Posts

Showing posts from June, 2018

သူဌေး=သူတောင်းစား

Image
 သူဌေး=သူတောင်းစား           တစ်ခါတုန်းက မြို့တစ်မြို့ရှိ သူဌေးတစ်ဦးနှင့် သူတောင်းစားတစ်ဦး၏ အဖြစ်အပျက်ဖြစ်သည်။ သူဌေးကြီးသည် လေသာဆောင်မှနေ၍ လမ်းမဘက်ရှိ မြင်ကွင်းများကို ငေးနေစဉ် ခြံရှေ့လမ်းမမှ ဖြတ်သွားသည့် သူတောင်းစားတစ်ဦးကို တွေ့လိုက်ရသည်။ တွေ့လိုက်သည်နှင့် အတွေးမျိုးစုံနှင့်အတူ   မေးခွန်းတစ်ခု ထွက်သွားသည်။ ထို့နောက် ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

အချိန်ပို မတောင်းကြေး

Image
 အချိန်ပို မတောင်းကြေး           နောက်ထပ် (၂)ရက်လောက်နေရင် ဆယ်တန်းတွေ အောင်စာရင်းထွက်ပြီ ဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားကြတာတွေ့တယ်။ စာမေးပွဲအောင်စာရင်း ထွက်တဲ့နေ့မတိုင်မီ ကျွန်တော့်ဖေဖေပြောတာကို အမှတ်ရမိတယ်။ သားရေ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ အောင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲရှိတယ်။ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာပါတဲ့။ အောင်တယ်ဆိုရင်လည်း သားကြိုးစားခဲ့တာမို့ အောင်သွားတာပါ။ ကျတယ်ဆိုရင်လည်း သားကြိုးစားအားထုတ်မှု မလုံလောက်လို့ ကျသွားတာပါ။ သားကြိုးစားခဲ့တာကိုလည်း ဖေဖေတို့ သိမြင်နေခဲ့တာပဲတဲ့။ ကျသွားရင်လည်း ထပ်ဖြေလို့ ရတယ်။ ကြိုးစားခွင့် ရှိသေးတာမို့ စိတ်ဓာတ်ကျစရာ မလိုဘူးတဲ့။ အဲဒီလိုမျိုး ပြောပြခဲ့တာပါ။ ကျွန်တော့်မှာ အချိန်ပိုတွေ၊ ကြိုးစားခွင့်တွေရှိသေးကြောင်းပြောပြီး စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ဖေဖေပါ။ ကျွန်တော် တကယ့်ကို ကျေးဇူးတင်မိပါတယ်။