ဘဝသင်ခန်းစာ(၁၇)


ဘဝသင်ခန်းစာ(၁၇)
                                                                                                                                                                                                                                                                                              တစ်ခါကအက်ဒီဆင်ဟာမီးလုံးကိုတီထွင်ပြီးခါစမှာသူ့ ရဲတီထွင်မှုကိုမိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေ
ကို ဖိတ်ခေါ်လိုက်ပါတယ်.....။
စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ အက်ဒီဆင်ဟာ သူအိမ်ကအလုပ်သမားကောင်လေးတစ်ယောက်ကိုသူရဲ့ မီးလုံးကိုယူခိုင်းပါတယ် ...။
ကောင်လေးဟာမီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီးမီးလုံးဟာ ကျကွဲးသွားပါတယ်....။
ဒီမီးလုံးဟာ အက်ဒီဆင်အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာ အားလုံးသိပါတယ်....။

ဒါပေမယ့် အက်ဒီဆင်ကတော့ ကောင်လေးကိုဘာမှမပြောဘဲ ......
စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက်ပါတယ်....။
သူအသစ်ထပ်မံပြုလုပ်ပြီးရင် ပြန်လည်ဖိတ်ကြားပါမယ်ပေါ့...။
ကောင်လေးကတော့ သူ့ ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် ဒီလိုဖြစ်သွားရတာကိုစိုးရိမ်ကြောက်ရွံ့ နေပါသတဲ့ ......။
အက်ဒီဆင်ဟာလည်း ဒီမီးလုံးကို ထပ်မံပြုလုပ်ဖို့ ရာ လနဲ့ ချီပြီးအချိန်ယူလိုက်ရပါသတဲ့ ....။ မီးလုံးပြီးသွားချိန်မှာတော့စာနယ်ဇင်းသမားတွေကိုထပ်မံဖိတ်ခေါ်လိုက်ပြန်ပါသတဲ့.....။
သတင်းထောက်တွေရောက်လာပြီးအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ သူရဲ့ မီးလုံးကိုသွားယူခိုင်းဖို့ ရာ ယခင်ကောင်လေးကိုပဲသွားယူခိုင်ပြန်ပါတယ်......။
ကောင်လေးဟာလည်း ဝမ်းသာအားရသေသေချာချာဂရုစိုက်ပြီးယူလာခဲ့ ပါတယ်.....။
စာနယ်ဇင်းမိတ်ဆက်ပွဲပြီးဆုံးချိန်မှာတော့သတင်းထောက်တချို့ ကမေးပါတယ်.....။
""မစ္စတာအက်ဒီဆင်ခင်ဗျား ....မီးလုံးသွားယူတဲ့ကောင်လေးဟာဟိုတစ်ခါသူ့ ကြောင့် မီးလုံးကျကွဲသွားဖူး တယ်  မဟုတ်လား ....ဆရာ့ မှာတစ်ခြားခိုင်းစရာလူတွေအများကြီးရှိတဲ့ အနက်က ဒီကောင်
လေးကိုပဲ ဘာလိုပြန်ခိုင်းရတာလဲ.....ဒီတစ်ခါကျကွဲသွားရင်နောက်တစ်ခါအချိန်တွေအများကြီးပြန်ယု ရမှာမစိုးရိမ်ဘူးလား....."""
လို့ မေးပါသတဲ့ ......။
ဒီတော့အက်ဒီဆင်ကြီးပြန်ဖြေလိုက်ပုံကတော့.....
ကျုပ်တမင်တကာသူ့ ကိုခိုင်းလိုက်တာဗျ ....မီးလုံးထပ်ကွဲသွားရင်ကျုပ်ပြန်လုပ်လို့ ရပါတယ်.....
ဒါပေမယ့် ဒီတစ်ခါဒီကောင်လေးကိုမခိုင်းခဲ့ရင်ဒီကောင်လေးရဲ.နှလုံးသာကျကွဲသွားမှာဗျ .....

မူလရေးသားသူအား Credit:

(PS: တစ်ခါတစ်ရံ ကိုယ်သတိမပြုမိလိုက်ဘဲ ကိုယ့်ရဲ့စိုးရိမ်စိတ်ကြောင့် တစ်ပါးသူရဲ့ နှလုံးသားတွေ ကျကွဲသွားသွားတတ်ဆိုတာ ကျွန်တော်တို့တတွေ သတိပြုမိစေဖို့)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း