးတွေဆွတ်ထားပြီး ကျွန်တော့်အနားမှာ အချိန်ခပ်ကြာကြာ ရှိနေရင် ခေါင်းကိုက်လာတတ်တာပါ။ ကာနေးရှင်း အနံ့ပြင်းပြင်းတွေဆိုလည်း မကြိုက်ပါဘူး။ အမွှေးနံ့ ခပ်ပျော့ပျော့လေးတွေဆို ကြိုက်ပါတယ်။ စံပယ်နံ့တို့ ဘာတို့ပေါ့။ ရေချိုးပြီးစ ကိုယ်တိုက်ဆပ်ပြာနံ့ သင်းသင်းလေး ဆိုလည်း သဘောကျပါတယ်။ ပြောချင်တာက အနံ့ပြင်းလွန်းရင် မကြိုက်တာကိုပါ။

လောကသာရပျို့

Image
လောကသာရပျို့ ၁၁။ လောဘဒေါသ၊ မောဟသူပျက်၊ နေ့တိုင်းဖျက်၍၊ အမျက်သည်းလွန်၊ တဖျင့်သန်လျှင်၊ ပြေးလွန်ဖင်ဖင်၊ အာရုံမြင်က၊ ခင်ခင်မွတ်မွတ်၊ လိုက်လံတတ်သား၊ ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ ထုံ့ပိုင်းမခြာ၊ ယဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍ မှိန်းစေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၀။   ရသေ့မြတ်စွာ ၊ ကျင့်ရာရှောင်ကြောင်း၊ ကောင်းသည့်တရား၊ ဟောပါငြားလည်း၊ နားမတွင်လျှင်း၊ လျင်ပြင်းမကြား၊ ထခဲ့လာသော်၊ သီတာချမ်းကြည်၊ ငါးမည်ကြာမျိုး၊ ရေပေါ်မိုးလျက်၊ ရှိုးရှိုးရှိမ်းလန်း၊ ကန်ကိုဝန်းသည်၊ ပန်းလည်းစုံစီ၊ လှိုင်ညီပျံ့လွင့်၊ ပင်တိုင်းပွင့်၏၊ မတင့်စတောင်း၊ ငှက်အပေါင်းလည်း၊ သောင်းသောင်းတွန်ထူး၊ ဘော်ပြိုင်မြူးလျက်၊ ပျံ့ပျူးနှစ်လို့၊ နတ်တို့ပျော်ရာ၊ သာသည်လွတ်တု၊ ပျော်ဘွယ်စုသည်၊ သီတုဒက၊ မည်ရခေါ်မှတ်၊ ရေကန်မြတ်သို့၊ လှည့်ပတ်သင့်ထွေ၊ ရောက်ပြန်လေ၍၊ သောက်ရေချိုးသုံး၊ ရင့်ဆုံးကြာသီး၊ ဆွတ်စားပြီးမှ၊ လေးကြီးတင်ကာ၊ ချုံလုံရာက၊ လာလာသားမျိုး၊ မြှော်ခိုးငံ့ထွေ၊ စောင့်နေလေ၏၊ တည့်နေယိမ်းကာ၊ ထိုအခါဝယ်၊ ဟေမာဂီရိ၊ အမည်ရှိသည်၊ ထွန်းညိပြောင်ပြောင်၊ ရွှေစင်တောင်ကို၊ ထွတ်ခေါင်ပိုင်စိုး၊ ချုပ်ကိုင်မိုး၍၊ တန်းခိုးရောင်ထိန်၊ ထန်ပြင်းရှိန်သည်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်နှင့်၊ လွန်ချစ်သက်မျှ၊ အတုလဒေဝတာ၊ မည်သာထင်ရှား၊ မိဖုရား၏၊ သည်းကြားဆင့်ကာ၊ ကလျာကောင်းညီ၊ ယဉ်ကုံးသီသည်၊ ဟာရီစိတ္တာ၊ ရာမာကည၊ ရာမ္မပိယာ၊ သူဇာမည်ခေါ်၊ တူဘော်ပေါက်ဘွား၊ ခုနှစ်ပါးတို့၊ ကစားရေမှာ၊ ပျော်မည်လာသည်။ ။   အံ့ရာအထူး အဆန်းတည်း ။ စာ

ဆရာ အကြည်တော်

Image
ဆရာ အကြည်တော် သူငယ်ချင်း ကိုထိန်ပေးဖတ်လို့ ဆရာ့ရဲ့ ဘီလူး စာအုပ်ကို စဖတ်မိခဲ့တယ်။ အသံထွက် ဟာသ စာအုပ်ပါပဲ။ ဖတ်နေရင်းနဲ့ မကြာခဏ အသံထွက်ပြီး ရယ်နေရလို့။ နောက်တော့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်။ ရွှေမိုးသည်း။ စိတ်ထဲ စွဲစွဲထင်ထင်တွေပါပဲ။ (၂၀၁၃)လောက်မှာ ဆရာနဲ့ ဆုံခွင့်ရပြီး စကားပြောဖြစ်တယ်။

ဖိနပ်ခိုးဖူးတဲ့ ရှဉ့်

Image
ဖိနပ်ခိုးဖူးတဲ့ ရှဉ့်             ကျွန်တော် ဖိနပ်ပျောက်ဖူးပါသည်။ (၂၀၀၉/၂၀၁၀) လောက်က ထင်ပါသည်။ ရပ်ကွက်ထဲရှိ အိမ်နားမှ ဘုရားကို ည (၇)နာရီလောက်တွင် အမေနှင့် သွားဖူးသည်။ ဖိနပ်ကို ဘုရားအဝင်မုဒ်ပေါက်နားတွင် ချွတ်ထားခဲ့သည်။ ဘုရားရှိခိုးပြီး၍ ပြန်လာချိန်တွင် ကျွန်တော့်ဖိနပ်မှာ မရှိတော့။ အမေ့ဖိနပ်ကတော့ ထားခဲ့စဉ်က အတိုင်းပင် ရှိနေသည်။ ကျွန်တော့် ဖိနပ်မှာ အသစ်အကောင်းမဟုတ်။ သားရေဖိနပ်အဟောင်းတစ်ရံသာ ဖြစ်သည်။ စီးဖို့ယူသွားတာပဲလေဟု တွေးကာ စိတ်အနှောက်အယှက် မဖြစ်ခံတော့။

ဒီနှစ်တော့ တွေ့ရင် ကောက်ပစ်မှာပဲ

Image
                         ကတောက်...ငါ့မှာ တွေ့ခဲ့ရသားနဲ့၊ နောက်က ပါလာတဲ့ ပေါင်ချိန် (၁၅၀) ကြီးကြောင့် မကောက်ခဲ့ရဘူး ဘာတွေထင်နေကြတာလဲဗျ၊ ကျွန်တော်ပြောတာ ဟိုးနောက်က ပလတ်စတစ်ခုံလေး ပံ့သကူပစ်ထားတာ မကောက်ခဲ့ရလို့ဟာကို ဒါက မနှစ်တုန်းကမို့။ ဒီနှစ်တော့ တွေ့တာနဲ့ ဟမ်း

တန်ဆောင်မုန်းလဘွဲ့

Image
တန်ဆောင်မုန်းလဘွဲ့ ငွေစန်းရယ်တဲ့ ပုဏ္ဏမီ ရွှေကျီးညို တာရာနှင့် ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ် ချမ်းစရာသီ။

လောကသာရပျို့

Image
လောကသာရပျို့ ၁၀။ အနိစ္စနှင့်၊ ဒုက္ခအနတ္တား၊ သုံးပါးလက္ခဏာ၊ မချာအောက်မေ့၊ တစေ့စေ့လျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ချုပ်ကြိမ်ဖန်၊ စက်အဟန်သို့၊ ဖန်တလဲလဲ၊ ဝဋ်ဆင်းရဲကို၊ ဝမ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရိုးရေသည်းတွင်း ကျိန်းစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

ဆရာစံသို့

Image
ဆရာစံသို့           စံ-ဇာနည်ဘို လူလည်လုပ်ခြင်းလို့ ခေါင်းစဉ်တပ်မကောင်းလို့ ဆရာစံသို့လို့ ခေါင်းစဉ်တပ်လိုက်တယ်။ သူ့အဟောလေးတွေ သဘောကျလို့ ၁၂ရာသီဟောကိန်း စာအုပ်လေးတွေကို ၂၀၀၇ လောက်ကတည်းက ဝယ်ဖတ်ဖြစ်တယ်။ ၂၀၁၂ လောက်ပဲ မဝယ်ဖြစ်တာ ထင်ပါတယ်။ တချို့နှစ်ဆို မဒီစံ ဝယ်ပေးတာရော၊ ကိုယ့်ဘာသာ ဝယ်ဖြစ်တာရော နှစ်အုပ်ဖြစ်သွားတတ်သေးတယ်။

သူဇာပျို့

Image
သူဇာပျို့ ၉။   ဂုဏ်ယုံပုဏ္ဏား ၊ ကန်ကမ်းဖျားထက်၊ ရွှင်အားဝမ်းသာ၊ ရိပ်မိကာနှိုက်၊ မည်သာကက္ခ၊ လိစ္ဆတွင်ပြီး၊ မူဆိုးကြီးလည်း၊ ကျော်ချီးလွတ်တု၊ သတ္တိရုဇေယျ၊ ရသည်မည်သာ၊ လေးကြီးစွာနှင့်၊ မကြာရွတ်ရွတ်၊ ပစ်သတ်တည့်လေ၊ ပုဏ္ဏားသေသော်၊ ဘုံရွှေသခင်၊ ရေနတ်ရှင်လည်း၊ သာရွှင်စိတ်ဝမ်း၊ လွန်ငြိမ်းချမ်း၍၊ ချစ်ကျွမ်းမြတ်နိုး၊ ဆွေမူဆိုးအား၊ နဂါးပြည်ရွာ၊ ဆောင်လေပါ၍၊ ဒိဗ္ဗာဟာရ၊ ပါဝါရက၊ စသည်ကုန်အောင်၊ နတ်သုံးဆောင်ဖြင့်၊ ဝန်းမြှောင်ဖြေဖျော်၊ လုပ်ကျွေးသော်လည်း၊ မပျော်လှည့်လို၊ သွားမည်ဆိုသော်၊ မြဲးသိုထုပ်ပိုး၊ အဘိုးထိုက်စွာ၊ ရတနာတိ၊ များစွာရွှေငွေ၊ ပေးလိုက်ပေပြီး၊ မှုကြီးကိစ္စ၊ ခဲအင်လှသော်၊ အဘငါ့မှာ၊ ဆိုလှည့်ပါဟု၊ သယာယံခြေ၊ မှာပေပြီးမှ၊ ပို့လိုက်ကြ၏၊ ကက္ခလိစ္ဆ၊ နေသာဒလည်း၊ ရွှင်ပျနေနား၊ သားမယားနှင့်၊ ပျော်ပါးပြီးလျှင်၊ လေးမြားပြင်လျက်၊ တောခွင်လည်၍၊ သက်မွေးလေ့ဖြင့်၊ ပျာမွေ့သားငါး၊ ရှာလေသွားသော်၊ စုံပြားမြိုင်သာ၊ ဟိမဝါဝယ်၊ သုဒ္ဓါစာရ၊ တွင်မည်ရသည်၊ သီလချမ်းမြေ့၊ ရသေ့သင်ခမ်း၊ ကျောင်းသားဝှမ်းကို၊ ကြောင်းလမ်းသင့်ထွေ၊ ရောက်ကြိုက်လေ၏၊ တွေ့ချေသို့လျှင်၊ ကျောင်းသို့ဝင်၍၊ ပန်းပင်ဖြေဖြေး၊ တန့်နားနေသည်။ ။   သောက်ရမြိန်ရှက် နိုး၏