Posts

Showing posts from July, 2023

လောကသာရပျို့

Image
လောကသာရပျို့ ၄၈။ မှတ်ကုန်ကြလော့၊ ဗြဟ္မာ့နွယ်ရိုး၊ ပုဏ္ဏားမျိုးကို၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှေ့ဖျားကမ္ဘာ၊ မစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆေးသမားနှင့်၊ ဟူးရားကျမ်းမြင်၊ ကောင်းကင်နက်သတ်၊ တတ်သည်တသီး၊ ယဇ်မီးပူဇော်၊ ဖြော်ဖြော်မန်းရွတ်၊ ဂြိုဟ်နတ်သန္တေ၊ ဦးဆေးတခြား၊ ခေါင်ဖျားဗေဒင်၊ သိမြင်နှံ့စပ်၊ ပိဋကတ်နှင့်၊ ကလာပ်ဗျဉ္ဇီ၊ ဒဏ္ဍီဝိဒဂ်၊ ကျမ်းခက်ဗျာကရိုဏ်း၊ တနှိုင်းတခြား၊ လေးပါးဤသို့၊ ပုဏ္ဏားတို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆေးသမားလည်း၊ ဆေးဝါးတတ်စွမ်း၊ ပိဏ္ဍောပြွမ်း၍၊ ဆေးကျမ်းထိုမျှ၊ သာရသင်္ဂြိုဟ်၊ ဘွင့်ဆိုတတ်ကျယ်၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ၊ သွေးလေချောက်ချား၊ သလိပ်များက၊ စသည့်ရောဂါ၊ အနာအမျိုး၊ ကိုးဆယ့်ခြောက်ပါး၊ အပြားပြားကို၊ မမှားလပ်အောင်၊ ကုသဆောင်၍၊ အခေါင်သမား မြောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၄၇။   တသိန်းရှစ်သောင်း ၊ ထပ်လောင်း၊ ကိုးထောင်၊ မြို့ကုန်အောင်ကို၊ မောင်နှင့်အတူ၊ ကြည်ဖြူမြတ်နိုး၊ သိမ်းရစိုးလျက်၊ ဆောင်းမိုးစကြာ၊ မင်းတကာတို့၊ သည်းချာများထက်၊ ထိပ်ဗွေချက်ကို၊ ရွှေစက်တင်ကာ၊ စံပယ်ပါတော့၊ တန်ဆာဝတ်စား၊ စသည်များလည်း၊ ရွှေသားဝင်းဝါ၊ ဂီရိမာထက်၊ လွန်စွာကဲကျူး၊ ထူးပါစိမ့်မည်၊ တဆံခြည်မျှ၊ ကြံစည်ကြောင့်ကြ၊ နိမ့်ကျစရာ၊ မရှိပါဘူး၊ ရွံရှာပျောက်ကင်း၊ ဖြည့်တင်းဖြေဖျော်၊ ရွှင်ပျော်ကျွမ်းဝင်၊ ပါတော့ရှင်ဟု၊ ထိပ်တင်ဘုန်းလူ၊ မိန့်တော်မူသော်၊ ရောင်ဖြူထွန်းပ၊ မင်းအူရွမှာ၊ ရှက်လှကြောက်စွာ၊ မချိရှာ၍၊ လွှတ်ပါဦးရှုင်၊ ထိပ်ထားတင်ဟု၊ လျှောက်ချင်စိတ်က၊ လျှောက်မည်မျှလည်း၊ မဟနိုင်ရာ၊ ခွေးသာလှိုင်ပျံ့၊ ကိုယ်လုံးနှံ့လျက်၊ ရှူသက်မသာ၊ မျက်နှာလွှဲသွေ၊ ခပ်တိမ်းနေသော်၊ ဘုန်းဝေညွန့်စည်၊ မိန့်ပြန်သည်ကား၊ ဝင်းကြည်အူရွ၊ မင်းရှင်လှကို၊ ပွက်ဟသာကြည်၊ လျှောက်ပါသည်ကို၊ မည်မျှမဟ၊ စ န မမြွက်၊ နေသည့်ချက်သည်၊ ထဲနက်ဝှက်သို၊ မောင့်ကိုမကြင်၊ မုန်းသည်ထင်၏၊ သို့လျှင်သို့ဟု၊ မင်းယဉ်နုသည်၊ ရွှေဥနွဲ့ပျောင်း၊ မိန့်ပါကောင်း၏၊ အကြောင်းထွေလည်၊ မဟသည်ကြောင့်၊ ကြံစည်ခဲလွန်၊ ကျွန်ုပ်ကျွန်သည်၊ ပူပန်ပြင်းပြ၊ ပင်ပန်းလှသည်။ ။   ဝ

လောကသာရပျို့

Image
လောကသာရပျို့ ၄၇။ လောကသာရ၊ ကျမ်းအစ၌၊ မြန်မာ့ဘာသာ၊ ပျို့လင်္ကာဖြင့်၊ တန်းဆာလည်းဆင်၊ ဘွဲ့စီရင်လျက်၊ ကျမ်းမြင်ထွေပြား၊ အပါးပါးနှင့်၊ များသည့်ထုံးနည်း၊ မှတ်ဘွယ်ချည်းတည့်၊ ပမည်းပမာ၊ နာနာနယ၊ သွန်းပုံချသို့၊ လူ့ဘရာဇာ၊ နရာဓိပ၊ ဘူပါလဟု၊ လောကထွတ်ဖျား၊ မင်းတို့အားကို၊ စီးပွားချမ်းသာ၊ ဖြစ်စိမ့်ငှာဖြင့်၊ ပညာသေတ္တု၊ ရုံးစည်းပြု၍၊ ကျင့်မူတရား၊ မှတ်စိမ့်ထားသည်၊ တခြား ဒုတိယပိုင်းတည်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၆။   ပိုက်ဘက်လျှင်ပင် ၊ ထွတ်တင်နန်းလျာ၊ မိန့်သည်မှာကား၊ မသာ-မကြည်၊ မျက်မူနည်ပင်၊ ယဉ်သည်တဆန်း၊ နုပြန်ရွှန်းသည်၊ ပွင့်လန်းပန်းနှယ်၊ မင်းရှင်ငယ် ...၊ လည်ဝယ်အမြဲ၊ ရစ်ခွေဆွဲ၍၊ ယှဉ်နွှဲစုံမက်၊ ရာကျော်သက်လျှင်၊ ချစ်ဘက်တူရှည်၊ ပျော်ရမည်ကြောင့်၊ သို့သည်ရပ်မှာ၊ ဝေးကျူးရာက၊ ကြုံလှာထူးလည်၊ ကြိုက်ပေသည်ကို၊ မြဲတည်ဧကန်၊ ကျွန်ုပ်ကျွန်သည်၊ အလွန်ကျူးလှ၊ သက်ပင်မျှလည်း၊ မရနှုန်းရာ၊ ချစ်ကြင်ပါသည်၊ အာကာတိမ်ထွတ်၊ ကောင်းကင်လတ်က၊ မာရ်နတ်သည်းချာ၊ ပင်ပေါ်လှာလည်း၊ ပမာမထောက်၊ မင်းလှအောက်သာ၊ ဖြစ်ပါစိမ့်မည်၊ မည်သည်ကိုမျှ၊ မင်းရှင်လှသည်၊ ကြောင့်ကြဆံလွှာ၊ မစွန်းပါနှင့်၊ ဝင်းဝါပြောင်ရွှန်း၊ ရွှေတောင်နန်းဝယ်၊ ချစ်ပန်းလှိုင်ကျော်၊ ခမည်းတော်နှင့်၊ စံပျော်တကွ၊ မယ်တော်မျှလည်း၊ မကပိုက်ထုပ်၊ ကျွန်ုပ်တို့မှာ၊ မေတ္တာကျူးကျော်၊ ဘုန်းတော်ကြီးလှ၊ ဘုရားစသည်၊ နန်းမဘုရား၊ များသည်ဆွေမျိုး၊ ပန်းနှယ်ပျိုး၍၊ မြတ်နိုးညီညာ၊ ချစ်ပါလိမ့်မည်၊ မြင့်သည်ယူဇနာ၊ စောက်နှစ်ရာသား၊ ဟေမာဂီရိ၊ မည်ရှိနာမ၊ ရွှေတောင်မျှကို၊ မင်းလှရွှေစည်၊ စိုးစံသည်လည်း၊ ကြံစည်ထောက်ချင့်၊ မလျော်သင့်ပါ၊ အောင်ချာပတ်ကုံး၊ ဇမ္ဗူလုံးကို။ ။   ယူကျုံးစိုးစံ ထိုက်၏တည်း ။

လောကသာရပျို့

Image
လောကသာရပျို့ ၄၆။ အခါတပါး၊ မြင်းမိုရ်ဖျားဝယ်၊ သကြားနေရာ၊ စစ်ထိုးလာသား၊ ပြင်းစွာအရှိန်၊ အသူရိန်ကို၊ ဒေဝိန်သက္က၊ စီးချင်းချ၍၊ ဒေဝသဘာ၊ သုဓမ္မာဟု၊ သာသည်စရပ်၊ အမိုးရပ်တွင်၊ နှောင်ကြပ်အမြဲ၊ တုပ်၍ဆွဲသော်၊ ဆဲဆဲရေးရေး၊ ဟစ်ကြွေးရေရွတ်၊ တတွတ်တွတ်လျှင်၊ အပတ်တကုတ်၊ ကြမ်းကြုတ်စကား၊ နတ်မင်းဖျားကို၊ နွားနှင့်အတူ၊ ငရဲသူဟု၊ ကလူကစာ၊ ဆဲရေးရှာလျက်၊ မျက်မထွက်တည့်၊ ဆိုဘက်မထိုက်၊ ယင်းသူမိုက်ဟု၊ မှတ်ပိုက်သောထွေ၊ သည်းခံပေ၏၊ ရွှေမြေရပ်စည်၊ ရွှေနန်းတည်သား၊ နတ်ပြည်သနင်း၊ သကြားမင်းလျှင်၊ ခံခြင်းသည်းညည်း၊ အမျက်နည်း၍၊ ရေကြည်းတောတောင်၊ အာဏာဆောင်သား၊ ဘုန်းခေါင်ထွန်းလင်း၊ လူတို့မင်းကား၊ ပုံခင်းကျမ်းလာ၊ ထိုထိုစာ၍၊ ပြင်းစွာအမျက်၊ မထွက်ဘို့ရာ၊ ချုပ်မြစ်သာလော့၊ ပညာတိုင်တည်း၊ မျက်မာန်နည်းမူ၊ လူလည်းချစ်မော၊ နတ်လည်းပြော၍၊ ကျော်စော ကောင်းခြီးငြာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၅။   ကိုယ်လုံးထိန့်မျှ ၊ တုန်ရိုက်ကလျှင်၊ လက်လှသန္တာ၊ နုဖြူဝါကို၊ ဆိတ်စာသာကြည်၊ ကိုင်တော့မည်ဟု၊ ဆောက်တည်မှတ်နေ၊ ကိုင်တည့်ချေသော်၊ ထူးထွေကျူး၍၊ နတ်အတွေ့ကြောင့်၊ ချမ်းမြေ့ကိုယ်လုံး၊ ပတ်ကုံးစိမ့်စိမ့်၊ ကြောခြင်ငြိမ့်မျှ၊ နှစ်သိမ့်မိန်းမော၊ စောလျက်မှိုင်ကာ၊ မနည်းကြာလှ၊ လွန်စွာပြင်းလှ၊ တပ်-ရာဂဖြင့်၊ ယုယစုံမက်၊ ပြေးတည့်ဘက်လျှင်၊ အဆက်များစွာ၊ သံသရာက၊ လှူဒါပုည၊ ကံဆုံကြ၍၊ ချစ်ရတော့မည်၊ မှန်ပြီးသည်ကို၊ ဖြူကြည်မွတ်စင်၊ နုရွှန်းရွှင်သည်၊ မင်းရှင်မျက်တော်၊ ထွက်ရှိသော်လည်း၊ ထွေငေါ်ပြင်းပြ၊ မိန့်သမျှကို၊ ခံရတော့မည်၊ တည်ကြည်စောင့်ရုပ်၊ မချုပ်နိုင်ပါ၊ မေတ္တာမိုးမျှ၊ မြေမက၍၊ ဖြစ်ရတော့မည်၊ မင်းရွှေရည်ဟု၊ ဖြေဆည်ဆီးကြို၊ ဆောလျင်ဆို၍၊ မွှေးချိုဘယ်ညာ၊ ပါးနုဝါကို၊ သက်ပါလှုယူး၊ ရှုပ်ရှူကျူး၍၊ မူးမျှမိုက်မိုက်၊ ပန်းတော်ဟိုက်၏၊ ယဉ်မြိုက်နုရွှင်၊ မင်းလှရှင်လည်း၊ မကျင်ကျွမ်းပါ၊ ပူဆာဝမ်းက၊ ရှက်ကြောက်လှ၍၊ စီးကျမျက်ရည်၊ ငိုလှုမည်နှင့်၊ ဆိုမည်နှုတ်က၊ ဟလည်းမထွက်၊ ရှူသက်မသာ၊ ရုန်းရင်းရှာလည်း၊ ဘုန်းဝါတောက်လည်၊ နန်းပွင့်ရည်မှာ၊ မျက်ခြည်မထွက၊ မလွှတ်ရက်၍၊ စွဲမက်လွန်ကဲ၊ တလဲလဲသည်။ ။   ဆုပ်ဆွဲဘက်ပြန် မိုက်၏တည်း ။ စာ

လောကသာရပျို့

Image
  လောကသာရပျို့ ၄၅။ သဟဿနေတ္တ၊ ဝါသ၀ဟု၊ သက္ကသူရိန်၊ ဒေဝိန်ထွတ်ထား၊ မိုးသကြားလျှင်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ ကွယ်ကာရန်ထောက်၊ နတ်လေးယောက်ကို၊ စောင့်ရှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊ တန်ခိုးထွန်းလင်း၊ လူတို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊ ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မခဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်၍၊ ကြံစည်နက်နဲ၊ မှုထမ်းရဲလျက်၊ ခဲခက်ရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဘို့ခြား၍၊ လေးပါးဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်ပေးကောင်း၊ မပေးကောင်းဟု၊ အကြောင်းစုံစမ်း၊ ရှေ့ကျင့်တမ်းဖြင့်၊ မှုထမ်းအနေ၊ ကွပ်ညှပ်ပေ၍၊ လူ့မြေတွင်ထား၊ လူမင်းများလည်း၊ လေးပါးအင်တူ၊ ပမာမူ၍၊ ပြည်သူစောင့်ရှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက်လူ့ဘောင်၊ ပြည်ထဲဆောင်၍၊ ပြည်ထောင်ကြောက်ရွံ့ ရှားစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၄။   လက်ရုံးအာဏာ ၊ ပညာတုကျွန်း၊ ယဉ်ရွှန်းနုမြေ့၊ ဘုန်းလောက်လွေ့သည်၊ အိမ်ရှေ့သခင်၊ ထိပ်ထားရှင်လည်း၊ များဖြင်အထု၊ ယဉ်မျိုးစုသည်၊ ရွှေဥရတနာ၊ သူဇာစံခန်း၊ တဲတော်နန်းသို့၊ ရွှင်လန်းသာပျော်၊ ရောက်လေသော်တည့်၊ မူးမော်လွန်ပြင်း၊ တင်းထိမ်တွင်းသို့၊ ချက်ချင်းအလျင်၊ ကြွတည့်ဝင်၍၊ မထင်ပုံထုံး၊ စိတ်နှလုံးကို၊ စုရုံးကြွင်းမဲ့၊ ယူဘိကဲ့သို့၊ ယဉ်နွဲ့မူရာ၊ မယ့်ဆင်းဝါကို၊ ပွင့်လျာဗောဓိ၊ မြင်သည်ရှိသော်၊ ပီတိဖရဏာ၊ ဟုန်သည်းစွာ၍၊ မေ့ကာသတိ၊ ရပ်ထိုင်းရှိမှ၊ ခဏကြာလျှင်၊ မင်းရှင်နေရာ၊ နှစ်ထွာထုစွင့်၊ မွေ့ရာမြင့်သို့၊ ဘုန်းပွင့်လှိုင်ဝေ၊ တက်နေလေသော်၊ ကြက်သရေဝင်းဝါ၊ မင်းသူဇာကား၊ ပျာပျာထိတ်မျှ၊ ရှက်ကြောက်လှ၍၊ ဝမ်းကလှိုက်ကာ၊ မျက်နှာမရဲ၊ ရုတ်ခြည်းလွှဲ၍၊ နွှဲနွှဲလက်ရွှေ၊ ထောက်လျက်နေက၊ ရံရွေခစား၊ စေပါးများလည်း၊ လိုက်လားသိထွေ၊ ရှောင်နေလေ၏၊ ဘုန်းနေကွန့်ဖြာ၊ နန်းပွင့်လျာလည်း၊ ကလျာငါးအင်၊ မင်းလှရှင်၏၊ ဖြူစင်နုရွ၊ ခြေကစသည်၊ စိမ်းမြညိုရောင်၊ ဆံတိုင်အောင်လျှင်၊ ဝင်းပြောင်လျှံမြူး၊ နောက်ပြင်ကျူးကို၊ ရှူမူးမိန်းလှည့်၊ တက်သက်ကြည့်သော်၊ မြူရှည့်ပြစ်ခြည်၊ မထင်သည်ကြောင့်၊ ဆောက်တည်မရ၊ လက်ခြေရွသည်။ ။   ထိန့်မျှကိုယ်လုံး ရိုက်

လောကသာရပျို့

Image
လောကသာရပျို့ ၄၄။ လင်္ကာဒီပ၊ သီဟဠဟု၊ နာမပြဋ္ဌာန်း၊ သိန်းဃိုကျွန်းဝယ်၊ ထွန်းသည်နေသွင်၊ တန်ခိုးထင်သည်၊ သင်္ခဗောဓိ၊ အမည်ရှိသည်၊ မင်းကြီ့းကျင့်တူ၊ နှလုံးမူလော့၊ နတ်လူချစ်ပြင်း၊ ထိုသည့်မင်းကား၊ စောင့်ခြင်းတရား၊ မယွင်းမှားတည့်၊ ခိုးသားပူလောင်၊ ခေါင်သည့်မိုဃ်းနှင့်၊ နတ်ဆိုးဘီလူး၊ ဘမ်းစားကြူးသား၊ ဘေးသုံးပါးကို၊ သိကြားနတ်ပိုင်၊ ဓိဋ္ဌာန်တိုင်လျက်၊ အသက်စွန့်စား၊ ပြည်သူများကြောင့်၊ ဘိတားပျောက်စေ၊ မိုဃ်းကောင်းစေ၍၊ ကျင့်ထွေသို့လား၊ မတတ်ငြားလည်း၊ ရှိုးရှားဆိုတောင်း၊ ကျိုးအကြောင်းမူ၊ မင်းကောင်းရန်ကဲ၊ ကျင့်မူရဲလော့၊ ဘောက်လဲတတ်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘူး၊ ကျေးဇူးသော်မူ၊ သူတော်လူတို့၊ ပြောမူမြင့်ကြာ၊ ခြီးမွမ်းရာဖြင့်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှေးထုံးနည်းခိုင်း၊ ကောင်းကျင့်လှိုင်းလျက်၊ လူတိုင်းကျော်သဲ၊ ခြီးအံ့အဲသည်၊ မြင့်မြဲကျေးဇူး များစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်