Posts

Showing posts from September, 2022

လောကသာရပျို့

Image
လောကသာရပျို့ ၄။ ဆန္ဒာဒေါသာ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်၍၊ လူ့ပြည်နတ်ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်လျက်၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြေ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြေအပင် စည်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

အမျိုးအရင်းတွေဆို ပေးမဖတ်နဲ့

Image
အမျိုးအရင်းတွေဆို ပေးမဖတ်နဲ့ ခင်ဗျားကိုယ်တိုင် ရေးထားတဲ့ စာတွေ၊ ကဗျာတွေကို မိသားစုဝင်တွေကိုများ ဘယ်တော့မှ ပေးမဖတ်နဲ့။ ပေးဖတ်မိရင်လည်း ဘယ်တော့မှ ထင်မြင်ချက် မတောင်းမိစေနဲ့။ ခင်ဗျားလိုချင်တဲ့ ဝေဖန်မှုမျိုး၊ ချီးကျူးမှုမျိုး ဘယ်တော့မှ သူတို့ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာလို့ပဲ။ ကျွန်တော့် အက်ဆေးတစ်ပုဒ်ကို အဖေ့ကို ပေးဖတ်တယ်။ အဖေက လိုလိုချင်ချင်ပဲ မျက်မှန်ကြီးတပ်ပြီး ဖတ်ပါတယ်။ ပြီးတော့ ပြုံးပြုံးကြီးပြောတယ်။ " အဖေ နားသိပ်မလည်ဘူး သားရာ၊ ရေးထားတာတွေက မြင့်တယ်၊ အဖေ လိုက်မမီဘူး "

လောကသာရပျို့

Image
လောကသာရပျို့ ၃။ သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကြုံ့သို့၊ ဆိုတုံ့မဝံ့၊ စောင်မာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းစေနှလုံး ယဉ်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

စံရှားတဲ့ခင်

Image
စံရှားတဲ့ခင် အတုလွန် တင်တင်တင့် ယဉ်ယဉ်ယဉ့် တဆူ ခင်ခင်ခင့် အမူ မြင်မြင်သူ မနော။ ကြွေကြွေ့ကြွေ ဝေဝေ့ဝေတယ် သေသေ့သေ ဇောပြတ်လို့မော။

ရသစာတမ်း

Image
ရသစာတမ်း ကျွန်တော်သည် စာရေးရသည်ကို ငြီးငွေ့လာလျှင် ဝတ္ထုဖတ်ရသည်ကို ပျင်းလာလျှင် သမိုင်း၊ရာဇဝင်စသည်တို့ ဖတ်ရသည်ကို ရှုပ်ထွေးလာလျှင် ဒဿန၊အဘိဓမ္မာ စသည်တို့ဖတ်ရသည်ကို မောပန်းလာလျှင်၊ ကဗျာဖတ်ရသည်ကို ရိုးလာလျှင် အခြားအခြားသောစာအမျိုးအစားများကို ဖတ်ရ၍ အီလာလျှင် ရသစာတမ်းများကို ကောက်ဖတ်ဖြစ်ပါသည်။( အက်ဆေးကို ရသစာတမ်း၊စာတမ်းငယ်၊အစမ်းစာ စသည်ဖြင့် အမျိုးမျိုး ပြန်ကြပါသည်။ကျွန်တော်ကမူ ရသစာတမ်းဆိုသည့်စကားလုံးကို သဘောကျပါသည်။)

" အ " သုံးလုံးရေးနည်း

Image
စာရေးလိုသူတို့သည် " အ "သုံးလုံးရေးနည်းကိုလည်း သိထားသင့်သည်။ ၎င်းမှာ (၁) အခင်း (၂) အခက် (၃) အဖြေ ဟူ၍ ဖြစ်သည်။ ခြိမ့်သဲ

လောကသာရပျို့

Image
လောကသာရပျို့ ၂။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

ဂရုစိုက်ပါ

Image
ဂရုစိုက်ပါ စကားပြောတာကိုတော့ ဘယ်လိုပြောပြောပါ။ စာရေးမယ်ဆိုရင်တော့ ရေးထုံးရေးနည်းကို ဂရုစိုက်သင့်တယ်။ ကျော်ဌေးကြည်(စလင်း)

လောကသာရပျို့

Image
လောကသာရပျို့ ၁။ ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြဝါဒဖြင့်၊ ဆုံးမပေးထွေ၊ နား၀င်စေလော့၊ နေသို့ထင်ရှား၊ ဘုရားတရားသံဃာ၊ ရတနာထွတ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထိပ်ထက်၊ အမြဲရွက်၍၊ စုံမက်သဒ္ဒါ ကြည်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

ဖတ်ပြီးသွားသည့် စာအုပ်များ (၂၀၁၅)

Image
ဖတ်ပြီးသွားသည့် စာအုပ်များ (၂၀၁၅) (၁) ရယ်မောခြင်း လက်ရွေးစင် (မင်းလူ) (၁၁.၁.၂၀၁၅) (၂) မျောက်လက်၏ စာပေကယ်ရီကေးချား (မင်းလူ) (၂၃.၁.၂၀၁၅) (၃) နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် (အတ္တကျော်) (၆.၂.၂၀၁၅)