ဘဝသင်ခန်းစာ(၄)


ဘဝသင်ခန်းစာ(၄)

              တရားဟောဆရာတစ်ဦးသည် ၎င်း၏မွေးရပ်မြေမှ ပြန်လာသည့်လမ်းခရီးတွင် လမ်းသင့်သဖြင့် အမျိုးသမီး တစ်ဦးကို ကားနှင့်လမ်းကြုံခေါ်လာခဲ့သည်။ လမ်းတွင် စိတ်မရိုးမရွဖြစ်လာသဖြင့် တရားဟောဆရာသည် ဂီယာထိုးရင်း အမျိုးသမီး၏ပေါင်ကို မတော်တဆလိုလိုနှင့် ထိလိုက်သည်။
“ တရားအမှတ် (၁၂၉) ကို သတိပြုဆင်ခြင်ပါနော်…”
အမျိုးသမီးစကားကြောင့် တရားဟောဆရာ ကိုယ်ရှိန်တန့်သွားသည်။ ရှက်လည်း ရှက်သွားသည်။ သူ့နှုတ်မှ (Sorry) ဆိုသော စကားသံ ထွက်သွားသည်။ ထို့နောက် စကားသံတို့ တိတ်ဆိတ်သွားသည်။ သို့သော်…။
လမ်းခရီးရှည်ကြီးတွင် အမျိုးသမီးတစ်ဦးနှင့် နှစ်ယောက်တည်းဖြစ်နေ၍ တရားဟောဆရာ၏စိတ်တို့ ထိန်းချုပ်ဖို့ ခက်လာပြန်သည်။ ဂီယာထိုးရင်းမှ သိသိသာသာပင် အမျိုးသမီး၏ပေါင်ကို ထိကိုင်ပစ်လိုက်သည်။
“ တရားအမှတ် (၁၂၉)ကို သေချာ ဂရုပြုဆင်ခြင်ပေးပါရှင်…”
စိတ်ဆိုးသယောင်ရှိနေသည့် အမျိုးသမီးမျက်နှာကိုကြည့်ပြီး တရားဟောဆရာက တောင်းပန်လိုက်သည်။
“ စိတ်မရှိပါနဲ့ဗျာ…၊ ကားပေါ်မှာ ခင်ဗျားရယ်၊ ကျွန်တော်ရယ် နှစ်ယောက်ထဲရှိနေတယ်ထင်တာ စေတန်လည်း ပါလာတယ်ဆိုတာ ခုမှပဲ သိလိုက်ရတယ်။ ခွင့်လွှတ်ပါဗျာ…”
ထို့နောက်မှာတော့ သွားလိုသည့်မြို့ရောက်သည့်တိုင်အောင် ကားလေးထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အိမ်သို့ရောက်သည်နှင့် စာကြည့်ခန်းထဲသို့ တရားဟောဆရာတန်းဝင်သွားသည်။ တရားအမှတ်(၁၂၉)ပါသည့် တရားစာအုပ်ကို လှန်လိုက်သည်။ တရားအမှတ် (၁၂၉)တွင် ဤသို့ရေးထားသည်ကို တွေ့လိုက်ရသည်။
“ နောက်မဆုတ်ပဲ ကြိုးစားပါ၊ အောင်မြင်မှုကို ရပါလိမ့်မယ်… ”

မူလရေးသားသူအား Credit:

(PS: မိမိနှင့်သက်ဆိုင်သည့် ဘာသာရပ်ကို မနှံ့စပ်လျှင် အခွင့်အရေးများ ဆုံးရှုံးနိုင်သည်။)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း