Posts

Showing posts from March, 2016

ဘဝသင်ခန်းစာ(၁၆)

Image
ဘဝသင်ခန်းစာ(၁၆)           ကြောင်နဲ့ ဝက်က သူငယ်ချင်းတွေ။ တစ်နေ့ သူတို့နှစ်ယောက်လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။ ဝက် ကကြိုးအရှည်တစ်ချောင်းသွားရှာလာတယ်။ ကြောင်က ဝက်ကို ကြိုးပစ်ချခိုင်းတယ်။ ဝက်က ကြိုးအခွေလိုက် ပစ်ချပေးလိုက်တယ်။ကြောင်က ဒေါသထွက်ပြီးပြောတယ်။

ဘဝသင်ခန်းစာ(၁၅)

Image
ဘဝသင်ခန်းစာ(၁၅)                 စိတ်ရောဂါကု ဆရာဝန်ထံ ရောက်လာသော လူနာက.... “ ဆရာ..ကျွန်တော့်ကိုယ်လုံးမှာ မိချောင်းငယ်လေးတွေ အများကြီး ကပ်နေတယ် ” ဟု ပြောပြီး သူ့ကိုယ်ပေါ်မှ မိကျောင်းငယ်လေးများကို ခွာချဟန်ပြုသည်။

ဘဝသင်ခန်းစာ(၁၄)

Image
ဘဝသင်ခန်းစာ(၁၄)                 ငှက်တစ်ကောင်သည် ဆောင်းခိုရန်အလို့ငှာ တောင်ပိုင်းအရပ်သို့ ပြန်သန်းလာခဲ့သည်။ လမ်းခုလတ်တွင် အေးလွန်းလှသဖြင့် မခံနိုင်တော့ဘဲ ခဲ၍ မြေပြင်ပေါ်သို့ ကျရရှာသည်။ ထိုစဉ် အနားမှာ ဖြတ်သွားသည့် နွားတစ်ကောင်က အေးခဲနေသည့် ထိုငှက်ပေါ်သို့ မစင်စွန့်ချခဲ့သည်။ ငှက်လည်း အတော်ပင် ဒေါသ ထွက်သွားသည်။ သို့သော် ထိုနွားမစင်ကြောင့် အေးခဲနေရာမှ သက်သာရာရသည်ကို သတိပြုမိသွားသည်။

ငယ်ပေါင်းကြီးဖော်

ငယ်ပေါင်းကြီးဖော် မြန်မာစာ ငယ်ပေါင်းကြီးဖော် ဟူသော စကားအသုံးအနှုန်း၏ အဓိပ္ပာယ်မှာ အသက်အရွယ် ငယ်စဉ်က စတင်၍ အသက်အရွယ် ကြီးသည့်တိုင်အောင် ဆက်ဆံပေါင်းသင်း လာသူဟူ၍ ဖြစ်သည်။ မြန်မာလူမျိုးများ အတွက် မြန်မာစာသည် ငယ်ပေါင်းကြီးဖော် ဖြစ်သည်။ ငယ်ပေါင်းကြီးဖော် မြန်မာစာဟူသော အဆိုအမိန့်သည် ကျွန်တော်၏ စာပေသင်ဆရာနှင့် စာပေကျေးဇူးရှင်ဆရာ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ) ၏ နည်းယူမှတ်သား လေးစားဖွယ် အဆိုအမိန့် တစ်ရပ်ဖြစ်သည်။

ဘဝသင်ခန်းစာ(၁၃)

Image
ဘဝသင်ခန်းစာ(၁၃)                 ရေဘဲတစ်ကောင်သည် ကျွဲကြီးတစ်ကောင်နှင့် ဆွေးနွေးနေသည်။ “ ငါကွာ ဒီသစ်ပင်ထိပ်ထိ ပျံနိုင်ချင်လိုက်တာ၊ ငါ့တောင်ပံတွေကလည်း ပျံနိုင်လောက်တဲ့ အားမရှိဘူးကွ…” “ ဘာခက်သလဲကွာ၊ ငါ့ မစင်နည်းနည်း စားကြည့်ပေါ့၊ ငါက အသီးအရွက်ပဲစားလို့ ငါ့မစင်က အားဖြစ်တယ်လို့ တော်တော်များများက ပြောကြတယ်…”

ဘဝသင်ခန်းစာ(၁၂)

Image
ဘဝသင်ခန်းစာ(၁၂) အဖေနဲ့သား စကားပြောနေတယ်။ သား ။ ။ အဖေ့ရဲ့ ခေါင်းမှာ ဆံပင်ဖြူ တစ်ချောင်း တွေ့တယ်။ အဖေ ။ ။ အချိန်တိုင်း မင်း ငါ့ကို မပျော်ရွှင်အောင် လုပ်နေတဲ့ အတွက် ငါ့ဆံပင်တွေ အကုန်လုံး ဖြူလာတော့မှာ။ သား ။ ။ အဘွားရဲ့ ဆံပင်တွေ အားလုံး ဘာကြောင့် ဖြူရသလဲ ဆိုတာကို ကျွန်တော် နားလည်သွားပါပြီ။ မူရင်းရေးသူအား Credit: (PS:လိုတာထက် ပိုမပြောမိစေနဲ့)

ဘဝသင်ခန်းစာ(၁၁)

Image
ဘဝသင်ခန်းစာ(၁၁)  လူပျိုကြီး ကိုဖြိုးမောင်နှင့် " ခိုင်းတော့သက်ဝေ" စားသောက်ဆိုင်မှ ကိုမော်ကြီးတို့ ကမ်းခြေသွားကာ အပန်းဖြေကြသည်။ နှစ်ဦးစလုံးမှာ လူပျိုကြီးများဖြစ်ကြ၍ ကမ်းခြေတွင် အစွမ်းကုန် ကဲကြသည်။ အချိန်ပြည့် ရေစိမ်နေကြသည်။ ဟိုသည် လျှောက်သွားရင်း လူရှင်းရာ ကျောက်ဆောင်များဆီသို့ရောက်သောအခါ ကမ်းခြေတွင် တင်နေသည့်အရာတစ်ခုကြောင့် နှစ်ဦးသား အဝေ မတည့် ဖြစ်ကြသည်။ မည်သို့ လုပ်ရမှန်းမသိသဖြင့် စာကြည့်တိုက်မှူးလေး ကိုစိုးထက်ထံ ဖုန်းလှမ်းဆက်သည်။ " ကိုစိုးထက်ရေ...ကျနော် ဘာလုပ်ရမလဲဆိုတာ အကြံပေးနိုင်ရင် ပေးပါဦးဗျ.."

ကျွန်တော် ဒီနေ့ ထမင်းငတ်တယ်...

Image
ကျွန်တော် ဒီနေ့ ထမင်းငတ်တယ်...       ကျွန်တော် PH(Publish Holiday) နှစ်ရက်ရယ်၊ (Day Off) တစ်ရက်ရယ် ပေါင်းယူထားလို့ ဖီလင်က ပေါ့ပေါ့ပါးပါး ပေါ့။ ဒီနေ့မနက် အိပ်ယာနိုးတော့ သူပြင်ပေးတဲ့ မနက်စာလေးစားရင်း ဒီနေ့ဘာစာအုပ်လေးများ ဖတ်ရပါ့ဆိုပြီး အတွေးစီနေမိတယ်။ ဈေးသွားမလို့ပြင်နေတဲ့ မဒီက ကျွန်တော့် ဂျက်ကော့အိတ်လေးကိုင်ပြီး အနားရောက်လာတယ်။ " မောင် ကျွန်မကို သိပ်ချစ်တာပဲလား..ဟင်" " ဘာလို့..." " ဒီမယ်လေ..မောင့်အိတ်ထဲမှာ စံ ဓာတ်ပုံလေး အမြဲထည့်ထားတာကိုး..." " အော် ဒါလား၊ မောင်တို့အလုပ်က (Service) ပေးရတဲ့အလုပ်ဆိုတော့ (Press) သိပ်များတယ်လေ..." " အင်း ပြောပါဦး"

ဘဝသင်ခန်းစာ(၁ဝ)

Image
ဘဝသင်ခန်းစာ(၁ဝ)                              အသံလွှင့်ဌာန တစ်ခုက စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား - “အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟု မေးခဲ့သည်။   လူငယ်မှာခဏမျှစဉ်းစားပြီးအဖြေကိုတိုက်ရိုက်မဖြေဘဲ အောက်ပါပုံပြင်ကို ပြောပြသွားခဲ့သည်။ “လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်တော့ မကြာခင်မှာပဲ သူဟာ ပြင်သစ်ကားဂိတ်၊ ရာထားဘူတာတွေမှာ လက်မှတ်စစ်တွေ၊ လက်မှတ်ပြရတဲ့ နေရာတွေမရှိကြောင်း သတိပြုမိတယ်။

Facebook ဟာ ကျွန်တော့်ရဲ့အိမ်

Image
Facebook ဟာ ကျွန်တော့်ရဲ့အိမ်           ဖေ့ဘွတ်ခ်ဟာ ကျွန်တော့်အိမ် ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော့်အိမ်လေးထဲမှာ နှစ်သက်ရာ ပစ္စည်းလေးတွေ အားလုံးကို စုစည်းထားတယ်။ နောက်ပြီး စနစ်တကျ ချခင်းထားတယ်။ တချို့တွေကိုတော့ စတိုထဲမှာ (Save)ထားတယ်။           ကျွန်တော့်အိမ်လေးထဲမှာ ပစ္စည်းပစ္စယတွေက သိပ်ကိုများတယ်။ ဂိမ်းနဲ့ ပတ်သက်တာတွေ မရှိတာကတော့ ချွင်းချက်ပေါ့ဗျာ။ ကျွန်တော့်အိမ်ရှေ့မှာ စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ အရာလေးတွေ၊ ကျွန်တော်နှစ်သက်တဲ့ အတိုအစလေးတွေကို ချခင်းထားတယ်။ အများသိသင့်တယ်ထင်တဲ့ အကြောင်းအရာလေးတွေကို (Share) ထားတယ်။ ကျွန်တော်နှစ်သက်တဲ့ အကြောင်းအရာလေးတွေကို ရောပေါ့။ တချို့တွေက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သရော်စာလေးတွေ၊ ကာတွန်းလေးတွေကို (Tag) တွဲပြီး အိမ်ရှေ့မှာ ချခင်းပေးတယ်။ သရော်စာကို သဘောကျနှစ်ခြိုက်ပေမယ့် တစ်ဦးတစ်ယောက်ကို လှောင်ပြောင်နှိမ့်ချထားတဲ့ ခပ်ရိုင်းရိုင်းအောက်လုံးတွေကိုတော့ ချက်ခြင်းပဲ တံမြက်စည်းလှည်းပစ်တာ များတယ်။ အမုန်းပွားစေမယ့် လှုံ့ဆော်စာတွေ ကျွန်တော့်အိမ်ရှေ့မှာ ကြော်ငြာအကပ်မခံနိုင်ဘူး။ တချို့ကို (Hide) ဆိုပြီး တံမြက်စည်း အနုနဲ့လှည်းတယ်။ တချို့ကိုတော့ (Remove) ဆို

ဘဝသင်ခန်းစာ(၉)

Image
ဘဝသင်ခန်းစာ(၉) လိပ်က ဂဏန်းကို မေးတယ်။ " ရှေ့ဆက်တိုးရင် ချောက်၊ နောက်ပြန်လှည့်မယ်ဆိုရင်လည်း သတ်မယ်သူတွေ စောင့်နေတယ်၊ မင်းဘာလုပ်မလဲ" ဂဏန်းက ပြောတယ်။ " ငါ ဘေးတိုက်သွားမှာပေါ့ " " မင်းဆိုရင်ကော"

ဘဝသင်ခန်းစာ(ဂ)

Image
ဘဝသင်ခန်းစာ(ဂ)                         ကျီးတစ်ကောင်သည် သစ်ပင်တစ်ပင်ပေါ်တွင် တစ်နေကုန် ဘာမှမလုပ်ဘဲ နားနေသည်။ ၎င်းအဖြစ်ကို နေ့စဉ် တွေ့မြင်နေရသည့် ယုန်တစ်ကောင်က အားကျသံကို မဖုံးနိုင်ဘဲ ပြောလိုက်မိသည်။ “ ကိုရွှေကျီးရေ…ကျွန်တော်လည်း ခင်ဗျားလိုတစ်နေကုန် ဘာမှမလုပ်ဘဲ နားနေချင်လိုက်တာဗျာ…” “ နေချင်ရင် နေပေါ့ကွ ရွှေယုန်ရ… နားမယ်၊ မနားဘူးဆိုတာ မင်းအပေါ်မှာပဲ မူတည်တာပါ…” ယုန်လည်း ကျီးနားနေသည့် သစ်ပင်အောက်တွင် တစ်နေကုန် ဘာမျှမလုပ်ဘဲနားနေလိုက်ရာ ညနေစောင်းခန့် တွင် ဝံပုလွေတစ်ကောင်ရောက်လာပြီး ကိုက်သတ်သွားလေတော့သည်။ မူရင်းရေးသားသူအား Credit: (PS: ဘာမှ မလုပ်ဘဲနားနေချင်ရင် မြင့်မြင့်မှာနေရမယ်။ ဒါမှမဟုတ်ရင်တော့ အစားခံရမယ်။) ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး https://shintnyolay.weebly.com

ဘဝသင်ခန်းစာ(၇)

Image
ဘဝသင်ခန်းစာ(၇)                       တစ်ခါက အင်မတန် မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။ အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။

ဘဝသင်ခန်းစာ(၆)

Image
ဘဝသင်ခန်းစာ(၆) ကျီးကန်းက သိမ်းငှက်ကိုအတုခိုးပြီး သိုးသွားဖမ်းတယ်။ ကိုယ့်လက်သည်းတွေ သိုးအမွေးမှာငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားရဲ့လက်ချက်နဲ့ သေပွဲဝင်ရတယ်။   Credit: မူရင်းရေးသားသူ (PS: ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကို သိထားမှ ဘဝမှာကောင်းကောင်း ရှင်သန်နိုင်မှာဖြစ်တယ်)

ဘဝသင်ခန်းစာ(၅)

Image
ဘဝသင်ခန်းစာ(၅) ပထမတစ်နေ့ အမောင်ယုန်က မြစ်ဘေးမှာ ငါးသွားမျှားတယ်.. ဘာငါးမှမမိဘူး.. လက်ဗလာနဲ့ အိမ်ပြန်သွားတယ်. ဒုတိယတစ်နေ့ ... အမောင်ယုန်က မြစ်ဘေးမှာ ငါးသွားမျှားတယ်.. ဘာငါးမှ မမိဘူး.. လက်ဗလာနဲ့ အိမ်ပြန်သွားတယ်. တတိယတစ်နေ့ ...

လမ်းခွဲရောက်ရင်...

Image
လမ်းခွဲရောက်ရင်... တချို့တချို့တွေက စိတ်ထဲမှာ တချို့တချို့တွေက ရင်ထဲမှာ တချို့တွေက ချန်ထားတယ် တချို့တွေက ကျန်သွားတယ် တွေ့ဆုံကြုံကွဲ ဆိုတာ သိတယ် မရှိရင် မဖြစ်ဘူးဆိုတာ မရှိဘူး ဒါပေမယ့်... လစ်ဟာသွားတဲ့ တချို့နေရာတွေအကြောင်း ဝေးမှ ဆွေးရတာထက် မဝေးခင် ဆွေးရတာ ပိုမိုက်တယ် တချို့တချို့တွေကိုတော့ နေကောင်းရဲ့လား ပျော်ရဲ့လားလို့ ဖုန်းဆက်မိတာလည်း မကြခဏ တချို့တွေက ဆက်သွယ်မှုပြင်ပ ကမ္ဘာကြီးရဲ့ ဟိုးးးး အဝေးကြီးမှာ ငါတို့ ဘယ်တော့မှ ဆက်သွယ်ခွင့် မရှိဘူး ဝေးသွားမှ ခပ်ဆွေးဆွေးတွေးမိတာ ပြောခဲ့ဖူးတဲ့ စကား ကျွေးခဲ့ဖူးတဲ့ မုန့် ပေးခဲ့ဖူးတဲ့ ဘောပင်တစ်ချောင်း ခုနေခါ တန်ဖိုးပိုကြီးသွားတယ် ပြန်တွေးကြည့်တယ် ဆက်နွယ်နေတုန်း ငါသွယ်ခဲ့ဖူးရဲ့လား ခင်မင်ကြောင်း အမူရာ စိတ်တိုလွယ်တဲ့ ငါ ပြဇာတ်မင်းသားတစ်ယောက်လို အပြုံးတွေ မချိုခဲ့တာ သေချာတယ် ငါတို့သွားတဲ့ ခရီးက လမ်းခွဲတွေများတယ် ဆုံနေတုန်း ချစ်ချစ်မုန်းမုန်း မေတ္တာတရားနဲ့ဆို လမ်းခွဲရောက်ရင် ငါတို့ပြုံးနိုင်မယ်ထင်ရဲ့...။ ။ ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး (၁၅.၃.၂၀၁၆ ည ၈း၀၀ နာရီ) (PS:

Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်)

Image
Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်) ============================================ တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ယခု ကာလအတွင်း မျက်စီရှေ့ မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို့ ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို့ ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။

ဘဝသင်ခန်းစာ(၄)

Image
ဘဝသင်ခန်းစာ(၄)               တရားဟောဆရာတစ်ဦးသည် ၎င်း၏မွေးရပ်မြေမှ ပြန်လာသည့်လမ်းခရီးတွင် လမ်းသင့်သဖြင့် အမျိုးသမီး တစ်ဦးကို ကားနှင့်လမ်းကြုံခေါ်လာခဲ့သည်။ လမ်းတွင် စိတ်မရိုးမရွဖြစ်လာသဖြင့် တရားဟောဆရာသည် ဂီယာထိုးရင်း အမျိုးသမီး၏ပေါင်ကို မတော်တဆလိုလိုနှင့် ထိလိုက်သည်။ “ တရားအမှတ် (၁၂၉) ကို သတိပြုဆင်ခြင်ပါနော်…” အမျိုးသမီးစကားကြောင့် တရားဟောဆရာ ကိုယ်ရှိန်တန့်သွားသည်။ ရှက်လည်း ရှက်သွားသည်။ သူ့နှုတ်မှ (Sorry) ဆိုသော စကားသံ ထွက်သွားသည်။ ထို့နောက် စကားသံတို့ တိတ်ဆိတ်သွားသည်။ သို့သော်…။

ဘဝသင်ခန်းစာ(၃)

Image
ဘဝသင်ခန်းစာ(၃) ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက် အပြေးမမြန်ဘူး။ ဒါပေမယ့် ရေထဲမှာတော့ ယုန်ထက် အကူးမြန်ပါတယ်။ (PS:ကိုယ့်ကိုယ်ကို နေရာအထားမမှားပါနဲ့။) ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး https://www.facebook.com/htooaungwintt

ဘဝသင်ခန်းစာ (၂)

Image
ဘဝသင်ခန်းစာ (၂)             ပရိုဂရမ်မာ၊ ဒီဇိုင်နာနှင့် ပရောဂျက်မန်နေဂျာတို့ နေ့လည်စာစားရန် လမ်းလျှောက်ထွက်လာကြစဉ် ရှေးဟောင်းမီးခွက်တစ်လုံးကို အတူတကွ တွေ့ကြလေသည်။ မီးခွက်ကို ပွတ်လိုက်သည့်အခါ မီးခွက်စောင့်ဘီလူး ထွက်လာပြီး             “ လိုရာဆုတောင်းကြ၊ တစ်ယောက်ကို ဆုတစ်ခုပေးမယ်

ဘဝသင်ခန်းစာ (၁)

Image
ဘဝသင်ခန်းစာ (၁)           ရေချိုးရန်စောင့်နေသော ယောက်ျားသည် ဇနီးဖြစ်သူ ရေချိုးပြီး၍ တဘက်ခြုံထွက်လာသည် နှင့် ရေချိုးခန်းအတွင်းသို့ ဝင်သွားသည်။ ထိုအချိန်တွင် တံခါးခေါက်သံကြားသဖြင့် အမျိုးသမီးလည်း အဝတ်အစား မလဲအားတော့ဘဲ တံခါးဖွင့်ကြည့်လိုက်သည်။ ဘေးအိမ်မှ အိမ်နီးချင်း အမျိုးသား ဖြစ်နေသည်။ အမျိုးသမီးထံမှ ဘာစကားသံမျှ ထွက်မလာသေးမီ ထိုသူက ပြောလိုက်သည်။             “ ခြုံထားတဲ့ တဘက်ဖယ်လိုက်ရင် ကျုပ်လက်ထဲပါလာတဲ့ ငွေငါးသိန်း ချက်ခြင်းပေးမယ် ”

ပြဿနာတက်တော့မယ်

Image
ပြဿနာတက်တော့မယ်            တစ်နေ့သ၌ သူခိုးတစ်ယောက်သည် အစိုးရဂိုဒေါင်တစ်လုံးသို့ ၀င်ရောက်ကာ ပစ္စည်းများအား ခိုးယူခဲ့လေ၏။ ခိုးယူပြီးလျှင် ခိုးရာပါပစ္စည်းများကို ချက်ချင်းရောင်းချရာ စုစုပေါင်း ငါးသောင်းကျော်ဖိုးရလိုက်လေသည်။ ထို့နောက် ရရှိသည့်ငွေများထဲမှ ငါးသောင်းကို သူ့မိန်းမထံ အပ်ထားပြီး ကျန်အပိုငွေကို ဘတ်ထားလိုက်၏။ " ငါးသောင်း ဒါအကုန်ဘဲလား  ရှင်ဘတ်ထားမယ်မကြံနဲ့နော် " " အကုန်အပ်တာပါ မိန်းမရာ " နောက်တစ်နေ့တွင် သူခိုးသည် လမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ထွက်လာပြီး လက်ဖက်ရည်မှာသောက်ရင်း   နေ့စဉ်သတင်းစာများ ဖတ်ရှုလိုက်ရာ.. အစိုးရဂိုဒေါင်မှ သိန်းငါးရာတန်ဖိုးရှိပစ္စည်းများ ဖောက်ထွင်းခံရကြောင်း ရေးထားသည်ကိုတွေ့ရ၏ " အလိုဗျာ ငါခိုးတာက ငါးသောင်းကျော်ဖိုး သူတို့ စာရင်းတင်တာက သိန်းငါးရာ တောက်… အိမ်ကမိန်းမသိရင် ပြဿနာတက်တော့မယ် " Credit >> အောက်တိုဘာအောင်ကြီး

လောကကိုပြောင်းလဲစေသည့် နီတိများ(၇)

Image
လောကကိုပြောင်းလဲစေသည့် နီတိများ(၇) စာအုပ်၌ရှိသော အတတ်ပညာနှင့် သူတပါး၏လက်၌ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်၊ အကြောင်းကိစ္စပေါ်ပေါက်သော် အသုံးချမရ။        ။           အာဂုံရမှ အာဂလူ ဆိုသော စကားကိုကြားဖူးကြမည် ထင်သည်။ သို့သော် ကြားဖူးသမျှ ဗဟုသုတ များနှင့် ဆည်းပူးမိသမျှ အတတ်ပညာ တိုင်းကို အာဂုံရဖို့ မလွယ်သည်မှာလည်း သေချာသလောက် ဖြစ်သည်။

လောကကိုပြောင်းလဲစေသည့် နီတိများ(၆)

Image
လောကကိုပြောင်းလဲစေသည့် နီတိများ(၆) အတတ်ပညာနှင့်တူသော မိတ်ဆွေ မရှိ၊ အနာရောဂါနှင့်တူသော ရန်သူ မရှိ၊ ကိုယ်နှင့်တူသော ချစ်အပ်သူ မရှိ၊ ကံနှင့်တူသော ခွန်အား မရှိ။        ။           မိတ်ဆွေကောင်းရှိထားသူသည် လောကီအရေးတွင်သာမက လောကုတ္တရာအရေးထိတိုင် အကျိုးများစေကြောင်း ဗုဒ္ဓဘုရားရှင်က ညီတော်အာနန္ဒာအား နှုတ်မြွက်ကြားခဲ့ဖူးသည်။ ထို့ကြောင့် လူတိုင်းနီးပါး မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းရရန် ဆန္ဒရှိကြသူများချည်းဖြစ်သည်။

လောကကိုပြောင်းလဲစေသည့် နီတိများ(၅)

Image
လောကကိုပြောင်းလဲစေသည့် နီတိများ(၅) အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။ ခြကောင်များစု၍ ကြီးထွားလာသော တောင်ပို့နှင့် အိုးစရည်း၌ ကျဖန်များ၍ ပြည့်လာသော ရေကဲ့သို့ မှတ်အပ်၏။                  ။           လူငယ်၊ လူရွယ်တို့သည် ကြားမြင်သုတကို နည်းသည်၊ များသည် မမှတ်ယူဘဲ လေ့လာမှတ်သား သင့်သည်။ စနစ်တကျ၊ တိကျခိုင်မာ သေချာစွာ မှတ်သားထားသင့်သည်။သို့မှသာ မိမိအလိုရှိချိန်၌ လေ့လာမှတ်သားမိသမျှထဲမှ လိုအပ်သောအရာဟူသမျှကို လွယ်ကူစွာထုတ်ယူ သုံးစွဲနိုင်မည် ဖြစ်သည်။

လောကကိုပြောင်းလဲစေသည့်နီတိများ(၄)

Image
လောကကိုပြောင်းလဲစေသည့်နီတိများ(၄) ပညာရှိသည် သူတစ်ပါးကမမေးသော် ပြောရိုးမရှိ (တီးမှမြည်သော စည်ကြီးနှင့်တူ၏)၊ သူတစ်ပါးက မေးလာသော် သဲသဲမဲမဲရွာချသော မိုးကြီးနှင့်တူ၏၊ (ပြောသင့်သမျှ တစ်လုံးမကျန် ပြောတတ်၏) သူမိုက်သည် သူတစ်ပါးက မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ များစွာပြောဟောတတ်၏။      ။             ကျွန်တော်တို့မြို့သည် စာပေနှင့်ပတ်သက်လျှင် အစဉ်အလာရှိ၏။ အစဉ်အလာကြီး၏။ စာရေးဆရာပေါင်းများစွာထွက်၏။ စာပေနှင့် ပတ်သက်လျှင် ရေခံ၊ မြေခံကောင်း၏။ လောကုတတ္တရာ စာပေတွင် ကျမ်းပေါင်းများစွာပြုစုခဲ့သည့် လယ်တီဆရာတော်နှင့် ဆရာတော်၏တပည့် သေက္ချတောင် ဆရာတော် ဦးတိလောကတို့မှာ မုံရွာနယ်ထွက် ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်ကြသည်။

" သတင်းကောင်း "

Image
" သတင်းကောင်း " ကျွန်တော်က ညပိုင်းတွင် အလုပ်ဆင်းရသည့် Night Auditor တစ်ယောက်ဖြစ်သည်။ တစ်ရက် Training တစ်ခုရှိ၍ သင်တန်းပြီးအောင်တက်ပြီး အိမ်ပြန်လာချိန်တွင် ဖြစ်သည်။ ကျွန်တော့် အမျိုးသမီး ၏ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခု ဖြစ်ပြီဟု သိလိုက်သည် ။ " မကောင်းတဲ့ သတင်းနဲ့  ကိုယ့်ကို မကြိုနဲ့ ကွာ...အလုပ်ပင်ပန်းရတဲ့အထဲ သင်တန်းက တမှောင့်..စိတ်တိုရတာနဲ့ လူလည်းလက်တောက်လောက်ရှိတော့တယ်။ စီးကရက်ကမှ သောက်ပြီးသွားရင် အစီခံကျန်ခဲ့ဦးမယ်..."

သားကြီးအတွက် လက်ဆောင်

Image
         ဒါဟာ သားကြီးအတွက် ကျွန်တော် ပထမဆုံးပေးဖြစ်သည့် လက်ဆောင်ဖြစ်သည်။ စာအုပ်လေးကို   ရွေးချယ်ပေးသူကတော့ သားတို့ မေမေဖြစ်သည်။ ချင်းတွင်းအိမ်စာပေတွင် ကျွန်တော့်စိတ်ကြိုက် စာအုပ် များကို ရွေးနေစဉ် သားမေမေက သားအတွက် ရွေးထားသည့် စာအုပ်မှာ ဘိုဘို ဖြစ်သည်။ ထို့နောက်မှ အင်္ဂလိပ်စာ ကျွမ်းကျင်စေချင်သည့် စေတနာဖြင့် ဤစာအုပ်လေးကို ရွေးလိုက်ခြင်းဖြစ်သည်။

လောကကိုပြောင်းလဲစေသည့် နီတိများ(၃)

Image
လောကကိုပြောင်းလဲစေသည့် နီတိများ(၃) နာကြားခြင်း၊ မှတ်သားခြင်းကြောင့် သုတနှင့် ပြည့်စုံ၏၊ သုတပညာဖြင့် ကြီးပွားတိုးတက်နိုင်၏၊ သုတပညာဖြင့် အနက်အဓိပ္ပါယ်ကို သိနိုင်၏၊ သိထားသော အနက်အဓိပ္ပါယ်သည် ချမ်းသာကိုဆောင်တတ်၏။           ။             ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တဝါအားလုံးတို့၏ အကျိုးအတွက် မင်္ဂလသုတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်ခြင်းကြောင့် မင်္ဂလာဟု ခေါ်သည်။ လောကီ၊ လောကုတ် အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်ဟု ဘုရားရှင်က မင်္ဂလာတရားတော်တွင် အတိအကျ ဟောတော်မူထားသည်။