" သတင်းကောင်း "
" သတင်းကောင်း "
ကျွန်တော်က ညပိုင်းတွင် အလုပ်ဆင်းရသည့် Night Auditor တစ်ယောက်ဖြစ်သည်။ တစ်ရက် Training တစ်ခုရှိ၍ သင်တန်းပြီးအောင်တက်ပြီး အိမ်ပြန်လာချိန်တွင် ဖြစ်သည်။ ကျွန်တော့် အမျိုးသမီး ၏ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခု ဖြစ်ပြီဟု
သိလိုက်သည် ။
" မကောင်းတဲ့ သတင်းနဲ့  ကိုယ့်ကို မကြိုနဲ့ ကွာ...အလုပ်ပင်ပန်းရတဲ့အထဲ သင်တန်းက တမှောင့်..စိတ်တိုရတာနဲ့ လူလည်းလက်တောက်လောက်ရှိတော့တယ်။ စီးကရက်ကမှ သောက်ပြီးသွားရင် အစီခံကျန်ခဲ့ဦးမယ်..."
" ကောင်းပါပြီတဲ့ရှင်...ရှင့်ကို သတင်းကောင်း အရင်ပြောမယ်...မွေးထားတဲ့ သားနှစ်ယောက်မှာ အငယ်ကောင်လေးက မြူးတူးပျော်ပါးလို့ နဘယံ ဘေးမရှိပါရှင်"
" အကြီးလေးကရော..."
" အဟင်းဟင်း...ကွပ်ပျစ်ပေါ်က ပြုတ်ကျလို့ လက်ကျိုးသွားတယ်"
" ဟေ... ဘယ်...ဘယ်လောက်ကုန်သွားလဲ..."
" တစ်ပြားမှ မကုန်ပါဘူးရှင်...ကျောက်ပတ်တီးစည်းတာရော၊ ဓာတ်မှန်ရိုက်တာရော မေမေက ပိုက်ဆံထုတ်ပေးတယ်လေ..."
" အမငီး... တော်သေးတာပေါ့ကွာ...ဒါသတင်းကောင်းပဲကွ..."
" ဟုတ်တယ်... သတင်းကောင်းပဲ..."
ထိုစဉ် ကျောက်ပတ်တီးဖြူဖြူလေးစည်းထားသည့် သားကြီးရောက်လာပြီး ကျွန်တော်တို့ကို လာပြောသည်။
" မေမေရေ ...ညီလေးလည်း သားလို ကွပ်ပျစ်ပေါ်က ပြုတ်ကျပြန်ပြီဗျ..."
" အမငီး... သတင်း... သတင်း........"
" သတင်းကောင်းပါ ဖေဖေရ...သားလို ပတ်တီးဖြူလေးနဲ့ ဖြစ်တော့မှာ၊ ပြီးတော့ ဖွားဖွားက မုန့်တွေလည်း အများကြီးဝယ်ကျွေးဦးမှာ ဖေဖေရ..."
" ငိ..."
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
Comments
Post a Comment