လောကသာရပျို့
လောကသာရပျို့
၄၅။ သဟဿနေတ္တ၊ ဝါသ၀ဟု၊ သက္ကသူရိန်၊ ဒေဝိန်ထွတ်ထား၊
မိုးသကြားလျှင်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ ကွယ်ကာရန်ထောက်၊
နတ်လေးယောက်ကို၊ စောင့်ရှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊
တန်ခိုးထွန်းလင်း၊ လူတို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊ ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မခဲစိမ့်ငှာ၊
ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်၍၊ ကြံစည်နက်နဲ၊ မှုထမ်းရဲလျက်၊
ခဲခက်ရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဘို့ခြား၍၊ လေးပါးဒိသာ၊
ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်ပေးကောင်း၊ မပေးကောင်းဟု၊
အကြောင်းစုံစမ်း၊ ရှေ့ကျင့်တမ်းဖြင့်၊ မှုထမ်းအနေ၊ ကွပ်ညှပ်ပေ၍၊ လူ့မြေတွင်ထား၊ လူမင်းများလည်း၊
လေးပါးအင်တူ၊ ပမာမူ၍၊ ပြည်သူစောင့်ရှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက်လူ့ဘောင်၊ ပြည်ထဲဆောင်၍၊
ပြည်ထောင်ကြောက်ရွံ့ ရှားစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment