သူဇာပျို့

သူဇာပျို့

၁၇။ ထိုသို့သောခါ၊ ရုပ်ဝါဆိုးရွား၊ မူဆိုးသားလျှင်၊လေးမြားရည်ကာ၊ ကမ္ဘာပျက်မီး၊ပူညီးညီးသို့၊ သံကြီးဟစ်ငေါက်၊ ခြိမ်းပြန်ခြောက်သော်၊ ထိတ်ကြောက်ပြင်းစွာ၊ သည်းစွာအုတ်ကျက်၊ တပြိုင်နက်လျှင်၊ ရင်လက်ခတ်ထု၊ မြောသေလှုမျှ၊ ရွှေဥရွှေသား၊ ထိတ်ထားမင်းလှ၊ ဖြစ်ရလေခြင်း၊ လွန်မင်းထွေလာ၊ တို့ကြမ္မာဟု၊ ညီညာစုရုံး၊ တို့အလုံးတို့၊ ညှိုးချုံးပူဆာ၊ ပြန်ကြည့်ကာပင်၊ ကြံရာမရ၊ သွားလေကြ၏၊ ကက္ခလိစ္ဆ၊ နေသာဒလည်း၊ ဒိဗ္ဗပါသ၊ ကြော့ကွင်းလှကို၊ မြဲလှလက်စွဲ၊ ကိုင်လှာဆွဲ၏၊ ဘက်ရှဲပြိင်တု၊ ယဉ်ပျောင်းနုသည်၊ ရွှေဥရတနာ၊ မင်းသူဇာကား၊ မှန်စွာမချွတ်၊ ဘီလူးမှတ်လျက်၊ ရွတ်ရွတ်အလျင်၊ စားမည်ထင်၍၊ ကြောက်ငြင်လန်ကျူး၊ ဖိမ့်ဖိမ့်မူးမျှ၊ ဘီလူးမင်းရှင်၊ ပူပင်ပြင်းပြ၊ ကျွန်တော်မကို၊ ကိုယ်ကစားပါ၊ ညှာတာထောင်ချင့်၊ စားပါနှင့်ဟု၊ မပွင့်သံချို၊ ကြောက်စွာဆိုသော်၊ သန်ကိုယ်စွမ်းအား၊ မုဆိုးသားလည်း၊ လျှောက်ထားသာကြည်၊ ကျွန်တော်သည်ကား၊ စွယ်ရှည်ပြူးထူး၊ ဘီလူးမဟုတ်၊ ကျင့်ယုတ်မိစ္ဆာ၊ တောသာလှည့်လျှိုး၊ မုဆိုးမျိုးဟု၊ မြတ်နိုးကြည်လင်၊ လျှောက်ဦးတင်သည်။ ။ ဝမ်းရွှင်ပီတိ သာလွန်းတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း