လောကသာရပျို့

လောကသာရပျို့

၁၄။ ဘိုးဘေးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ ကျက်မှတ်လေ့လျက်၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံ လွယ်နှင့်မင်း။ 

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း