ဘဝသင်ခန်းစာ(၁၃)
ဘဝသင်ခန်းစာ(၁၃)
ရေဘဲတစ်ကောင်သည် ကျွဲကြီးတစ်ကောင်နှင့် ဆွေးနွေးနေသည်။
“ ငါကွာ ဒီသစ်ပင်ထိပ်ထိ ပျံနိုင်ချင်လိုက်တာ၊ ငါ့တောင်ပံတွေကလည်း ပျံနိုင်လောက်တဲ့ အားမရှိဘူးကွ…”
“ ဘာခက်သလဲကွာ၊ ငါ့ မစင်နည်းနည်း စားကြည့်ပေါ့၊ ငါက အသီးအရွက်ပဲစားလို့ ငါ့မစင်က အားဖြစ်တယ်လို့ တော်တော်များများက ပြောကြတယ်…”
ရေဘဲလည်း ကျွဲကြီးပြောသည့်အတိုင်း ကျွဲမစင်နည်းနည်း စားကြည့်သည်။ တောင်ပံခတ်အား ကောင်းလာသည်ကို တွေ့ရသည်။ ဤသို့ဖြင့် ရေဘဲလည်း တစ်နေ့လျှင် ကျွဲမစင် နည်းနည်းစားသွားရင်း တစ်ပတ်ခန့်အကြာတွင် သူရောက်ချင်သည့် သစ်ပင်ထိပ်ဖျားထိ ပျံနိုင်လာသည်။
ရေဘဲလည်း ဝမ်းသာအားရနှင့် သစ်ပင်ထိပ်ဖျားတွင် နားကာ အပန်းဖြေနေစဉ် နွားကျောင်းသားတစ်ယောက်က တွေ့သွားကြီး လေးခွနှင့် ဆွဲခြင်း ခံရလေတော့သည်။
မူလရေးသားသူအား Credit:
(PS: မစင်စားပါများလျှင် ထိပ်ဆုံးသို့ရောက်နိုင်ပါသည်။ သို့သော် ကြာရှည်ခံမည် မဟုတ်ချေ။)
Comments
Post a Comment