Posts

Showing posts from April, 2018

ဆဌဂံ အိပ်မက်အကြောင်း

Image
ဆဌဂံ အိပ်မက်အကြောင်း           ဆဌဂံအိပ်မက်ဆိုသည်နှင့် ဝတ္ထု(၆)ပုဒ်၊ သို့မဟုတ် စာရေးဆရာ(၆)ဦး စသည်ဖြင့် ရိပ်မိသိရှိပြီး ဖြစ်ပေလိမ့်မည်။ မှန်ပါသည်။ စာရေးသူ(၆)ဦး၏ ဝတ္ထုတိုလေးများကို စုစည်းထားခြင်းသာ ဖြစ်သည်။ ပါဝင်သည့် စာရေးသူ(၆)ဦးမှာ ရွှေရည်စိုး၊ ဌေးပုလဲ၊ တင်တော်၊ ဗိုလ်(မြန်မာစာ)၊ ရှဥ့်ညိုလေးနှင့် သိုက်စိုးထွန်း(နတ်ရွာ)တို့ ဖြစ်သည်။ တစ်ဦးလျှင် သုံးပုဒ်နှုန်းဖြင့် ဝတ္ထုတို(၁၈)ပုဒ်ပါပါသည်။ ဝတ္ထုတိုအားလုံးနီးပါးမှာ မဂ္ဂဇင်းစာမျက်နှာများ၊ ဂျာနယ်များတွင် ပုံနှိပ်ဖော်ပြပြီးသည့် စာမူများ ဖြစ်သည်။ ထို့ကြောင့် တချို့ဝတ္ထုတိုများကို စာဖတ်သူတို့ ဖတ်ပြီးသား ဖြစ်နေနိုင်သည်။ ပါဝင်သည့် ဝတ္ထုတိုများမှာ…

အတ္တ

Image
 အတ္တ           ကျွန်တော့်မှာ သားနှစ်ယောက်ရှိပါတယ်။ သားကြီးနာမည်က ကောင်းဇေယျာလင်းဖြစ်ပြီး သားငယ်နာမည်က ကောင်းသုတပါ။ ဖခင်တစ်ယောက်အနေနဲ့ သားတွေကို မျှော်လင့်ထားတာ၊ ဖြစ်စေချင်တာတွေ ရှိပါတယ်။ စိတ်နေစိတ်ထားတွေ၊ သဘောထားခံယူချက်တွေက အရေးကြီးမှန်းသိပါတယ်။ ဒါပေမယ့် ဥပတိရုပ်နဲ့ပတ်သက်ပြီး၊ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်စေချင်တာလေးတွေ ပြောပြချင်ပါတယ်။ ဒါဟာ ကျွန်တော့်ပေ့ခ်ျမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရင်းရင်းနှီးနှီး ရင်ဖွင့်တယ်လို့ပဲ သိထားစေ ချင်ပါတယ်။ (လူတွေဟာ ကိုယ့်ရဲ့အားသာချက်၊ လှပတဲ့ မျက်နှာကိုပဲ ထုတ်ပြတတ်ပေမယ့် ကျွန်တော်ကတော့ အားနည်းချက်၊ စိတ်ခံစားချက်အရ ကျွန်တော်မနှစ်သက်တာကိုလည်း ထုတ်ဖော်ပြောပြဖို့ ဝန်မလေးတတ်သူပါ။ ငတုံးလို့သတ်မှတ်ရင်လည်း ဒါဟာ ခင်ဗျားသဘောပါ)

ဒီမှာ လူငယ်

Image
ဒီမှာ လူငယ် ဒီမှာ လူငယ် မင်းမွေးတာ ရွှာငယ် ၊ နေရပ်ဟာ ဇနပုဒ်မှာမို့ မျက်နှာငယ် သတဲ့လား ... မင်းလို ဇနပုဒ်မှာ မွေးခဲ့တဲ့   ဦးသန့် ဆိုသူဟာတော့ဖြင့် ကမ္ထာ့ ကုလသမဂ္ဂမှာ အတွင်းရေးမှူးအထိ ဖြစ်သွားဖူးသကွဲ့ ... “ ကိုယ့်တာဝန် ကိုယ်ယူလိုက်စမ်းပါ ”

ခင်မြဇင်

Image
ခင်မြဇင်           မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ အဖ ဦးမြခင်၊ အမိ ဒေါ်လေးသောင်းတို့က ၁၉၅၆ ခု၊ မေလ (၂)ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဒေါ်ဌေးဌေးမြင့်ဖြစ်၍ မွေးချင်း ခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။

မိချမ်းဝေ

Image
မိချမ်းဝေ အမည်ရင်း= ဒေါ်ရီရီထွန်း မွေးဖွားရာဇာတိ= အဘဦးထွန်းခင်(ဗမာ)+အမိဒေါ်သန်းစိန်(မွန်)တို့မှ မွန်ပြည်နယ်၊ သထုံမြို့၌ (၁၉၅၃)ခုနှစ်၊ အောက်တိုဘာ (၂၄)ရက်နေ့တွင် မွေးဖွားခဲ့သည်။