Posts

Showing posts from September, 2018

ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား

Image
ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား ရသစာတမ်း           မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတစ်ချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။ ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ မျက်လုံးများစွာကို စူးစမ်းပြီးသည့်နောက်မှာတော့ သိလာသော အရာတစ်ခုရှိသည်။ အလှတရား   ဖြစ်သည်။ မျက်လုံးသည် စိတ်၏ပြူတင်းပေါက် ဆိုသော်ငြား ပြူတင်းပေါက်မှ မြင်ရသည့်စိတ်ကို ဝိုးတဝါး မြင်မိယုံမှအပ ကောင်းစွာအကဲမခတ်တတ်ခဲ့ သည်မှာ သေချာသည်။ ရိုးသားစွာဝန်ခံရလျှင် လူကဲခတ်သည့် နေရာတွင်ကျွန်တော် အတော်လေးကို ညံ့ပါသည်။ သူငယ်ချင်းတစ်ယောက် အစဆွဲထုတ်လာသည်နှင့် မျက်လှည့်ဆရာရှေ့ရောက်နေသည့် ဆယ်နှစ်သားလေးလို အံ့သြဘနန်းနှင့် သူ့နှပ်ကြောင်းအတိုင်း လိုက်ခဲ့မိသည်။ အဆုံးသတ်ရောက်မှ ကိုယ့်နှဖူး တူနှင့်နှက်နေမှန်း သိလိုက်ရသည်။ တစ်ခါတစ်ရံတော့ ဂျိုကိုင်၍ ဝပ်ထရိန်း တိုင်ပေးနေမှန်းပင် မသိလောက်အောင်း တုံးပါသည်။ ဆိုလိုသည်က အရိပ်အက