သူဇာပျို့
၁၂။ တုကျွန်းစံတည်၊ နေရောင်ခြည်ကို၊ လွင့်ဖည်နှိပ်စက်၊
ပယ်ဘိဖျက်သို့၊ ပြိုးပြက်ထိန်ပြောင်၊ တန်ဆာရောင်နှင့်၊ ကိုယ်ရောင်ဝင်းဝါ၊
လင်းလက်ဖြာလျက်၊ တာရာပထ၊ ပျံခဲ့ကြသော်၊ ကာမတလွှား၊ ပြည်ပြည်သားတို့၊
လာသွားကြိမ်တွေ့၊ မြင်သရွေ့ပင်၊ ခွေ့ခွေ့မောရှိုက်၊ မှိုင်းမိုက်မူးဝေ၊ ရှိကြချေ၏၊
ကြက်သရေယဉ်နု၊ နတ်တစုတို့၊ သီတုဒက၊ သို့ရောက်ကြ၍၊ ဖျဖျသာရွှင်၊ ရေစင်ဆွတ်ဖျန်း၊
ပန်းလည်းထိပ်ပြင်၊ ရွေးယူဆင်လျက်၊ သဘင်စံညီး၊ ရောင့်ရဲပြီးသော်၊ ထံနီးညွတ်ခ၊
ချီထိန်းယတို့၊ ကာလချိန်သင့်၊ လျှောက်သဖြင့်လျှင်၊ ထက်မြင့်ကောင်းကင်၊
ပျံလေကျင်သော်၊ ရှုမြင်လေငြား၊ မုဆိုးသားကား၊ ချုံကြားမှာက၊ ပြင်းရာဂဖြင့်၊ မရသတိ၊
မျက်စိဆောက်၍၊ သွားပါးစေ့မျှ၊ ခွေ့ခွေ့မြှော်ရှာ၊ မနည်းကြာမှ၊ သက်သာရစ၊ အနိုင်ထ၍၊
သီလပျံ့လှောင်း၊ ရသေ့ကျောင်းသို့၊ လျင်ကြောင်းရည်ထင်၊ သွားလေဝင်မှ၊ ဦးတင်ရှိရည်၊
လျှောက်စသည်ကား၊ ငါ့ထိပ်ထား...၊ မြတ်ဖျားနေပျော်၊ သည်ကျောင်းတော်မှ၊
ယမ်းယော်တာဆန့်၊ ငါးရာခန့်တွင်၊ ကြည်သန့်သီတာ၊ ရေကန်မှာသို့၊ ကြမ္မာကံလျောက်၊
ကျွန်ုပ်ရောက်သည်။ ။ သေပျောက်ချေထု ဘနန်းတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment