Posts

Showing posts from April, 2016

ဘာပျောက်တာလဲ...

Image
ဘာပျောက်တာလဲ...      ရဲဌာနအတွင်းကို လူတဦး ရေးကြီးသုတ်ပြာ ၀င်လာပါတယ်။ စိုးရိမ်ပူပန်စိတ် အထင်းသားနဲ့ ထိုသူဟာ စုံစမ်းရေး ကောင်တာကို သွားပြီး လူပျောက်အမှု တိုင်ချင်တယ် ပြောတယ်။      “ကျွန်တော့ မိန်းမ ပျောက်နေတာ တရက် ကျော်သွားပြီ။”      ရဲစာရေးက လူပျောက်အမှု လက်ခံမယ့် ရဲကြပ်ကြီးထံ လွှဲလိုက်ပါတယ်။ ရဲကြပ်ကြီးက ဘောပဲန်ကို ဖွင့်၊ ရေးဘို့ အသင့် ပြင်ပြီး  မေးခွန်းများကို တခွန်းချင်း ပြတ်သားစွာ မေး၊ အဖြေ တွေကို လိုက်ရေးလိုက်တယ်။

ခြောက်လမ်းသွား

Image
ခြောက်လမ်းသွား ဖြောင့်မရတော့ လမ်းတိုလေးလည်း ကောက်ပါတယ် ပေါင်းမရတော့ လမ်းဆိုေ တွ့လဲ ခေါက်ပါတယ် ။ ရှေ့မှာ မကောက်ရဲတဲ့လူတွေ နောက်မှာပဲ ကောက်ကြတယ် ရှေ့မှာ ကောက်ရဲတယ်ဆိုပြီး ကောက်လိုက်ကြတော့ လူတွေအားလုံး ခြောက်သွားတယ်။ ခြောက်တဲ့သူ က ပြောတယ် ငါတို့အားလုံး မကြောက်ဘူး ဒါပေမယ့် အားလုံးဟာ ဂန်ဒူးလေတဲ့ ပြီးတော့ သူ့ ဗလကြီး တောင့်ပြတယ် ကိုယ်ပြောလိုက်တယ် အားပါး နည်းတဲ့ အခြောက်ကြီး မဟုတ်ဘူး အဲဒီလိုနဲ့ ဖြူးဖြောင့်နေတဲ့ ဟိုက်ဝေးလမ်းတလျှောက် ဖြောင့်မရတဲ့ လမ်းကောက်တွေကို ကြုံဖူးတယ်။ ။ http:shintnyolay.weebly.com (၃၀.၄.၂၀၁၆ နံနက် ၁း၁၉မိနစ်တွင် ခြောက်လမ်းသွား ဖောက်ခဲ့ကြောင်း)

ဘဝသင်ခန်းစာ(၂၅)

Image
ဘဝသင်ခန်းစာ(၂၅) ဆရာဝန်။ ။အင်း....ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ လူနာ ။ ။သေချာရဲ့လားဆရာရယ် ဟိုတလောက ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို နမိုးနီးယားဆိုပြီး ဟိုဘက်ခန်းက ဆရာဝန်ကုလိုက်တာ အဲဒီလူနာကသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ ဆရာဝန်။ ။အင်း... ဒါတော့မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်ကပိုပြီးသေချာတဲ့လူပါ ကျုပ်ကသာ နမိုးနီးယားလို့ဆုံးဖြတ်ထားရင် အဲ့ဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ ဒါတော့စိတ်ချကိုယ်လူ  မူရင်းရေးသူအား Credit: (PS: တချို့တွေက မလိုအပ်တဲ့နေရာမှာ သိပ်သေချာတတ်တယ်...)

မလုံသည့်အိုးလေးများ

Image
မလုံသည့်အိုးလေးများ           စိမ့်ခနဲ ခံစားလိုက်ရသည့်အအေးဓာတ်ကြောင့် ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်သွားသည်။ နောက် သူ ရုတ်တရက်ပင် နိုးလာသည်။ ချွေးတွေ၊ ချွေးတွေ။ နွေနေ့လယ်ခင်းမှာ နိုးထလာသည့် သူ့တစ်ကိုယ်လုံး ချွေးတို့က ရွှဲရွှဲစိုနေသည်။ နဖူး၊ လည်ပင်း၊ ရင်ဘတ်နှင့် လက်ကတီးကြားတို့တွင် စီးကျလာသည့် ချွေးတို့ ကြောင့် စွပ်ကျယ်တစ်ခုလုံး စိုစိုစွတ်စွတ်။           မျက်လုံးမဖွင့်သေးဘဲ နံဘေးသို့ အသာစမ်းကြည့်လိုက်သည်။ အပူရှိန်ဟပ်နေသည့် သင်ဖြူးဖျာ၏ နေရာလွတ်ကို သူစမ်းမိလိုက်သည်။ “ စံ ” ဘယ်အချိန်က ထသွားလိုက်ပါလိမ့်။           အိမ်ရှေ့ဝရန်တာဘက်ဆီမှ ယပ်တောင် တဖြတ်ဖြတ်ခတ်သံကြားရသည်။ အညာနွေသည် ကိုယ်ဝန်ဆောင် မိခင်လောင်းအတွက် မိတ်ဆွေကောင်းမဟုတ်သည်မှာ သေချာပြီ။ သူတံတွေး တစ်ချက် မျိုလိုက်သည်။ နောက် လေပူတွေကို မှုတ်ထုတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။ လေပူတွေက နှာသီးဖျားမှတစ်ဆင့် ပူစပ်ပူလောင်နိုင်စွာ တိုးဝင်လာသည်။ သည်နေ့ကျမှ လေကလည်း ငြိမ်လွန်းလှသည်။

ကျွန်တော်နှင့် ရူးသွပ်ခြင်းအနုပညာသည်များ

Image
ကျွန်တော်နှင့် ရူးသွပ်ခြင်းအနုပညာသည်များ         ခုတလော ကျွန်တော်စဉ်းစားမိနေသည်ကအရူးအကြောင်းဖြစ်သည်။ ပညာရှင်များဖွင့်ဆိုထားသည့် အရူးဆိုသည်ကား … ဆိုသောအဓိပ္ပါယ်ထက် ပို၍သိလိုခြင်းဖြစ်သည်။ လူတချို့၏ “ ရူးချင်တယ်၊ ရူးချင်တယ်” ဆိုသောညည်းသံတချို့ကိုမကြာခဏ ကြားမိလာရချိန်တွင် အရူးအကြောင်းကိုပို၍ စိတ်ဝင်စားလာမိခြင်း ဖြစ်သည်။           အရူးမှာကောင်းကွက်တစ်ခုခုရှိ၍သာရူးချင်ကြခြင်းဖြစ်မည်။ ထိုကောင်းကွက်ကို ကျွန်တော်ဖော်ထုတ်ချင်သည်။ သို့မဟုတ် ခံစားကြည့်ချင်သည်။           “ တောက် သေချင်ပြီထင်တယ်၊ မူးမူးရူးရူးနဲ့ …”

ကျွန်တော်ချစ်တဲ့ မြို့ကလေး

Image
ကျွန်တော်ချစ်တဲ့ မြို့ကလေး ဒီမြို့လေးက ကျွန်တော့်မြို့လေး ဖြစ်တယ်။ ဒီမြို့လေးမှာ ကျွန်တော်မွေးဖွားတယ်။ မိုင်တိုင်(၃၅)ထိတိုင် ကျွန်တော် နေထိုင်ခဲ့တဲ့မြို့လေးပေါ့။ ဟိုး ခပ်ငယ်ငယ် ကလေးဘ၀က (၃)နှစ်နီးပါး မြို့လေးရင်ခွင်နဲ့ ဝေးခဲ့ရချိန်ကတော့ ချွင်းချက်ပေါ့။ ဒီမြို့ကလေးဟာ ကျွန်တော့်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေအစစ်ပါ။ ဒီမြို့မှာ မွေးတယ်။ ဒီမြို့ရဲ့ ကျောင်းမှာနေတယ်။ ဒီမြို့ရဲ့ စာကိုအံတယ်။ ဒီကျောင်းကထွက်လို့ ဒီမြို့ရဲ့ တက္ကသိုလ်မှာပဲ ပညာဆက်ဆည်းပူး တယ်။ အချိန်တန်ပြီလို့ နှလုံးသားက ပူဆာတော့ ဒီမြို့ရဲ့ သမီးပျိုနဲ့ပဲ ဂဟေဆက်ခဲ့တယ်။ အဲဒီလိုနဲ့ ခုဆိုရင် ဒီမြို့သားလေး နှစ်ဦးတောင် တိုးလို့။

ကျွန်တော်နှင့် ဒါရိုက်တာယင်

Image
                    သင်္ကြန်ပြီးနောက် နှစ်ရက်မြောက်သောနေ့သည် ကျွန်တော့်အတွက်တော့ သာမန် သမားရိုးကျနေ့ တစ်နေ့သာဖြစ် သည်။ သမားရိုးကျနေ့ကိုသမားရိုးကျဆန်စွာ ကျွန်တော်ဖြတ်သန်းလိုက်သည်။           ညဆယ်နာရီထိုးကာနီးအချိန်မှာတော့ ညစာရင်းစစ်မှူးအဖြစ် တာဝန်ထမ်းဆောင်ရာပုဂ္ဂလိကဟိုတယ်တစ်ခု၏ ဂိတ်ဝကိုဖြတ်ကာဝင်လာခဲ့လိုက်သည်။ နေ့ခင်းပိုင်းတွင် နေပူပြင်းခဲ့သော်လည်းယခုအချိန်မှာတော့ လေအေးများတိုက်နေ၍ နေသာထိုင်သာရှိသည်။ အင်းတစ်ဝက်ကိုမြေဖို့ကာဆောက်ထားသည့် ဟိုတယ်ကြီးဖြစ်သည်။ ထို့ကြောင့် အင်းရေပြင်ကို ဖြတ်ကာ တိုက်ခတ်လာ သည့် လေတို့သည် ပို၍ အေးမြနေသယောင် ထင်ရသည်။

မင်္ဂလာပါ သူငယ်ချင်းတို့...

Image
မင်္ဂလာပါ သူငယ်ချင်းတို့... နှစ်သစ်ဟာ ကျွန်တော့်ကို အပျော်တွေ၊ ရီစရာကောင်းတာတွေနဲ့ကြိုတယ်။ အဲဒါကြောင့် ဒီနှစ်တစ်နှစ်လုံး ပျော်စရာပို့စ်လေးတွေပဲတင်မယ်။ ရီစရာကောင်းတယ်လို့ ထင်တာလေးတွေပေါ့။ ပထမဆုံးပြောပြချင်တာတော့ ဒီနှစ်သင်္ကြန်မှာ ကျွန်တော် ရေမစိုဘူး။ Duty က Night Shift ဆိုတော့ မနက်(၇း၀၀)နာရီ Duty Out ပေမယ့် (၇း၃၀)(၈း၀၀)နာရီမှ အိမ်ပြန်ရတယ်။ အလုပ်ကနေ ဗိုလ်ချုပ်လမ်းမတလျောက်၊ နောက် သာစည်လမ်းမတလျောက်၊ နောက်ပြီး ရပ်ကွက်ဘုန်းကြီးကျောင်းထဲကဖြတ်ပြီး လမ်းသွယ်ထဲမှာရှိတဲ့ အိမ်ကိုရောက်တယ်။

ဘဝသင်ခန်းစာ(၂၄)

Image
ဘဝသင်ခန်းစာ(၂၄)                  ဇနီးသည်အတွက် လက်ဆောင်ဝယ်ပေးရန် ကိုစိုးထက် (Souvenir)ဆိုင်အတွင်း ၀င်လာသည် ။ လိုက်ကြည့်သည်..ဘာကိုဝယ်ရမည်နည်းဆိုသည်ကို မည်သို့ မှ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည် ။ နောက်ဆုံး တွင် အရောင်းစာရေးမကို အကူအညီ တောင်းသည် ။ " ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါဗျာ....တကယ်လို့ ..ခင်ဗျားသာ ကျွန်တော့် မိန်းမ ဖြစ်မယ်ဆိုရင် ခင်ဗျား ဘာကို ယူမလဲဗျ " " နောက်ယောက်ျား ..." (PS: အခြေနေမှန်ကို သုံးသပ်တတ်ပါစေ)

ဘဝသင်ခန်းစာ(၂၃)

Image
ဘဝသင်ခန်းစာ(၂၃)               လူတစ်ယောက် လမ်းဘေးထမင်းဆိုင်တွင် ဝင်စားရာ ဆိုင်နားတွင်ဝပ်နေသည့် ခွေးတစ်ကောင်မှ သူ့ကို ကြည့်ပြီး စူးစူးဝါးဝါးကြည့်ပြီး ဟောင်နေသည်။ ထမင်းဆက်စား၍ မရလောက်အောင် ဆူညံလွန်းသဖြင့် ... " ဟေ့ကောင်လေး ကြည့်လုပ်ဦးဟ၊ အဲဒီခွေး ဟောင်နေတာ မျိုလို့ကို မကျတာ့ဘူး" " ဟောင်မှာပေါ့ ဦးလေးရ၊ ဦးလေးစားနေတာ သူ့စားခွက်ကိုး..." မူရင်းရေးသားသူအား Credit: (PS: အသံထွက်တိုင်း ရန်မလုပ်နဲ့ ။ကိုယ်စားနေတာ ဘယ်သူ့ပန်းကန်ဆိုတာ ခွဲခွဲခြားခြား သိပါစေ...)

ကျွန်တော့်ဖြစ်တည်မှုကို ကျေနပ်တယ်

Image
ကျွန်တော့်ဖြစ်တည်မှုကိုေ ကျ နပ်တယ် ယနေ့တွင် ကျွန်တော်  ကြည်နူးနှစ်သက်ဖွယ်ကောင်းသည့် မြင်ကွင်းလေးတစ်ခုကို တွေ့ခဲ့ရ သည်။   ရာထူးအရှိန်အဝါကြီးမားသည့် အသိုင်းအဝိုင်းရှိ သမီးတစ်ယောက်၏ဝင်ဆံ့နိုင်မှုနှင့် အရေးပါမှုကို တွေ့ မြင်ခွင့်ရသည့် ဖခင်တစ်ယောက်ရဲ့ပီတိမျက်ဝန်းတစ်စုံကို ဘေးမှာရှိနေသည့် တစ်ဦးတစ်ယောက်အနေနှင့် သိမြင်နေရသောကြောင့် ဖြစ်သည်။ တချို့တွေအတွက် ရာထူးအရှိန်အဝါဆိုသည်က မရှိမဖြစ်လိုအပ်သည်။ တချို့တွေကတော့ ရာထူးဆိုတာ ရူးတာပါကွာဟူ၍ မကြာခဏ မှတ်ချက်ပြုတတ်ကြသည်။ တချို့တချို့တွေက တော့ ဆရာဝန်မဖြစ်လျှင် ဆရာဝန်ကတော်တော့ ဖြစ်ရမည်ဆိုတာမျိုးဖြစ်သည်။ မပြည့်သည့် အိုးကလေးများ ကို ဖြည့်ရင်းသွားခဲ့ရသည့် ခရီးတွေသည်ပင် မိုင်အတော်များများရောက် ခဲ့ပြီဖြစ်ကြောင်း   နောက်ကြောင်း လည်ပြန်ကြည့်မှ သိခဲ့ရသည်။

ဘဝသင်ခန်းစာ(၂၂)

Image
ဘဝသင်ခန်းစာ(၂၂) နွေရာသီမှာပူပြင်းလွန်းတော့ မြင်းကျားက မြစ်ဘေးမှာ ရေသွားသောက် တယ်။ ရေမြင်းရေထဲစိမ်နေတာတွေ့တော့ သူတောင်ရေကစားနိုင်သေးတာပဲ ငါလည်းကစားနိုင်တယ်ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။ သိပ်မကြာပါဘူး.. မိကျောင်းစားတာကို သူခံလိုက်ရတယ်။ (PS:မတူရင် မတုနဲ့... အရှုံးကို သင်ခံနိုင်မှာမဟုတ်လို့ပါ။) မူရင်းရေးသားသူအား Credit:

ဘဝသင်ခန်းစာ(၂၁)

Image
ဘဝသင်ခန်းစာ(၂၁)                   ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။ ဆရာဝန်က  “ဘာဖြစ်လို့လဲ သားတို့” ဟုမေးသောအခါကလေးငယ်တစ်ယောက်က… “ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ” ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။ “နေစမ်းပါဦီး၊မင်းကရော …ဘာဖြစ်လို့ငိုနေတာလဲ”

ဘဝသင်ခန်းစာ(၂၀)

Image
ဘဝသင်ခန်းစာ(၂၀)                       တစ်ခါတုန်းက ပညာရှိကြီးတစ်ဦးက ဟောပြောတဲ့ခန်းမတစ်ခုအတွင်းမှာ နားထောင်နေတဲ့ ပရိတ်သတ်ကို ဟာသ တစ်ခုပြောနေတယ် ။ နားထောင်သူတွေအကုန်လုံးက ကျယ်လောင်စွာ အားလုံး ရယ်မောလိုက်ကြတယ် ။ ရယ်မောသံတွေ တိတ်သွားတဲ့အခါ သူက အဲဒီဟာသကိုပဲ ထပ်ပြောတယ် ။ အဲဒီအချိန်မှာလိုက်ပြီးရယ်မောတဲ့သူ အနည်းငယ်ပဲရှိခဲ့တယ် ။ နောက်တစ်ကြိမ် ပညာရှိကြီးက အဲဒီဟာသကိုပဲ ထပ်ပြီးပြောပြန်တယ် ။ အဲဒီအခါမှာတော့

ဘဝသင်ခန်းစာ(၁၉)

Image
ဘဝသင်ခန်းစာ(၁၉)                   မြင်းက ကုလားအုတ်ကိုတွေ့တော့ ကုလားအုတ်ရဲ့နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ ဆိုပြီး လှောင်ရယ်တယ်။ ကုလားအုတ်က မြင်းကို ဘာမှပြန်မပြောဘူး။ သဲကန္တာရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တာရကိုဖြတ်ကျော်နိုင်တယ်၊ မြင်းက သေသွားတယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်ကရယ်တယ်။ Credit:Original Writer (PS: သူတစ်ပါး၏အားနည်းချက်ကို လှောင်ပြောင်သူဟာ တစ်နေ့ ဝဋ်ပြန်လည်တတ် တယ်။ လှောင်ပြောင်သူရော၊ အလှောင်ခံရသူရော တစ်နေ့မှာ သေဆုံးသွားရမယ့်သူချည်းပါ)

ဘဝသင်ခန်းစာ(၁၈)

Image
ဘဝသင်ခန်းစာ(၁၈) " ကို လက်ထပ်ပြီးရင်ကော ကျွန်မကို ချစ်ဦးမှာလား" " ဒါကတော့ မင်းယောက်ျားအပေါ်မှာ မူတည်တယ်။ သူခွင့်ပြုရင်တော့ ..." မူရင်းရေးသားသူအား Credit: (PS: တချို့တွေက ဆုံးဖြတ်ပြီးသားဆိုတာ ကိုယ်တိုင်တောင် မသိကြဘူး)

ဘဝသင်ခန်းစာ(၁၇)

Image
ဘဝသင်ခန်းစာ(၁၇)                                                                                                                                                                                                                                                                                               တစ်ခါကအက်ဒီဆင်ဟာမီးလုံးကိုတီထွင်ပြီးခါစမှာသူ့ ရဲတီထွင်မှုကိုမိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေ ကို ဖိတ်ခေါ်လိုက်ပါတယ်.....။ စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့် ဖြစ်တဲ့အချိန်မှာတော့ အက်ဒီဆင်ဟာ သူအိမ်ကအလုပ်သမားကောင်လေးတစ်ယောက်ကိုသူရဲ့ မီးလုံးကိုယူခိုင်းပါတယ် ...။ ကောင်လေးဟာမီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီးမီးလုံးဟာ ကျကွဲးသွားပါတယ်....။ ဒီမီးလုံးဟာ အက်ဒီဆင်အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာ အားလုံးသိပါတယ်....။ ဒါပေမယ့် အက်ဒီဆင်ကတော့ ကောင်လေးကိုဘာမှမပြောဘဲ ......