ညနေကြယ်လေးရေ

ညနေကြယ်လေးရေ

ဒီနေ့ နင့်ကို ပိုသတိရတယ် ညနေကြယ်လေးရေ။ တည်ငြိမ်ချင်ယောင်ဆောင်ထားတဲ့ ရေပြင်ဟာ လေပြေလေးသွေးရုံနဲ့ လှုပ်ခတ်လာသလို၊ ကျက်ချင်ယောင်ဆောင်ထားတဲ့ ဒဏ်ရာကလည်း ...။ အချိန်ဆိုတဲ့ သမားတော် လက်လျော့ထားတဲ့ လူနာထဲမှာ ငါလည်းပါတယ်။ ဘာပဲပြောပြော ငါဟာ လူသားတစ်ယောက်မို့ နာကျင်တတ်တယ်၊ ၀မ်းနည်းတတ်တယ်၊ သတိရတတ်တယ်၊ လွမ်းဆွေးတတ်တယ်၊ မှားယွင်းတတ်တယ်။ အပြင်ကမ္ဘာ နင်မရှိတော့ပေမယ့် ဒီရင်မှာတော့ နင်ရှိတုန်းပဲ။ အပြင်ကမ္ဘာမှာ သေဆုံးသွားတဲ့နင်က ဒီရင်မှာတော့ ရှင်သန်ဆဲပဲ။ လေတိုက်တိုင်း ယိမ်းထိုးတတ်တဲ့ ၀ါးရုံတောလမ်းမမှာ ငါတစ်ယောက်ထဲ ဆက်လျှောက်မယ်။ အဲဒီလိုနဲ့ နေ၀င်ချိန်ကျော်သွားရင် ညနေကြယ်လေးရေ ကောင်းကင်ထက်မှာ နင့်ကိုငါ ခေတ္တခဏတော့ ဆုံခွင့်ရဦးမှာ မဟုတ်လား...။

ရှဥ့်ညိုလေး
၃၁.၇.၂၀၁၅ နံနက် ၄း၄၅ မိနစ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း