လောကသာရပျို့

လောကသာရပျို့

၄၄။ လင်္ကာဒီပ၊ သီဟဠဟု၊ နာမပြဋ္ဌာန်း၊ သိန်းဃိုကျွန်းဝယ်၊ ထွန်းသည်နေသွင်၊ တန်ခိုးထင်သည်၊ သင်္ခဗောဓိ၊ အမည်ရှိသည်၊ မင်းကြီ့းကျင့်တူ၊ နှလုံးမူလော့၊ နတ်လူချစ်ပြင်း၊ ထိုသည့်မင်းကား၊ စောင့်ခြင်းတရား၊ မယွင်းမှားတည့်၊ ခိုးသားပူလောင်၊ ခေါင်သည့်မိုဃ်းနှင့်၊ နတ်ဆိုးဘီလူး၊ ဘမ်းစားကြူးသား၊ ဘေးသုံးပါးကို၊ သိကြားနတ်ပိုင်၊ ဓိဋ္ဌာန်တိုင်လျက်၊ အသက်စွန့်စား၊ ပြည်သူများကြောင့်၊ ဘိတားပျောက်စေ၊ မိုဃ်းကောင်းစေ၍၊ ကျင့်ထွေသို့လား၊ မတတ်ငြားလည်း၊ ရှိုးရှားဆိုတောင်း၊ ကျိုးအကြောင်းမူ၊ မင်းကောင်းရန်ကဲ၊ ကျင့်မူရဲလော့၊ ဘောက်လဲတတ်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘူး၊ ကျေးဇူးသော်မူ၊ သူတော်လူတို့၊ ပြောမူမြင့်ကြာ၊ ခြီးမွမ်းရာဖြင့်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှေးထုံးနည်းခိုင်း၊ ကောင်းကျင့်လှိုင်းလျက်၊ လူတိုင်းကျော်သဲ၊ ခြီးအံ့အဲသည်၊ မြင့်မြဲကျေးဇူး များစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ် 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း