ေၾကာက္မက္ေၾကကြဲဖြယ္သတင္း


ကြောက်မက်ကြေကွဲဖွယ်သတင်း

            ယနေ့ မနက်ခပ်စောစောမှာပင် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဂျာနယ်လက်ပွေ့သမားတစ်ဦးက သတင်းထူးတစ်ပုဒ်ကို အော်ဟစ်ရောင်းချနေသည်ကို တွေ့ရသည်။ သူ့အနား၌လည်း လူတချို့ ဝိုင်းအုံနေသည်။ ယခုလိုအချိန်မျိုးတွင် လူစုလူဝေးရှိနေခြင်းသည် မကောင်းပါ။ တချို့က ဂျာနယ်ဝယ်ပြီး ပြန်သွားကြသည်။ မ‌နေ့ကလည်း လူနာထပ်တိုးသဖြင့် လူတွေ စိတ်မသက်မသာ ဖြစ်နေသည်။ ကျွန်တော်လည်း သိချင်စိတ်ဖြင့် လူအုပ်နှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ကာ ဂျာနယ်တစ်စောင် သွားဝယ်လိုက်သည်။ လူတစ်ဦးတစ်ယောက်နှင့် မတိုးတိုက်မိစေရန်လည်း ဂရုစိုက်ရသေးသည်။

            “ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးပေါ့ဗျာ ”

            ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသည့်အပြင် (mask) တပ်ထားသည့် ဂျာနယ်လက်ပွေ့သမားက အာဘောင်အာရင်းသန်သန် ဆက်ပြောနေသည်။ ကျွန်တော်လည်း ဂျာနယ်တွင် အထူးသတင်းကို ရှာကြည့်သော်လည်း သမားရိုးကျ မထူးဆန်းသတင်းများကိုသာတွေ့သည်။ သူပြောသည့် ကြောက်စရာ အဖြစ်အပျက်ကြီးပါသည့် သတင်းကို မတွေ့။ သို့နှင့်

            “ ဘယ်မှာလဲဗျ သိပ်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ကြီးက ”

            ကျွန်တော့်အမေးကို သူက ဂျာနယ်အပိုထပ်ထည့်ပေးသည့် စာရွက်ကိုမြှောက်ပြလိုက်ရင်း

            “ အဲဒီမှာ စာလုံးမည်းကြီးနဲ့ ရေးထားတယ်လေဗျာ ”

            ကျွန်တော်ကြည့်လိုက်တော့ ပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီးတစ်ဦး လေးမွှပူးမွေးသည့် သတင်းကိုသာ တွေ့ရသည်။ ဟိုဘက်ဒီဘက် လှန်ကြည့်သော်လည်း ကြော်ငြာများသာ တွေ့ရသည်။ သတင်းဆို၍ ကလေးမွေးသည့် သတင်းသာ။ ဂျာနယ်သမားများ သူ့ဂျာနယ်ရောင်းရအောင် ကလိန်စေ့ ငြမ်းဆင်တတ်ပါပေ့။ ဂျာနယ်သမားက ဆက်ပြောသည်။

            “ အဲဒီမှာ တွေ့လား ကလေးမွေးတဲ့သတင်း ”

            “ ဘာဆန်းလဲဗျာ၊ ဒါများ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးတဲ့၊ အခုလို ပြည်သူတွေ ထိတ်လန့်နေချိန် မဟုတ်တရုတ်တွေ မလုပ်ပါနဲ့ဗျ ”

            “ အဟုတ်ပါဗျ၊ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးပါဗျာ။ အဲဒီလေးမွှာပူးမွေးတာ ကျွန်တော့်အမျိုးသမီးလေ ”

            “ အမငိ ”

            ကျွန်တော် အခုမှ သူ့ကို သေချာကြည့်မိသည်။ ခပ်ငိုက်ငိုက်ဆောင်းထားသည့် ဦးထုပ်နှင့် နှာခေါင်းစည်းတပ်ထားသည့်ကြားမှ သူ့မျက်လုံးကိုကြည့်ကာ သူ့ကိုခန့်မှန်းမိသွားသည်။ ထိုသူမှာ …

            “ ကိုစိုးထက် ”

(မှတ်ချက် ၁။ ရုံးများပိတ်ထားသည့် ယခုလိုအချိန်မျိုးတွင် ဂျာနယ်ရောင်းနေသည့် ကိုစိုးထက်သည် အမည်ဖော်ပြရန် မသင့်သည့် ဌာနကြီးတစ်ခုမှ အကြီးအကဲတစ်ဦး ဖြစ်ပါသည်။ မူလတန်းကျောင်းတွင် တစ်ခန်းထဲ နေခဲ့ဖူးသော်လည်း ၎င်းက မမှတ်မိချေ။ သူတာဝန်ယူထားရသည့် ဌာနကြီး၏ အရှိန်အဝါကြောင့် ငယ်သူငယ်ချင်းကို မေ့နေ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ ငယ်သူငယ်ချင်းတစ်ဦးဖြစ်သူ သိင်္ဂါစိုးဆိုသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးမှာမူ ကျွန်တော်တို့မြို့လယ်ရှိ နာရီစင်နားတွင် ဂျုံဖြင့်ပြုလုပ်ထားသည့် ရောင်စုံအရုပ်လေးများ လုပ်ကာ အသက်မွေးဝမ်းကျောင်းမှုပုံစံကို ပြောင်းထားလိုက်ပြီ ဖြစ်ပါသည်။ ကျွန်တော့်မှာမူ ဟိုလုပ်ဝန်ထမ်းဘဝမှထွက်ကာ မုန့်ဖုတ်ရောင်းစားနေသူတစ်ဦးဖြစ်သည်။ ယခုအခါတွင် အပြင်လည်း ကောင်းစွာမထွက်ဝံ့သဖြင့် ကိုယ့်မုန့်ကိုယ်စားကာ အိမ်တွင်းအောင်းပြီး သူများမကောင်း ကိုယ်သာကောင်း စာများကိုသာ ကြိုးစားရေးသား နေရပါကြောင်း…။)

(မှတ်ချက် ၂။     ယခုအချိန်တွင် သူငယ်ချင်းများ စိတ်ဖိစီးမှုများနေသည်ထင်၍ ရယ်မောပျော်ရွှင်စေရန် မှတ်ချက်(၁)မှလွဲ၍ ဖတ်ဖူးသည့် ဟာသတစ်ပုဒ်ကို ဆင့်ပွားထားခြင်း ဖြစ်ပါသည်။ မှတ်ချက်(၁) မှာမူ အမှန်ဖြစ်လေသည်တကား…။)

ရှဉ့်ညိုလေး

(၁၀.၄.၂၀၂၀ နေ့လည် ၁၂ နာရီ ၁၁ မိနစ်)

ေၾကာက္မက္ေၾကကြဲဖြယ္သတင္း

          ယေန႔ မနက္ခပ္ေစာေစာမွာပင္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေပၚ၌ ဂ်ာနယ္လက္ေပြ႕သမားတစ္ဦးက သတင္းထူးတစ္ပုဒ္ကုိ ေအာ္ဟစ္ေရာင္းခ်ေနသည္ကုိ ေတြ႔ရသည္။ သူ႔အနား၌လည္း လူတခ်ိဳ႕ဝိုင္းအံုေနသည္။ ယခုလို အခ်ိန္မ်ိဳးတြင္ လူစုလူေဝး ရွိေနျခင္းသည္ မေကာင္းပါ။ တခ်ိဳ႕က ဂ်ာနယ္ဝယ္ၿပီး ျပန္သြားၾကသည္။ မေန႔ကလည္း လူနာထပ္တိုးသျဖင့္ လူေတြ စိတ္မသက္မသာ ျဖစ္ေနသည္။ ကၽြန္ေတာ္လည္း သိခ်င္စိတ္ျဖင့္ လူအုပ္ႏွင့္ ခပ္လွမ္းလွမ္းတြင္ ကားရပ္ကာ ဂ်ာနယ္တစ္ေစာင္ သြားဝယ္လိုက္သည္။ လူတစ္ဦးတစ္ေယာက္ႏွင့္ မတိုးတိုက္မိေစရန္လည္း ဂရုစိုက္ရေသးသည္။

          “ သိပ္ေၾကာက္စရာေကာင္းတဲ့ ေၾကကြဲဖြယ္ ျဖစ္ရပ္ႀကီးေပါ့ဗ်ာ … ”

          ဦးထုပ္ခပ္ငိုုက္ငိုက္ ေဆာင္းထားသည့္အျပင္ (Mask) တပ္ထားသည့္ ဂ်ာနယ္လက္ေပြ႔သမားက အာေဘာင္အာရင္းသန္သန္ ဆက္ေျပာေနသည္။ ကၽြန္ေတာ္လည္း ဂ်ာနယ္တြင္ အထူးသတင္းကုိ ရွာၾကည့္ေသာ္လည္း သမားရိုးက် မထူးဆန္းသတင္းမ်ားကုိသာ ေတြ႔သည္။ သူေျပာသည့္ ေၾကာက္စရာ အျဖစ္အပ်က္ႀကီးပါသည့္ သတင္းကုိမေတြ႔။ သို႔ႏွင့္

          “ ဘယ္မွာလဲဗ် သိပ္ေၾကာက္စရာေကာင္းတဲ့ ျဖစ္ရပ္ႀကီးက …”

          ကၽြန္ေတာ့္အေမးကုိ သူက ဂ်ာနယ္အပုိထပ္ထည့္ေပးသည့္ စာရြက္ကုိ ေျမွာက္ျပလိုက္ရင္း

          “ အဲဒီမွာ စာလံုးမည္းႀကီးနဲ႔ ေရးထားတယ္ေလဗ်ာ … ”

          ကၽြန္ေတာ္ၾကည့္လိုက္ေတာ့ ျပည္သူ႔ေဆးရံုႀကီးတြင္ အမ်ိဳသမီးတစ္ဦး ေလးမႊာပူးေမြးသည့္ သတင္းကုိသာ ေတြ႔ရသည္။ ဟိုဘက္ဒီဘက္လွန္ၾကည့္ေသာ္လည္း ေၾကာ္ျငာမ်ားသာ ေတြ႔ရသည္။ သတင္းဆို၍ ကေလးေမြးသည့္ သတင္းသာ။ ဂ်ာနယ္သမားမ်ား သူ႔ဂ်ာနယ္ေရာင္းရေအာင္ ကလိန္ေစ့ ျငမ္းဆင္တတ္ပါေပ့။ ဂ်ာနယ္သမားက ဆက္ေျပာသည္။

          “ အဲဒီမွာ ေတြ႔လား ကေလးေမြးတဲ့သတင္း … ”

          “ ဘာဆန္းလဲဗ်ာ၊ ဒါမ်ား သိပ္ေၾကာက္စရာေကာင္းတဲ့ ေၾကကြဲဖြယ္ ျဖစ္ရပ္ႀကီးတဲ့၊ အခုလို ျပည္သူေတြ ထိတ္လန္႔ေနခ်ိန္ မဟုတ္တရုတ္ေတြ မလုပ္ပါနဲ႔ဗ်…”

          “ အဟုတ္ပါဗ်၊ သိပ္ေၾကာက္စရာေကာင္းတဲ့ ေၾကကြဲဖြယ္ ျဖစ္ရပ္ႀကီးပါဗ်ာ။ အဲဒီေလးမႊာပူးေမြးတာ ကၽြန္ေတာ့္ အမ်ိဳးသမီးေလ … ”

          “ အမငိ…”

          ကၽြန္ေတာ္ အခုမွ သူ႔ကုိ ေသခ်ာၾကည့္မိသည္။ ခပ္ငိုက္ငိုက္ေဆာင္းထားသည့္ ဦးထုပ္ႏွင့္ ႏွာေခါင္းစည္းတပ္ထားသည့္ၾကားမွ သူ႔မ်က္လံုးကုိၾကည့္ကာ သူ႔ကုိ ခန္႔မွန္းမိသြားသည္။ ထိုသူမွာ …

          “ ကုိစိုးထက္ … ”

ရွဥ့္ညိဳေလး

(၁၀.၄.၂၀၂၀ ေန႔လည္ ၁၂း၁၁ မိနစ္)

Comments

Popular posts from this blog

ျမန္မာစာ ဆင္းရဲၾကပံုမ်ား

ကၽြန္ေတာ္ႏွင့္ OG Ward

အက္ေဆး (သို႔) ရသစာတမ္းအေၾကာင္း