လောကသာရပျို့

လောကသာရပျို့

၄၈။ မှတ်ကုန်ကြလော့၊ ဗြဟ္မာ့နွယ်ရိုး၊ ပုဏ္ဏားမျိုးကို၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှေ့ဖျားကမ္ဘာ၊ မစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆေးသမားနှင့်၊ ဟူးရားကျမ်းမြင်၊ ကောင်းကင်နက်သတ်၊ တတ်သည်တသီး၊ ယဇ်မီးပူဇော်၊ ဖြော်ဖြော်မန်းရွတ်၊ ဂြိုဟ်နတ်သန္တေ၊ ဦးဆေးတခြား၊ ခေါင်ဖျားဗေဒင်၊ သိမြင်နှံ့စပ်၊ ပိဋကတ်နှင့်၊ ကလာပ်ဗျဉ္ဇီ၊ ဒဏ္ဍီဝိဒဂ်၊ ကျမ်းခက်ဗျာကရိုဏ်း၊ တနှိုင်းတခြား၊ လေးပါးဤသို့၊ ပုဏ္ဏားတို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆေးသမားလည်း၊ ဆေးဝါးတတ်စွမ်း၊ ပိဏ္ဍောပြွမ်း၍၊ ဆေးကျမ်းထိုမျှ၊ သာရသင်္ဂြိုဟ်၊ ဘွင့်ဆိုတတ်ကျယ်၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ၊ သွေးလေချောက်ချား၊ သလိပ်များက၊ စသည့်ရောဂါ၊ အနာအမျိုး၊ ကိုးဆယ့်ခြောက်ပါး၊ အပြားပြားကို၊ မမှားလပ်အောင်၊ ကုသဆောင်၍၊ အခေါင်သမား မြောက်စေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ် 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း