Posts

Showing posts from April, 2020

စိတ်တွေပြင်ရအောင်

Image
စိတ်တွေပြင်ရအောင်           ကျွန်တော်တို့ ကြီးပွားချင် အချောင်လိုချင်တဲ့စိတ်တွေ ပြင်ရအောင်။ အခုဆို လိုင်းပေါ်မှာ ဟိုပေ့ခ်ျရှယ်ပါ၊ ဒီပေ့ခ်ျရှယ်ပါနဲ့ ဂျင်းထည့်နေတဲ့ပေ့ခ်ျတွေ အများကြီး။ မနေ့ကဆို (Like 2000)လောက်ရှိတဲ့ ပေ့ခ်ျလေးက ရှယ်ခိုင်းတယ်။ ဖုန်းဘေ သိန်း(၁၀၀)ဖိုး မဲဖောက်ပေးမယ်တဲ့၊ အလှူရှင် ဦးအောင်ကိုဝင်းကတဲ့။

တို့နှစ်ယောက် အခုထက်ပို စောတွေ့ခဲ့ရင်

Image
တို့နှစ်ယောက် အခုထက်ပို စောတွေ့ခဲ့ရင်   “မိန်းမရေ … ငါဒီစာကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ငါမင်းကို ထာဝရခွဲသွားပြီဆိုတာကို ပြောပြချင်လို့ပဲ ..။ ငါ ဟာ မင်းအတွက် (၇)နှစ်လောက် ယောက်ျားကောင်းတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ် .. အဲဒီ့အတွက် ငါ့ မှာ ဘာမှ ကောင်းတဲ့ ရလာဒ် မရခဲ့ဘူး …။

လူလိမ္မာထင်ခံချင်တဲ့ လူရိုင်း

Image
  လူလိမ္မာထင်ခံချင်တဲ့ လူရိုင်း              ကျွန်တော် ဟိုတယ်တစ်ခုမှာ အလုပ်ဝင်တုန်းကပေါ့ မှတ်မှတ်ရရ နှစ်ခါလောက် နောက်ပြောင်ဖူးတယ်။ တစ်ယောက်က (G.R.O)။ နောက်တစ်ယောက်က (Bell Boy) ထဲက။ (G.R.O) က ရှမ်းမလေးဗျ။ ရှုပ်နေမှာစိုးလို့ နာမည်တော့ မပြောတော့ဘူး။ ဥပမာ ပြောရရင် အိဖြူဖြူကို ဆိုပါစို့။ သူ အလုပ်ဝင်စမှာ ဂျူတီဝင်ပြီဖြစ်ကြောင်း ကိုယ့်ကိုပြောတယ်။ အဲဒါနဲ့ အလေးပြုပြီးပြီလားဆိုပြီး မေးလိုက်တယ်။ သူကလည်း မပြုရသေးဘူးတဲ့။ (Reception) နောက်မှာ ချိတ်ထားတဲ့ဟာလေးပြပြီး ရောက်လာရင် အလေးပြုရတယ်ဆိုပြီး အလေးပြုခိုင်းလိုက်တယ်။

ဘဝ

Image
  ဘဝ   မုန့်နှစ်ပွဲ ပေါ့ဆိမ့်နှစ်ခွက် ကလေးနှစ်ယောက် အိမ်ထားခဲ့တယ်...။   ရှဥ့်ညိုလေး (၁၉.၁၀.၂၀၁၇ နံနက် ၁၁း၂၇)

မောင်ဖိုးချို သို့မဟုတ် (ယက္ခ)ရဲကြီး

Image
  မောင်ဖိုးချို သို့မဟုတ် (ယက္ခ)ရဲကြီး အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ဦးဆောင်ဆွေးနွေးဖို့ ရွေးချယ်လိုက်တဲ့ စာအုပ်ကတော့ မောင်ဖိုးချို စာစုများ ဖြစ်ပါတယ်။ ဘာကြောင့် ရွေးချယ်လိုက်ရသလဲ ဆိုတော့ သူက ထွက်ထားတာ မကြာသေးတဲ့ စာအုပ်တစ်အုပ် ဖြစ်နေတယ်။ နောက်ပြီး သူ့စာအုပ်ထဲမှာ ခေတ်ကိုထင်ဟပ်ထားတဲ့ အချက်အလက်တွေ ပါနေတယ်။ အပြစ်တင် ပုတ်ခတ်တာ မဟုတ်ဘဲ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ လွဲနေတာတွေ၊ အံချော်နေတာတွေကို ပါးပါးလေးပြထားပါတယ်။

သင်္ချာဆရာလေး ကိုဖြိုးမောင်

Image
  သင်္ချာဆရာလေး ကိုဖြိုးမောင်             ယခုအခါတွင် ဖြိုးမောင်တစ်ယောက် ဆရာတစ်ပိုင်းကျောင်းသားတစ်ပိုင်းဖြစ်နေသည်။ တက္ကသိုလ် တက်ရင်း အိမ်နားလေးမှ ဆယ်တန်းကျောင်းသူလေးတစ်ဦးကို ဂိုက် လုပ်ပေးနေရသောကြောင့်ဖြစ်သည်။ သူက အနစ်နာ မခံနိုင်သော်လည်း စေတနာနှင့် ဝါသနာကြောင့် အခမဲ့ကူညီပေးနေခြင်း ဖြစ်သည်။ စေတနာမှာ ဆယ်တန်းကို ဂုဏ်ထူးများများနှင့် အောင်စေချင်သည်။ ဝါသနာမှာ …အဲ ဝါသနာမှာ…။

ဆုတောင်း

Image
  ဆုတောင်း   တစ်နေ့တစ်နေ့ တိုး...တိုး လာတဲ့ လူတွေကြား သတင်းနားထောင်ရင်း ငါ ရင်ပူတယ်... တစ်နေ့တစ်နေ့ ဆိုး...ဆိုး လာတဲ့ အခြေအနေကြား သတင်းနားထောင်ရင်း ငါ ရင်ပူတယ်... တစ်နေ့တစ်နေ့ တစ်နေ့ ... တစ်နေ့ တစ်နေ့ပြီး ...တစ်နေ့ ဘာ့ကြောင့် ညာ့ကြောင့် ဒါ့ကြောင့်နဲ့ ရင်တွေပူနေရတဲ့ ငါ ဆုတောင်းလိုက်တယ် နင့်အတွက် နင် ရှိတဲ့အရပ်မှာ နင် ပျော်တဲ့အရပ်မှာ နောက်ဆုံး ... နင့်နား ကွက်ကွက်လေးမှာ အေးချမ်းပါစေ...ကလေးရေ...။   ရှဥ့်ညိုလေး (၂၁.၄.၂၀၂၀ နေ့လည် ၁း၄၆မိနစ်)

Learn To Die Well

Image
 Learn To Die Well ကျွန်တော် တရားနာရတာ ကြိုက်ပါတယ်။ ဒါပေမယ့် တရားပွဲ သွားပြီး မနာဖြစ်ပါဘူး။ ဘုန်းစိုးကျောင်းတိုက် အရိယာဝါသ ဗိမာန်တော်ကြီးမှာ ကျွန်တော့်မိဘတွေ တရားပွဲလှူဒါန်းတုန်းက တစ်ခါနာဖြစ်ပါတယ်။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ပါ။ နှစ်တိုင်း တရားပွဲလှူဖြစ်ပေမယ့် အဲဒီတစ်ခါပဲ သွားနာဖြစ်ပါတယ်။ နောက်တစ်ခါက ကျွန်တော့်ယောက်ဖ အလှူမှာ တရားပွဲလှူတုန်းကပါ။ မုံရွာ တင်ဝင်းထွန်းဗိမာန်မှာပါ။ အဲဒီတုန်းက သုံးရက်လား၊ ငါးရက်လား မသိဘူး တရားသွားနာဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီနှစ်ကြိမ်ပါပဲ။ လူစုလူဝေးထဲ သွားရတာ မကြိုက်တာလည်း ပါမယ်ထင်တယ်။

ရောက်တတ်ရာရာ ရေးတဲ့စာ

Image
  ရောက်တတ်ရာရာ ရေးတဲ့စာ   ကျွန်တော် (၁၉၉၅)မှာ (Karate) စသင်တယ်။ တစ်ပတ်မှာ (၃)ရက်။ ဝင်ကြေးက (၅၀)ကျပ်၊ လစဉ်ကြေးက (၅၀)ကျပ်။ ဝင်ကြေး (၅၀၀)၊ လစဉ်ကြေး (၅၀၀)ဖြစ်သွားတဲ့အချိန်ကျတော့ ကျွန်တော် ခါးစည်းအနက် ဖြစ်သွားပြီ။ (၂၀၀၁)မှာပေါ့။ ပြောချင်တာက ဒီသင်တန်းတက်တာကို ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။


Image
ကြောက်မက်ကြေကွဲဖွယ်သတင်း             ယနေ့ မနက်ခပ်စောစောမှာပင် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဂျာနယ်လက်ပွေ့သမားတစ်ဦးက သတင်းထူးတစ်ပုဒ်ကို အော်ဟစ်ရောင်းချနေသည်ကို တွေ့ရသည်။ သူ့အနား၌လည်း လူတချို့ ဝိုင်းအုံနေသည်။ ယခုလိုအချိန်မျိုးတွင် လူစုလူဝေးရှိနေခြင်းသည် မကောင်းပါ။ တချို့က ဂျာနယ်ဝယ်ပြီး ပြန်သွားကြသည်။ မ‌နေ့ကလည်း လူနာထပ်တိုးသဖြင့် လူတွေ စိတ်မသက်မသာ ဖြစ်နေသည်။ ကျွန်တော်လည်း သိချင်စိတ်ဖြင့် လူအုပ်နှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ကာ ဂျာနယ်တစ်စောင် သွားဝယ်လိုက်သည်။ လူတစ်ဦးတစ်ယောက်နှင့် မတိုးတိုက်မိစေရန်လည်း ဂရုစိုက်ရသေးသည်။

ဆရာ မောင်ပိုင်(လေးမျက်နှာ)

Image
#CovidAuthorChallenge ******************** ဆရာ မောင်သြလေး ရဲ့ # CovidAuthorChallenge မေးခွန်းတွေအတွက် ကျွန်တော့် အဖြေတွေကတော့ - ၁။ ဆရာ ဝတ္ထုတစ်ပုဒ်ရေးတဲ့အခါ စပြီး အတွေးရတာကေန နောက်ပိုင်း ရေးလို့ပြီးသွားတဲ့အထိ အခြေအနေအဆင့်ဆင့်ကို အကျဉ်း ပြောပြပေးပါ။ အဖြေ - ကျွန်တော့်အနေနဲ့ ၀တ္ထုတိုရေးတဲ့အခါ များသောအားဖြင့် မူလအတွေးတစ်ခုကို ဆန့်ထွက်ပြီး ရေးတာများပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတိုင်းမှာ Frame , Plan တွေ မပါခဲ့ပါဘူး။ စတင်ရေးစမှာ ပေါ့။ ရေးချင်တဲ့အကြောင်းရာလေးတစ်ခု၊ အတွေးလေးတစ်ခု ရလာတဲ့အခါ အဲဒီပေါ်အခြေခံပြီး ဘယ်လိုပြောရင် ကောင်းမလဲ၊ တင်ပြရကောင်းမလဲဆိုပြီး စရေးဖြစ်ပါတယ်။ စတည်ပြီးရေးရင်းနဲ့ ကိုယ်ပြောချင်တဲ့အကြောင်း ရာနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းမျိုးပေါ်လာတတ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ၀တ္ထုတစ်ပုဒ်ကို ရေးပါတယ်။

Covid Author Challenge

Image
#Covid Author Challenge ဆရာ မောင်ပိုင်(လေးမျက်နှာ)ရဲ့ #Covid Author Challenge မေးခွန်းတွေအတွက် ကျွန်တော့်အဖြေတွေပါ။ ၁။ ဆရာ ဝတ္ထုတစ်ပုဒ် ရေးတဲ့အခါ စပြီးအတွေးရတာကနေ နောက်ပိုင်း ရေးလို့ပြီးသွားတဲ့အထိ အခြေအနေအဆင့်ဆင့်ကို အကျဉ်းပြောပြပေးပါ။           ကျွန်တော် ဝတ္ထုတို/အက်ဆေး တစ်ပုဒ် ရေးတဲ့အခါ ရေးချင်တဲ့ အကြောင်းအရာက ခေါင်းထဲ အရင်ရောက်ပါတယ်။ နောက်ပြီးမှ သင့်တော်တဲ့ ခေါင်းစဉ်ရှာပါတယ်။ တစ်ခါတစ်ခါတော့ ခေါင်းစဉ်က အရင်ရပါတယ်။ ရေးဖို့ အကြောင်းအရာ ရတာနဲ့ ချက်ခြင်းချရေးဖြစ်တာ နည်းပါတယ်။ ခေါင်းထဲမှာ စိမ်ထားတာ များပါတယ်။ အဲဒါကြောင့် ကျွန်တော် စာရေးရင် တစ်ဆက်ထဲ ရေးဖြစ်တာများပါတယ်။

(၁၂.၁၂.၂၀၁၆)အတွက် လက်ဆောင်

Image
(၁၂.၁၂.၂၀၁၆)အတွက် လက်ဆောင်          ဒီနေ့ ဆရာနေမင်းသန်းက ဖုန်းဆက်ပါတယ်။ မနက်(၈း၄၀)လောက်မှာပါ။ ကျွန်တော့်ကို ပေးဖတ်ချင်တဲ့ စာအုပ်လေး ယူလာကြောင်းလည်း ပြောပါတယ်။ အဲဒါနဲ့ ဆရာရောက်နေတဲ့ မျိုးချစ် လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့တာပေါ့။ ဟိုရောက်တော့ ဆရာက လက်ဖက်ရည်သောက်ရင်း ကျွန်တော့်ကို စောင့်နေတယ်။ ကျွန်တော်လည်း ဆရာ့ကို ပေးဖတ်ဖို့အတွက် ရွှေအမြုတေ မဂ္ဂဇင်း (၂၀၁၆) အောက်တိုဘာလထုတ်လေး ယူသွားပါတယ်။