သူဇာပျို့

သူဇာပျို့

၁၃။ သေပျောက်စရာ၊ ထိုကန်မှာနှိုက်၊ ပျော်လှာကစား၊ နတ်အများတွင်၊ ထွတ်ထားစံမြောက်၊ ခုနှစ်ယောက်လျှင်၊ မိုမောက်အရှင်၊ သူကြီးထင်၏၊ ထိုတွင်ကိုလည်း၊ မျက်မည်းအရွယ်၊ ထွေးနှောင်းငယ်သည်၊ ဘယ့်နှယ်ပင်ကို၊ မဆိုနိုင်ဘူး၊ ကြူးသည်အလှ၊ သည်မိန်းမကို၊ မရချေသော်၊ ကျွန်တော်သေမည်၊ ရက်မရှည်ခဲ့၊ ကြံစည်ရခွင့်၊ သို့သော်သင့်ဟု၊ ဘုန်းမြင့်မြတ်စွာ၊ မိန့်လိုက်ပါမှ၊ ကိုးရာရသည်၊ ဖြစ်တော့မည်ဟု၊ ညည်းမည်မချိ၊ လျှောက်သည်ရှိသော်၊ ဣသိမည်ခေါ်၊ ရသေ့ကျော်လည်း၊ ဪ ကိလေသ၊ ဖြစ်တတ်စွဟု၊ စိတ်ကမှတ်ယူ၊ ကြံတော်မူမှ၊ လျစ်လျူစေတနာ၊ မိန့်မှာသည်ကား၊ တောသာလှည့်လား၊ မူဆိုးသား...၊ ထင်ရှားကြီးဂုဏ်၊ လမှာယုန်ကို၊ ဆူမှုန်သည်းချာ၊ တောင့်တရှာသို့၊ မိုက်ပါတို့စွ၊ ငါ့ကြောင့်ကြ၏၊ တကာ့နှလုံး၊ စွဲသုံးမလွတ်၊ ဒေါမနသ်နှင့်၊ လတ်လတ်သေ၍၊ ပူတွေ့ပြင်းဘိ၊ ဝီစိထုတ်ချောက်၊ ရောက်လေတော့မည်၊ ကြံစည်တွေးဆ၊ သည်မိန်းမကို၊ ရမည့်အရာ၊ အရေးမှာကား၊ တေဇာကြီးမြတ်၊ နဂါးပတ်ကို၊ ရတတ်သော်ကား၊ တတ်နိုင်အားဟု၊ စိတ်ထားလျစ်လျူ၊ မိန့်တော်မူသော်၊ ကြည်ဖြူနှစ်သိမ့်၊ ရပါစိမ့်ဟု၊ ဦနှိမ့်ညွတ်ခ၊ သုံးကြိမ်ချ၍၊ ထတည့်လာခဲ့၊ မိတ်ဘွဲ့ချစ်မှန်၊ နဂါးကန်သို့၊ လျင်ထန်ထုတ်ချောက်၊ သွားရောက်လေသည်။ ။ ဝမ်းမြောက်မပင် မပန်းတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း