Posts

Showing posts from July, 2019

ညနေကြယ်လေးရေ

Image
ညနေကြယ်လေးရေ ဒီနေ့ နင့်ကို ပိုသတိရတယ် ညနေကြယ်လေးရေ။ တည်ငြိမ်ချင်ယောင်ဆောင်ထားတဲ့ ရေပြင်ဟာ လေပြေလေးသွေးရုံနဲ့ လှုပ်ခတ်လာသလို၊ ကျက်ချင်ယောင်ဆောင်ထားတဲ့ ဒဏ်ရာကလည်း ...။ အချိန်ဆိုတဲ့ သမားတော် လက်လျော့ထားတဲ့ လူနာထဲမှာ ငါလည်းပါတယ်။ ဘာပဲပြောပြော ငါဟာ လူသားတစ်ယောက်မို့ နာကျင်တတ်တယ်၊ ၀မ်းနည်းတတ်တယ်၊ သတိရတတ်တယ်၊ လွမ်းဆွေးတတ်တယ်၊ မှားယွင်းတတ်တယ်။ အပြင်ကမ္ဘာ နင်မရှိတော့ပေမယ့် ဒီရင်မှာတော့ နင်ရှိတုန်းပဲ။ အပြင်ကမ္ဘာမှာ သေဆုံးသွားတဲ့နင်က ဒီရင်မှာတော့ ရှင်သန်ဆဲပဲ။ လေတိုက်တိုင်း ယိမ်းထိုးတတ်တဲ့ ၀ါးရုံတောလမ်းမမှာ ငါတစ်ယောက်ထဲ ဆက်လျှောက်မယ်။ အဲဒီလိုနဲ့ နေ၀င်ချိန်ကျော်သွားရင် ညနေကြယ်လေးရေ ကောင်းကင်ထက်မှာ နင့်ကိုငါ ခေတ္တခဏတော့ ဆုံခွင့်ရဦးမှာ မဟုတ်လား...။ ရှဥ့်ညိုလေး ၃၁.၇.၂၀၁၅ နံနက် ၄း၄၅ မိနစ်

ညီအစ်ကို

Image
ညီအစ်ကို ညီဆိုတဲ့ စကားလုံးဟာ ရှေ့မှာ အစ်ကိုရဲ့ ပစားပေးမှုကြောင့်...

အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီ

Image
အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီ            ကမ္ဘာကြီးမှာ ငါ ဗဟိုပြုမှုစစ်စစ်ရှားပါးနေတယ်။ ငါ့အတွက်ဆိုပြီး မှန်ကန်တဲ့ရွေးချယ်မှု၊ ပေးဆပ်မှုတွေ မလုပ်နိုင်ကြသေးဘူး။ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့အိမ်၊ ငါ့လမ်း၊ ငါ့ရပ်ကွက်၊ ငါ့မြို့၊ ငါ့ရွာ၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး စတာတွေအတွက်ပဲ လုပ်ဖြစ်နေကြတာ များတယ်။

မနေ့ကအတွက် ရေးတဲ့စာ

Image
မနေ့ကအတွက် ရေးတဲ့စာ           ဒီစာဟာ မနေ့ကအတွက် ရေးတဲ့စာဖြစ်တယ်။ မနေ့ကဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် မနေ့ကအလုပ်တွေကတော့ ရှိနေဆဲပဲလေ။

စကားပြောခြင်း

Image
စကားပြောခြင်း စကားပြောမည်ဆိုလျှင် အနည်းဆုံး နားထောင်ပေးမည့်သူ တစ်ဦးတစ်ယောက် ရှိနေဖို့ လိုပါသည်။           တချို့တွေအတွက် ပြောစရာစကားတွေက များပြားသည်။ တချို့တချို့တွေအတွက်တော့ ရှားပါးသည်။

ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို ရှာတွေ့ပြီ

Image
ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို ရှာတွေ့ပြီ ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို ရှာတွေ့ပြီဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။ တွေ့ရှိသူမှာ သာမန်အရပ်သားတစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းအရပ်သားမှ ဦးဆောင်ဆယ်ယူကြောင်းကို ကျွန်တော်တို့၏ နယ်လှည့်သတင်းထောက်မှ ပေးပို့သည့် သတင်းအရ သိရသည်။

မခွဲမခွာ

Image
အသက်(၄၀)နားနီးတဲ့အထိ မိဘနဲ့ မခွဲမခွာနေရတာ ကံကောင်းခြင်းတစ်ရပ်ပါ။ ကိုယ့်မိဘက ကိုယ့်ကိုချစ်တာလည်း ကြွားချင်စရာကောင်းပါတယ်။ မိဘနဲ့ ခွဲနေရတာကို ငယ်ကတည်းက မနှစ်သက်လို့ နွေကျောင်းပိတ်ရက် ပြင်ဦးလွင် တစ်လလောက်သွားနေရတဲ့အခါ ရောက်စမှာ ပျော်ပြီး လေးရက်လောက်နေရင် အိမ်ကိုလွမ်းပါတယ်။

ဒီနေ့မှာ...

Image
ဒီနေ့မှာ... ကောင်မလေးရေ နင်ရော ဆယ်ဖီဆွဲဖြစ်လား ဟိုဒီသွားဖြစ်လား ဘာညာသာရကာ လုပ်ဖြစ်လား မထူးဆန်းတဲ့ အစားအစာတွေကို ထူးထူးဆန်းဆန်း စားဖြစ်လား