Posts

Showing posts from December, 2022

သူဇာပျို့

Image
သူဇာပျို့ ၁၇။   ထိုသို့သောခါ ၊ ရုပ်ဝါဆိုးရွား၊ မူဆိုးသားလျှင်၊လေးမြားရည်ကာ၊ ကမ္ဘာပျက်မီး၊ပူညီးညီးသို့၊ သံကြီးဟစ်ငေါက်၊ ခြိမ်းပြန်ခြောက်သော်၊ ထိတ်ကြောက်ပြင်းစွာ၊ သည်းစွာအုတ်ကျက်၊ တပြိုင်နက်လျှင်၊ ရင်လက်ခတ်ထု၊ မြောသေလှုမျှ၊ ရွှေဥရွှေသား၊ ထိတ်ထားမင်းလှ၊ ဖြစ်ရလေခြင်း၊ လွန်မင်းထွေလာ၊ တို့ကြမ္မာဟု၊ ညီညာစုရုံး၊ တို့အလုံးတို့၊ ညှိုးချုံးပူဆာ၊ ပြန်ကြည့်ကာပင်၊ ကြံရာမရ၊ သွားလေကြ၏၊ ကက္ခလိစ္ဆ၊ နေသာဒလည်း၊ ဒိဗ္ဗပါသ၊ ကြော့ကွင်းလှကို၊ မြဲလှလက်စွဲ၊ ကိုင်လှာဆွဲ၏၊ ဘက်ရှဲပြိင်တု၊ ယဉ်ပျောင်းနုသည်၊ ရွှေဥရတနာ၊ မင်းသူဇာကား၊ မှန်စွာမချွတ်၊ ဘီလူးမှတ်လျက်၊ ရွတ်ရွတ်အလျင်၊ စားမည်ထင်၍၊ ကြောက်ငြင်လန်ကျူး၊ ဖိမ့်ဖိမ့်မူးမျှ၊ ဘီလူးမင်းရှင်၊ ပူပင်ပြင်းပြ၊ ကျွန်တော်မကို၊ ကိုယ်ကစားပါ၊ ညှာတာထောင်ချင့်၊ စားပါနှင့်ဟု၊ မပွင့်သံချို၊ ကြောက်စွာဆိုသော်၊ သန်ကိုယ်စွမ်းအား၊ မုဆိုးသားလည်း၊ လျှောက်ထားသာကြည်၊ ကျွန်တော်သည်ကား၊ စွယ်ရှည်ပြူးထူး၊ ဘီလူးမဟုတ်၊ ကျင့်ယုတ်မိစ္ဆာ၊ တောသာလှည့်လျှိုး၊ မုဆိုးမျိုးဟု၊ မြတ်နိုးကြည်လင်၊ လျှောက်ဦးတင်သည်။ ။   ဝမ်းရွှင်ပီတိ သာလွန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညေ

လောကသာရပျို့

Image
လောကသာရပျို့ ၁၇။ လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ချိန်ဆောင်နှိုင်းလည်း၊ အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ အမိကားတိုက်၊ သိုက်ကားမယား၊ သားနွယ်အဆက်၊ ခက်လက်မျိုးဆွေ၊ ကျွန်ခြွေရွေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲကို၊ ဆင်းရဲပျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ရှောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွမ်းရလျှက်၊ ကြောင့်ကြ ဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊ စိတ်ဝမ်းဖြောင့်တန်း၊ ဆွေခင်ပွန်းကို၊ ချစ်ပန်းနံ့ မပြယ်စေနှင့်မင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၆။   ရုတ်ခြည်းစိစိ ၊ ကြော့ကွင်းမိသော်၊ မချိနာကျင်၊ မမြင်မျက်စိ၊ မသိမည်မှန်း၊ ပင်ပန်းမူလည်း၊ မျက်ရည်စီးဖြာ၊ ယူပါအလို၊ ဟန်ဆို၍သာ၊ ရုန်းရင်းရှာ၏၊ ရံကာပည်းသီ၊ ဟာရီကစ၊ အမတော်များ၊ မင်းခြောက်ပါးလည်း၊ လန့်ကြားပျံတက်၊ ကောင်းကင်ထက်က၊ ဖြူညက်နုနု၊ တို့သက်စုသည်၊ ရွှေဥရွှေရည်၊ ဘယ်ဖြစ်သည်ဟု၊ သံကျည်ဟစ်ဆို၊ ရင်ကိုတီးလျက်၊ ဆင်းသက်ကြ၍၊ ပိုက်ဘက်ကိုယ်ပူး၊ ချီးယူးယူးဝယ်၊ ကြီးထူးရုပ်ဝါ၊ မူဆိုးလာသော်၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်ချက်ကြီးစွာ၊ ဖိမ့်ဖိမ့်ပါလျက်၊ ယူပါယူပါ၊ ဟစ်ကြော်ရှာ၏၊ ကိုယ်ဝါရောင်မြူး၊ မင်းခြောက်ဦးနှင့် ချစ်ကျူးလွန်တောင်း၊ ခြွေရံပါပေပါင်းလည်း၊ သောင်းသောင်းလန့်ပြို၊ အိုအိုထိပ်တင်၊ မင်းရှင်တို့မိ၊ သီရိရောင်မြူး၊ တို့ထိပ်ဦးကို၊ ဘီလူးဧရာ၊ မသာမကြည်၊ စားတော့မည်ဟု၊ကျည်ကျည်ဟစ်လျက်၊ ကောင်းကင်ထက်က၊ ရှိလက်စုံပူး၊ ထိပ်တင်ဦး၍၊ ဘီလူးမင်းတော်၊ ပြိုင်ဘော်လက်ရှား၊ တို့ထိပ်ထားကို၊ စားပါတည့်နှင့်၊ ထိပ်တင့်ကိုယ်စား၊ တို့များတကာ၊ စားခံပါမည်၊ ဥစ္စာပုံယင်၊ လိုချင်လျှင်လည်း၊ မျက်ရှင်ပတ္တမြား၊ ပြယားဆယ်လေး၊ ပေးပါရတော့၊ လွှတ်ပါတော့ဟု၊ ချော့မော့ချိုသာ၊ တောင်းပန်ထွာသည်။ ။   သံဝါပဲ့တင် ရိုက်မွန်တည်း ။ စာဆိ

လောကသာရပျို့

Image
လောကသာရပျို့ ၁၆။ ဃရာဝါသ၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင်သက်မွေး၊ ခြနှယ်မြှေးသား၊ လူရေးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လှည့်ပတ်ပြီးမှ၊ ကြံတွက်ဆ၍၊ လုံ့လပင်စည်၊ အရင်းတည်လျက်၊ ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွေ့ရွေ့၊ အဓလေ့ဖြင့်၊ မမေ့မကျန်၊ လူမှုပွန်လျက်၊ စောင်မာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြည်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၅။   ခြောက်ပါးပေါင်းဖော် ၊ သွားလိုသော်လည်း၊ ရှုမြှော်ကြင်နာ၊ ဘသည်းချာသည်၊ သူဇာမင်းငယ်၊ နေရစ်မယ်ဟု၊ ဘုန်းကြွယ်ဒေဝ၊ မိန့်တော်ဟသော်၊ ကျွန်မလည်းရှင်၊ လိုက်ချင်စိတ်က၊ ရှိပါလှဟု၊ ညွတ်ခတောင်းပန်၊ ထပ်လျှောက်ပြန်၍၊ အလွန်ငါးရာ၊ သုံးထောင်ပါသည်၊ ရံကာဝန်းပတ်၊ လှမြတ်စံထား၊ ခုနှစ်ပါးတို့၊ ထူးပြားတန်ဆာ၊ ရတနာတိ၊ ရှေးခါကထက်၊ လွန်ကဲတက်၍၊ ပြိုးပြက်ရောင်ထင်၊ တန်ဆာဆင်လျက်၊ သဘင်ယဉ်နု၊ သီတုဒက၊ လွန်လှသာယာ၊ ကန်မြတ်မှာသို့၊ သက်လှပည်းဖြင့်၊ ရွှင်မြဲရွှင်၍၊ ဆင်ယင်ပန်းမန်၊ ချိန်သင့်တန်သော်၊ ဘုန်းဝှန်ထွတ်တင်၊ ဘခင်နတ်ကျော်၊ မယ်တော်နတ်ထက်၊ မျက်တော်ထွက်၍၊ ဖြူညက်နုနု၊ တစုထိပ်ခေါင်၊ ရွှေတောင်ရှေ့ရှူ၊ ပြန်တော်မူဟု၊ ကြည်ဖြူညွတ်တုပ်၊ ကိုယ်လုပ်တော်များ၊ လျှောက်သောအားဖြင့်၊ များသည်ရွေဘော်၊ စုရုံးဆော်၍၊ တိမ်ပေါ်မြင့်ဖြူ၊ ပျံယူးယူးဝယ်၊ ဘီလူးအလား၊ မူဆိုးသားလျှင်၊ ချုံကြားကသာ၊ ထွက်တည့်လာ၍၊ တေဇာကြီးလှ၊ ဒိဗ္ဗပါသ၊ မည်ရတွင်းခြင်း၊ နတ်ကျော့ကွင်းနှင့်၊ လျင်ပြင်းတည့်တည့်၊ ပစ်လွှတ်ထည့်သော်၊ ရွှေမည့်ဆင်းဝါ၊ မင်းသူဇာ၏၊ လက်ယာလက်လှ၊ ဖြူရွရွကို၊ လှမြဲအနေ၊ ပတ်မိလေသည်။ ။ မပြေခတ်သော့ မယွန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာ

လောကသာရပျို့

Image
လောကသာရပျို့ ၁၅။ သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုံလည်း၊ တစ်စုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုအိမ်ထောင်၊ စီးပွါးဆောင်လော့၊ ညဉ့်မှောင်မသိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊ အိုသော်သူ မရယ်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၁၄။   ရေကန်ဒွါရ ၊ စောင့်နာဂလည်း၊ ဆီးဆကြိုဆို၊ လက်ကိုကိုင်ပြီး၊ မိမိသခင်၊ ရနတ်ရှင်သို့၊ ရောက်အောင်ပို့၏၊ နှစ်လို့သာရွှင်၊ ရေနတ်ရှင်လည်း၊ ဆောလျင်ကြောင်းလမ်း၊ မေးစုံစမ်း၏၊ ကြိုးပမ်းဆောက်တည်၊ ခုလာသည်ကား၊ သွယ်ကြိုးရှည်လှ၊ နတ်ပါသကို၊ တောင့်တအာသာ၊ ရှိ၍လာ၏၊ ရေးရာရှိကြိုက်၊ အခိုက်အတန့်၊ မတွန့်မညှာ၊ ပေးနှင်းပါဟု၊ သာယာပျောင်းပျော့၊ တောင်းပန်ချော့သော်၊ ယူတော့အဘ၊ ကိစ္စမှုရာ၊ ပြီးသောခါကား၊ လွှတ်လိုက်ပါးမင်း၊ ကြာမတင်းဟု၊ ညင်းညင်းချိုဧ၊ ဆို၍ပေးက၊ မနှေးလျင်စွာ၊ ယူခဲ့လာ၍၊ သာယာလှမော၊ ကြားမျိုးပြောသည်၊ သီတောဒက၊ ချမ်းမြအလွန်၊ ကန်၏လက်ယာ၊ လတာရမ္ဘ၊ မည်ရချုံနွယ်၊ အောင်မြဲဝယ်နှိုက်၊ မြှော်ရွယ်ငံ့ထွေ၊ စောင့်နေလေ၏၊ ရွှေမြေသခင်၊ နတ်ရှင်သည်းချာ၊ သူဇာတကွ၊ အစ်မခြောက်ပါး၊ စံထားယဉ်နု၊ မင်းတစုလည်း၊ ပျော်မှုချိန်သင့်၊ တန်သည်နှင့်လျှင်၊ ချီးမြှင့်နှိုးဆော်၊ ကိုယ်လုပ်တော်တို့၊ ထိပ်ပေါ်လက်ထား၊ လျှောက်သောအားဖြင့်၊ ထွတ်ထားမှန်ကင်း၊ ဘနတ်မင်းကို၊ ဝပ်စင်းညွတ်ခေါက်၊ ကြိမ်ကြိမ်လျှောက်သည်။ ။   ရှိမြှောက်ကြာမုံ ပွင့်လန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

လောကသာရပျို့

Image
လောကသာရပျို့ ၁၄။ ဘိုးဘေးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ ကျက်မှတ်လေ့လျက်၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံ လွယ်နှင့်မင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

နောက်ကျနေတဲ့ကောင်

Image
နောက်ကျနေတဲ့ကောင် စက်ဘီးကလေးစီးပြီး မင်းရှိရာကို ငါလာခဲ့ပါတယ် ဒါပေမယ့် ကျောင်းတက်ခေါင်းလောင်း ထိုးခဲ့တယ်။

သူဇာပျို့

Image
သူဇာပျို့ ၁၃။   သေပျောက်စရာ ၊ ထိုကန်မှာနှိုက်၊ ပျော်လှာကစား၊ နတ်အများတွင်၊ ထွတ်ထားစံမြောက်၊ ခုနှစ်ယောက်လျှင်၊ မိုမောက်အရှင်၊ သူကြီးထင်၏၊ ထိုတွင်ကိုလည်း၊ မျက်မည်းအရွယ်၊ ထွေးနှောင်းငယ်သည်၊ ဘယ့်နှယ်ပင်ကို၊ မဆိုနိုင်ဘူး၊ ကြူးသည်အလှ၊ သည်မိန်းမကို၊ မရချေသော်၊ ကျွန်တော်သေမည်၊ ရက်မရှည်ခဲ့၊ ကြံစည်ရခွင့်၊ သို့သော်သင့်ဟု၊ ဘုန်းမြင့်မြတ်စွာ၊ မိန့်လိုက်ပါမှ၊ ကိုးရာရသည်၊ ဖြစ်တော့မည်ဟု၊ ညည်းမည်မချိ၊ လျှောက်သည်ရှိသော်၊ ဣသိမည်ခေါ်၊ ရသေ့ကျော်လည်း၊ ဪ ကိလေသ၊ ဖြစ်တတ်စွဟု၊ စိတ်ကမှတ်ယူ၊ ကြံတော်မူမှ၊ လျစ်လျူစေတနာ၊ မိန့်မှာသည်ကား၊ တောသာလှည့်လား၊ မူဆိုးသား...၊ ထင်ရှားကြီးဂုဏ်၊ လမှာယုန်ကို၊ ဆူမှုန်သည်းချာ၊ တောင့်တရှာသို့၊ မိုက်ပါတို့စွ၊ ငါ့ကြောင့်ကြ၏၊ တကာ့နှလုံး၊ စွဲသုံးမလွတ်၊ ဒေါမနသ်နှင့်၊ လတ်လတ်သေ၍၊ ပူတွေ့ပြင်းဘိ၊ ဝီစိထုတ်ချောက်၊ ရောက်လေတော့မည်၊ ကြံစည်တွေးဆ၊ သည်မိန်းမကို၊ ရမည့်အရာ၊ အရေးမှာကား၊ တေဇာကြီးမြတ်၊ နဂါးပတ်ကို၊ ရတတ်သော်ကား၊ တတ်နိုင်အားဟု၊ စိတ်ထားလျစ်လျူ၊ မိန့်တော်မူသော်၊ ကြည်ဖြူနှစ်သိမ့်၊ ရပါစိမ့်ဟု၊ ဦနှိမ့်ညွတ်ခ၊ သုံးကြိမ်ချ၍၊ ထတည့်လာခဲ့၊ မိတ်ဘွဲ့ချစ်မှန်၊ နဂါးကန်သို့၊ လျင်ထန်ထုတ်ချောက်၊ သွားရောက်လေသည