တန်ဆောင်မုန်းလဘွဲ့

တန်ဆောင်မုန်းလဘွဲ့

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ
ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်
ချမ်းစရာသီ။
လှူကထိန် ခါတော်ပွဲငယ်နှင့်
ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူးရှင်း။
လတန်ဆောင်မှာ
ကြွပြောင်ပြောင် အသရေတင့်ပါဘိ
ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်
ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။
ကဗျာအမျိုးအစား - လေးချိုး
စာဆိုရှင်အမည် - ဦးပြုံးချို
ခေတ် - ကိုလိုနီခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း