ဘဝသင်ခန်းစာ(၁၆)


ဘဝသင်ခန်းစာ(၁၆)

          ကြောင်နဲ့ ဝက်က သူငယ်ချင်းတွေ။ တစ်နေ့ သူတို့နှစ်ယောက်လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။ ဝက် ကကြိုးအရှည်တစ်ချောင်းသွားရှာလာတယ်။
ကြောင်က ဝက်ကို ကြိုးပစ်ချခိုင်းတယ်။
ဝက်က ကြိုးအခွေလိုက် ပစ်ချပေးလိုက်တယ်။ကြောင်က ဒေါသထွက်ပြီးပြောတယ်။

"နင် ဒီလိုပစ်ချတော့ ငါက ဘယ်လိုတက်လာရမလဲ.. " တဲ့
" ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက်က မေးတယ်။
"ကြိုးတစ်ဖက်ကို လက်ကကိုင်ထားရမှာလေ.." လို့ ကြောင်ကပြန်ဖြေတယ်။
ဝက်က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်တယ်။
" ပြော... ခု ငါဘာဆက်လုပ်ရမှာလဲ "
ကြောင် ငိုသွားတယ်... ပျော်ပြီးဝက်ကိုထဖက်လိုက်တယ်။


မူရင်းရေးသားသူအား Credit:

( PS:အချို့ လူတွေက သိပ်ဥာဏ်မကောင်းကျဘူး.. ဒါပေမယ့် သူတို့က သင့်ဘဝအဆုံးထိ ဘေးမှာထာဝရနေပေးသွားတယ်။ အဲလိုသူငယ်ချင်းမျိုး သင့်မှာရှိနေတာကို မေ့မထားဖို့ လိုပါတယ် )


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း