စိတ်တွေပြင်ရအောင်




စိတ်တွေပြင်ရအောင်

          ကျွန်တော်တို့ ကြီးပွားချင် အချောင်လိုချင်တဲ့စိတ်တွေ ပြင်ရအောင်။ အခုဆို လိုင်းပေါ်မှာ ဟိုပေ့ခ်ျရှယ်ပါ၊ ဒီပေ့ခ်ျရှယ်ပါနဲ့ ဂျင်းထည့်နေတဲ့ပေ့ခ်ျတွေ အများကြီး။ မနေ့ကဆို (Like 2000)လောက်ရှိတဲ့ ပေ့ခ်ျလေးက ရှယ်ခိုင်းတယ်။ ဖုန်းဘေ သိန်း(၁၀၀)ဖိုး မဲဖောက်ပေးမယ်တဲ့၊ အလှူရှင် ဦးအောင်ကိုဝင်းကတဲ့။
ဦးအောင်ကိုဝင်းနဲ့ သူနဲ့က ဘာတော်တာလဲ၊ ဘာဆက်စပ်သလဲ။ ဘာမှ သက်သေမရှိဘူး။ လိုင်းပေါ်မှာ (#)ခံပြီး လူတိုင်းနာမည် ရိုက်လို့ ရနေတာကိုလေ။ ပြထားတဲ့ပုံကလည်း သိန်း(၁၀၀)ဖိုး မဲဖောက်မယ့်ပုံတဲ့ (MPT) ရယ် (Telenor) ရယ်မှ ခြောက်သောင်းဖိုးလောက်ပြထားတာ။ လိမ်တာတောင် များများစားစားပြ မလိမ်နိုင်ဘူး။ လိမ်တယ်လို့ပြောရတာ (Page) လိုက်များချင်လို့ မဟုတ်ဘဲနဲ့ လျှောက်ပြောထားတာလေ။ ယုံတဲ့သူ ငပေါပဲ။ ငပေါဘယ်လောက်များသလဲ၊ အချောင်သမားစိတ် ဘယ်လောက်ပြည့်သလဲဆို ဖုန်းဘေမဲဖောက်ပေးမယ်ဆိုတဲ့ အဲဒီပေ့ခ်ျအောက်မှာ ရှယ်ထားကြတာ ထောင်ကျော်တယ်။ မင်းနဲ့ ဘာဆိုင်လဲလို့ မေးချင်သူတွေ မေးကြလိမ့်မယ်။ ကျွန်တော်တို့က အချင်းချင်းလက်တွဲပြီး ကိုယ့်မှာ မပြည့်သေးတာတွေ ဖြည့်ကြမယ်၊ အသိပညာတွေ ဖလှယ်ကြမယ်ဆိုပြီး ဒီပေ့ခ်ျလေးကို ဖွင့်ထားတာကိုး။ အဲဒီလို လူလိမ်တွေ(Page)၊ အချောင်သမားတွေ၊ စာမဖတ်ဘဲ ပေါ့ပေါ့တွေးပြီး ဟိုဂရုပြန်ရှယ်၊ ဒီဂရုပြန်ရှယ်တဲ့သူတွေနဲ့ မပတ်သက်ချင်ပါဘူး။ အဲဒါကြောင့် မနေ့က ခင်ဗျားယုံသလား၊ ယုံရင်ရှယ်လိုက်ဆိုပြီး ပို့စ်တစ်ခုကို ရွဲ့တင်လိုက်ပါတယ်။ ဒါပေမယ့် တချို့စာမဖတ်ဘဲ အဟုတ်ထင်နေလို့ နောက်ထပ် အမှတ်(၂)ကို ထပ်တင်တယ်။ သိပ်မသိကြဘူးဗျ။ ရလဲအမြတ်ထင်နေသူတချို့ကြောင့် ခင်ဗျားယုံသလား၊ ယုံရင် ရှယ်လိုက် အမှတ်(၃+၄+၅+၆) ဆိုပြီး မထော်မနှမ်းတွေ ရေးတင်လိုက်တယ်။ အဆုံးမှာ ခင်ဗျား အဲဒီလို ပေ့ခ်ျတွေ (Share) ထားရင် ကျွန်တော့်ပေ့ခ်ျကို (Like) မလုပ်ပါနဲ့လို့ ရေးထားမှ သဘောပေါက်ကြတော့တယ်။ ဒါတောင် တချို့ ရှယ်ပြီးပါပြီ ဘာညာတွေ မန့်ထားလို့ ပြန်ရှင်းပြရသေးတယ်။ ကျွန်တော့်ပေ့ခ်ျထဲက ငါးယောက်လောက်တော့ ထွက်သွားတယ်။ တချို့ စိတ်တွေဘာတွေ ဆိုးလို့။ တချိန်တော့ သူတို့တွေ အချောင်စိတ်နဲ့ ငပေါပို့စ်တွေ ရှယ်ခဲ့ဖူးပါလားလို့ သတိပြန်ရကြရင် နည်းနည်းတော့ ပျော်စရာကောင်းသွားမှာပါ။ ကျွန်တော်နောက်ဆို အဲဒီလို လူလိမ်ပေ့ခ်ျတွေ၊ အချောင်စိတ်နဲ့ ဟိုပို့်စ်ရှယ်၊ ဒီပို့စ်ရှယ်တဲ့သူတွေကို အရေးမလုပ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်တွေပြင်ကြရအောင်နော … ။

ထူးအောင်ဝင့်
(၂၉.၄.၂၀၂၀ နေ့လည် ၁း၄၉ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း