သူဇာပျို့
၄၇။ တသိန်းရှစ်သောင်း၊ ထပ်လောင်း၊ ကိုးထောင်၊ မြို့ကုန်အောင်ကို၊
မောင်နှင့်အတူ၊ ကြည်ဖြူမြတ်နိုး၊ သိမ်းရစိုးလျက်၊ ဆောင်းမိုးစကြာ၊ မင်းတကာတို့၊
သည်းချာများထက်၊ ထိပ်ဗွေချက်ကို၊ ရွှေစက်တင်ကာ၊ စံပယ်ပါတော့၊ တန်ဆာဝတ်စား၊
စသည်များလည်း၊ ရွှေသားဝင်းဝါ၊ ဂီရိမာထက်၊ လွန်စွာကဲကျူး၊ ထူးပါစိမ့်မည်၊
တဆံခြည်မျှ၊ ကြံစည်ကြောင့်ကြ၊ နိမ့်ကျစရာ၊ မရှိပါဘူး၊ ရွံရှာပျောက်ကင်း၊
ဖြည့်တင်းဖြေဖျော်၊ ရွှင်ပျော်ကျွမ်းဝင်၊ ပါတော့ရှင်ဟု၊ ထိပ်တင်ဘုန်းလူ၊
မိန့်တော်မူသော်၊ ရောင်ဖြူထွန်းပ၊ မင်းအူရွမှာ၊ ရှက်လှကြောက်စွာ၊ မချိရှာ၍၊
လွှတ်ပါဦးရှုင်၊ ထိပ်ထားတင်ဟု၊ လျှောက်ချင်စိတ်က၊ လျှောက်မည်မျှလည်း၊ မဟနိုင်ရာ၊
ခွေးသာလှိုင်ပျံ့၊ ကိုယ်လုံးနှံ့လျက်၊ ရှူသက်မသာ၊ မျက်နှာလွှဲသွေ၊ ခပ်တိမ်းနေသော်၊
ဘုန်းဝေညွန့်စည်၊ မိန့်ပြန်သည်ကား၊ ဝင်းကြည်အူရွ၊ မင်းရှင်လှကို၊ ပွက်ဟသာကြည်၊
လျှောက်ပါသည်ကို၊ မည်မျှမဟ၊ စ န မမြွက်၊ နေသည့်ချက်သည်၊ ထဲနက်ဝှက်သို၊
မောင့်ကိုမကြင်၊ မုန်းသည်ထင်၏၊ သို့လျှင်သို့ဟု၊ မင်းယဉ်နုသည်၊ ရွှေဥနွဲ့ပျောင်း၊
မိန့်ပါကောင်း၏၊ အကြောင်းထွေလည်၊ မဟသည်ကြောင့်၊ ကြံစည်ခဲလွန်၊ ကျွန်ုပ်ကျွန်သည်၊
ပူပန်ပြင်းပြ၊ ပင်ပန်းလှသည်။ ။ ဝမ်းကဝှေ့သည် လှိုက်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment