ဆုတောင်း

 
ဆုတောင်း
 
တစ်နေ့တစ်နေ့ တိုး...တိုး လာတဲ့ လူတွေကြား
သတင်းနားထောင်ရင်း ငါ ရင်ပူတယ်...
တစ်နေ့တစ်နေ့ ဆိုး...ဆိုး လာတဲ့ အခြေအနေကြား
သတင်းနားထောင်ရင်း ငါ ရင်ပူတယ်...
တစ်နေ့တစ်နေ့
တစ်နေ့ ... တစ်နေ့
တစ်နေ့ပြီး ...တစ်နေ့
ဘာ့ကြောင့်
ညာ့ကြောင့်
ဒါ့ကြောင့်နဲ့
ရင်တွေပူနေရတဲ့ ငါ
ဆုတောင်းလိုက်တယ် နင့်အတွက်
နင် ရှိတဲ့အရပ်မှာ
နင် ပျော်တဲ့အရပ်မှာ
နောက်ဆုံး ...
နင့်နား ကွက်ကွက်လေးမှာ
အေးချမ်းပါစေ...ကလေးရေ...။
 
ရှဥ့်ညိုလေး
(၂၁.၄.၂၀၂၀ နေ့လည် ၁း၄၆မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း