လောကသာရပျို့
လောကသာရပျို့
၁၂။ လယ်လုပ်ကုန်သွယ်၊ ရောင်းဝယ်မြီချ၊ တွက်ဆစိတ်ပြား၊ အပါးပါးလျှင်၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထမ်းပိုးနှစ်လီ၊ ချသည်မပြတ်၊ အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ဝမ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သက်မွေးပြင်းလျက်၊ များခြင်းစုံစီ၊ ဖန်တီးဝယ်ရောင်း၊ ထပ်ကာလောင်းလျက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွေမှီတင်း ကြွယ်စေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment