လောကသာရပျို့
လောကသာရပျို့
၁၀။ အနိစ္စနှင့်၊ ဒုက္ခအနတ္တား၊ သုံးပါးလက္ခဏာ၊ မချာအောက်မေ့၊
တစေ့စေ့လျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ချုပ်ကြိမ်ဖန်၊
စက်အဟန်သို့၊ ဖန်တလဲလဲ၊ ဝဋ်ဆင်းရဲကို၊ ဝမ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရိုးရေသည်းတွင်း
ကျိန်းစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment