ဘဝသင်ခန်းစာ(၁၄)


ဘဝသင်ခန်းစာ(၁၄) 

               ငှက်တစ်ကောင်သည် ဆောင်းခိုရန်အလို့ငှာ တောင်ပိုင်းအရပ်သို့ ပြန်သန်းလာခဲ့သည်။ လမ်းခုလတ်တွင် အေးလွန်းလှသဖြင့် မခံနိုင်တော့ဘဲ ခဲ၍ မြေပြင်ပေါ်သို့ ကျရရှာသည်။ ထိုစဉ် အနားမှာ ဖြတ်သွားသည့် နွားတစ်ကောင်က အေးခဲနေသည့် ထိုငှက်ပေါ်သို့ မစင်စွန့်ချခဲ့သည်။ ငှက်လည်း အတော်ပင် ဒေါသ ထွက်သွားသည်။ သို့သော် ထိုနွားမစင်ကြောင့် အေးခဲနေရာမှ သက်သာရာရသည်ကို သတိပြုမိသွားသည်။
နွေးထွေးသည့် နွားမစင်ထဲတွင် လဲလျောင်းရင်း ဝမ်းသာလွန်းသည့်အတွက် တေးများပင် သီလိုက်သေးသည်။ ထိုစဉ် တေးသီးသံကို ကြားသွားသည့် ကြောင်တစ်ကောင်ရောက်လာပြီး နွားမစင်ထဲမှ ငှက်ကိုတွေ့ကာ ဆွဲထုတ်ပြီး ကိုက်ချီသွားလေတော့သည်။ 

Credit: မူလရေးသားသူ 

(PS: ကိုယ့်အပေါ် မစင်စွန့်တိုင်း ရန်သူမဟုတ်သလို မစင်ပုံထဲက ဆွဲထုတ်တိုင်း မိတ်ဆွေမဟုတ်ပါ။ မစင်ထဲရောက်နေချိန်တွင် ပါးစပ်ပိတ်ကာ တိတ်တိတ်နေခြင်းသည် အကောင်းဆုံးဖြစ်သည်။)

https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း