Posts

Showing posts from May, 2016

တွေးမိတွေးရာ

Image
တွေးမိတွေးရာ           လူတွေ တိရစ္ဆာရုံတွေ ဘာ့ကြောင့် သွားရသလဲ။ ကျွန်တော် စဉ်းစားကြည့်တော့ အချက်နည်းနည်းတွေ့ရတယ်ဗျ။ (၁) မမြင်ဖူးလို့ (၂) ကလေးတွေ အပျင်းပြေဖို့ (၃) အစာကျွေးချင်လို့ ဆိုပြီး ထွက်လာတယ်။ နောက်ထပ် အကြောင်းခြင်းရာတချို့လဲ ရှိဦးမှာပါ။

``မှ ´´နှင့် ``က´´

Image
``မှ ´´နှင့် ``က´´ .အသုံးအနှုန်း မှန်ကန်မှု                             အသုံးအနှုန်းမှာ အများဆုံးမှားတတ်ကြတာက မှ နဲ့ က ပြဿနာဖြစ်ပါ တယ်။ တစ်ယောက်ယောက်ဆီ စာတင်တဲ့အခါဖြစ်ဖြစ်၊ အချင်းချင်း ဆက်သွယ် တဲ့အခါ ဖြစ်ဖြစ် မှ နဲ့ က မှားယွင်းသွားတဲ့အခါ ပြဿနာရှိလာနိုင်ပါတယ်။ အလွယ်ဆုံးကတော့ မှ လား က လား မသေချာရင် မှ ကို လုံးဝမသုံးဘဲ ရှောင်လိုက်တာ ကောင်းပါတယ်။ မှ ကို မသုံးဘဲ ရှောင်လို့ရပါတယ်။ မှ ဆိုတာ ထွက်ခွာရာပြ စာအသုံး ဖြစ်ပါတယ်။

အက်ဆေး

Image
အက်ဆေး ကလောင်အမည်= ဇော်ဇော်အောင် `အက်ဆေး´ ဆိုတာ ဘာလဲ။ ကမ္ဘာ့ `အက်ဆေး´ ဖခင်သည် မီရှယ်မောန်တိန်း [Michel Eyquem de Montaigne (1533-92)] ဖြစ်သည်ဟု ဆရာစဉ်သမားစဉ် အမှတ်အသားရှိသည်။ သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၈ နှစ်ရှိပြီ။ ထိုမျှအထိ ဆွဲဆန့်လျှင် ရှည်လျားလေးလံပေသည်။ သိမီသလောက်က ဖြတ်ပြောပါမည်။

တန်ရာတန်ကြေး

Image
တန်ရာတန်ကြေး                ကျွန်တော်မကြာခဏရောက်ဖြစ်သည့် နေရာတွေထဲတွင် ကျောက္ကာလည်းပါသည်။  ကျောက္ကာတောင်ရွာရှိ ရွှေဂူနီဘုရားသို့ ဘုရားဖူးသွားခြင်း ဖြစ်သည်။တစ်ခါတစ်ရံတော့ ရွှေဂူနီဘုရားမှ ဆက်ကာ မုံရွာ-အရာတော်လမ်းအတိုင်း အနည်းငယ်ဆက်သွားကာ ကျောက္ကာရွှေဂူဖြူသို့ သွားတတ်သေးသည်။ အလွန်နည်းပါးသည့် တစ်ခါတစ်ရံမှာတော့ ထန်းဇလုပ်ရေတံခွန်ရှိရာသို့ သွားသည်။

ပေါင်တစ်ဖက်သာ ထိုးကွင်းမင်ကြောင် ထိုးသော မင်းသား

ပေါင်တစ်ဖက်သာ ထိုးကွင်းမင်ကြောင် ထိုးသော မင်းသား  တောင်ငူခေတ် စာဆိုနတ်ရှင် နောင်၏ ရတု အများစုမှာ အချစ် ရေး၊ အလွမ်းရေး ဟူသော နှလုံး သားရေးရာ များကို ဖွဲ့သော ရတု များဖြစ်သည်။ ပြုံးစရာ အကွက် ကလေးများကို ထည့်သွင်းရေးဖွဲ့ သော ရတုမျိုးလည်း အနည်း အကျဉ်း ပါဝင်သည်။

မြန်မာအသတ် ပါဠိအသတ်

Image
မြန်မာအသတ် ပါဠိအသတ် ကလောင်အမည်=မောင်ခင်မင်(ဓနုဖြူ ) "ဘဘ သမီးဘတ်စ်ကားစီးသွားရင်း လမ်းဘေးမှာမကြာခင်က အသစ်ဆောက်ထားတဲ့ မဏ္ဍပ်ကြီး တစ်ခုကို သတိထားမိပါတယ်။ မဏ္ဍပ်နဖူးစည်းမှာ ရေးထားတဲ့စာနဲ့ပတ်သက်လို့ မေးစရာပေါ်လာလို့ပါ ဘဘ" အိမ်နီးချင်းကျောင်းသူကလေး မူမူက ကျွန်တော့်အိမ်ဘက်ကူးလာပြီး စကားစလိုက်ခြင်းဖြစ်သည်။

နောင်တ

Image
နောင်တ ငါနောင်တ မရခဲ့ပါဘူး မင်းကို ချစ်ခဲ့တာတွေအတွက် ငါနောင်တ မရခဲ့ပါဘူး နင် ထားခဲ့တာတွေအတွက် ငါနောင်တ မရခဲ့ပါဘူး မိုးနဲ့ရောတဲ့ ငါ့မျက်ရည်အတွက်။ ကာလတွေတိုက်စားလို့ နာရီတွေလည်း ဟောင်းသွားတယ် ရာသီတွေလည်း ပြောင်းသွားတယ်။ ခု ငါ… နောင်တရတယ် နင်ချစ်တဲ့သူနဲ့ ချန်ထားမိတဲ့ အပြစ်အတွက် ခု ငါ… နောင်တရတယ် နင်ထားခဲ့ဘ၀မှာ နေပျော်ခဲ့တဲ့ ငါ့အတွက်။ နင်မပျော်တာ သိတော့ မျက်ရည်နဲ့ရောတဲ့မိုးတွေ နောင်တအဖြစ်နဲ့ ရွာချလိုက်တာ နင်မသိဘူး ငါ့မှာ မြည်နေတဲ့ဖုန်းတောင် မကိုင်ဝံ့တာ နင်မသိဘူး သိပ်ဆိုးဝါးတဲ့ ဖြစ်တည်မှုတွေအကြောင်း … အဖြူရောင်ဟာ မဖြူစင်တဲ့အကြောင်း … နောင်တရဲ့ နောင်တတွေအကြောင်း … တကယ်တော့ ငါက အခါးမကြိုက်ဘဲ ကော်ဖီသောက်ခဲ့မိသူပါ…။        ။ (ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/) (၂၆.၅.၂၀၁၆ နံနက် ၆း၂၆ မိနစ်ပြီး)

အသွား

Image
အသွား “ ဂွတ်ဒ်လပ်ခ်…” ထိုအသံနှင့်ကပ်လျက် ဂျိမ်းဆိုသည့် သံတံခါးပိတ်သံကို သူကြားလိုက်သည်။ လည်တိုင်ကို အသာငဲ့ရင်း ကြည့်လိုက်တော့ မှောင်ရိပ်ကျနေသည့် တံခါးနောက်ကွယ်မှ အသံရှင်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူခေါင်းကို ဆတ်ခနဲညိတ်ရင်း အေးစက်စက်ဆိုင်ကယ်ပေါ်သို့ တက်လိုက်သည်။

ကိုယ်နှင့် Idiom (စကားစမြည်)

Image
ကိုယ်နှင့် Idiom (စကားစမြည်) စာရေးသူ=ပြည့်ပြည့်               Idiom ဆိုတဲ့ စာလုံးကို အဘိဓာန်တွေက ဒေသိယစကား၊ ဥပစာ စကားလို့အဓိပ္ပါယ်ဖွင့် ကြတယ်။ ဒေသတစ်ခု ၊ ပတ်ဝန်းကျင်တစ်ခု ဒါမှမဟုတ် လူမျိုးတစ်မျိုးအတွင်း အင်္ဂလိပ်စာ ကိုလေ့လာနေ သူတွေ ဒါမှမဟုတ် မိမိရဲ့ပထမဘာသာစကားမဟုတ်တဲ့ ဘာသာစကား တစ်ခုခုကို လေ့လာနေသူတိုင်း အဲ့ဒီဘာသာစကားရဲ့ Idiom တွေကိုလေ့လာကြရတယ်။ ဘာသာစကားတစ်ခုကို နည်းနည်းပါးပါးပြော တတ်ရုံ ရည်ရွယ်တယ်ဆို ကိစ္စမရှိပေမယ့် သေသေချာချာလေး အသုံးချမယ် ဆိုရင်တော့ idiom တွေကို မလွှဲမရှောင်သာပဲ တွေ့ရမြင်ရမှာ သေချာတာကိုး။

စကားပြောနှင့် စကားပြေ

Image
စကားပြောနှင့် စကားပြေ                   စာရေးသားရာတွင် စကားပြောဟန်နှင့် စကားပြေဟန်ဟူ၍ နှစ်ပိုင်းရှိရာ ကျွန်တော်က စကားပြေဟန်ဖြင့် ရေးရသည်ကိုပို၍ နှစ်သက်သည်။ စာတစ်ပုဒ်ပြီးမြောက်ရန်အတွက် အကြောင်းအရာက အဓိကဖြစ်သည်။ သို့သော် အောင်မြင်သည့်စာတစ်ပုဒ်ဖြစ်ရန်အတွက်မူထိုအကြောင်းအရာကို လိုက်ဖက် သည့်ဟန်ဖြင့် တင်ပြသည်က ပို၍ထိရောက်ပေလိမ့်မည်။

တစ်ယောက်ယောက် စောင့်ကြည့်နေတယ်

Image
တစ်ယောက်ယောက် စောင့်ကြည့်နေတယ်              တစ်ဦးတစ်ယောက် ခင်ဗျားကို စောင့်ကြည့်နေတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား။ အပြင်သွားတဲ့အခါ အဲဒီခံစားချက်မျိုး ဖြစ်လာရင်လှည့်ကြည့်လိုက်။တစ်ဦးတစ်ယောက်က မရည်ရွယ်ဘဲနဲ့  ဖြစ်ဖြစ်၊ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ကြည့်နေတာမျိုး တွေ့ရတတ်တယ်။ ဒါပေမယ့် ဘယ်သူမှမရှိဘဲ တစ်ခါတစ်ရံ ခံစားမိဖူးမယ် ထင်ပါတယ်။ 

နွေရာသီကား ပူ၏

Image
  နွေရာသီကား ပူ၏                 နွေရာသီကား ပူ၏။ ထို့ကြောင့် နေ့ခင်းပိုင်း အိပ်ပျော်ရန် ခဲယဉ်း၏။ အသံအနှောက်အယှက်များ ကင်းဝေးလို၏။ အိပ်ပျော်နေစဉ် ဖုန်းမြည်မည်ကို လွန်စွာကြောက်၏။ ထို့ကြောင့် ဖုန်းကို ပိတ်၏။ ဖုန်းပိတ်ပါများသော် သူငယ်ချင်းတချို့ အထင်လွဲကုန်၏။ Black List ပြသည် ထင်ကြ၏။ စတေး ရှောင်သည် ထင်ကြ၏။ တချို့ ရန်ထောင်၏။ နှုတ်ခမ်းထော်၏။ မျက်စောင်းထိုး၏။ မပြတ်တောက်နိုင်သော သူငယ်ချင်းများက မေတ္တာပို့၏။ ချက်ဘောက်တွင် ဘောက်လာ ချက်ကြ၏။ အားလုံးကို (Ignore) လုပ်လိုက်သည့်အခါ လွန်စွာသက်သာ၏။ စိတ်မကျေနပ်မှုများ၊ စိတ်ဖိစီးမှုများကိုစာပေါများအဖြစ်ပြောင်းကာ ဖေ့စ်ဘွတ်ခ်ထက်တွင် တင်၏။ သောကများ၊ ဒေါသများ အငွေ့ပျံကာ ဖေ့စ်ဘွတ်ခ်ထက်တွင် ပျောက်၏။ ကျွန်ုပ်ကား ဖေ့စ်ဘွတ်ခ်ကို အပျော်သုံးသူတည်း။

ဘဝသင်ခန်းစာ(၃၁)

Image
ဘဝသင်ခန်းစာ(၃၁)                    အမေရိကရှိ တက္ကသိုလ်တစ်ခုတွင် တကယ်ဖြစ်ပျက်ခဲ့သည့် ပုံပြင်တစ်ပုဒ်ဖြစ် ပါသည်။ တစ်ခါက တက္ကသိုလ်တစ်ခုတွင် ကျောင်းဆင်းခါနီး ဆရာက .. “ကစားနည်းတစ်ခု ကစားရအောင်။ ဆရာနဲ့အတူ ဘယ်သူပါမလဲ” ကျောင်းသူတစ်ဦးက ထရပ်ပြီး စင်မြင့်ပေါ်တက်လိုက်သည်။ ဆရာက “သင်ပုန်းပေါ်မှာ ကိုယ်နဲ့အရင်းနှီးဆုံး လူ ၂၀ ဦးရဲ့ နာမည်ကို ရေးလိုက်ပါ” ဟုဆိုသည်။ သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစုနာမည်များကို ရေးချလိုက်သည်။ ထို့နောက် ဆရာက

မြင်နေရုံလေး

Image
မြင်နေရုံလေး ငါတို့နှစ်ယောက်က စာတစ်အုပ်ရဲ့ ရှေ့မျက်နှာနဲ့ နောက်ကျောဖုံးပါ။ တန်ဖိုးဆိုတာက တို့နှစ်ဦးကြားမှာ ရှိနေတဲ့ အရာတွေမို့လား။ ဘ၀က ပြဌာန်းပြီးပြီ ဆိုမှတော့ တို့နှစ်ဦးကြားမှာရှိတဲ့အရာတွေကို သေချာထုပ်ပိုးဖို့လိုတယ်။ တကယ်တော့နင်နဲ့ငါက မြင်နေရက်နဲ့ လွမ်းရုံလေးပဲလေ... ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး https://shintnyolay.weebly.com

ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင်

Image
ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင် တချို့တွေက ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြသည်။ တချို့တွေကတော့ ပျော်ချင်ယောင်ဆောင် ရင်း ဖြတ်သန်းကြသည်။ တချို့တချို့တွေက ငြိုငြင်မှုအပြည့်နှင့် ဖြတ်သန်းနေကြရသူများ ဖြစ်သည်။ မည်သူ့တွင်မျှ ဘဝအပို ပါမလာခဲ့ကြချေ။ လုပ်ငန်းအမျိုးမျိုး၊ အသိုင်းအဝိုင်းအမျိုးမျိုးနှင့် ပတ်သက် ဆောင်ရွက်နေကြရသည်ပင် ဘဝအမျိုးမျိုးပိုင်သည်ဟု ထင်နေကြသူတွေ များသည်။ တကယ်တော့ ကိုယ့်ရဲ့ပြုမူ ဆောင်ရွက်မှုအားလုံးသည် ကိုယ့်ဘဝပဲဖြစ်သည်။

သူငယ်ချင်း မင်း မကောင်းဘူး

Image
သူငယ်ချင်း မင်း မကောင်းဘူး   ကျွန်တော့်ကို သူငယ်ချင်းတွေက ပြောတယ်။ ပြတ်သားလွန်းသူကြီးတဲ့။နေနိုင်လွန်းသူကြီးတဲ့။ အိမ်က မဒီ အပေါ်မှာပေါ့။ ဟုတ်တယ်...ကျွန်တော်က စိတ်မရှည်ဘူး။ အဲဒီတော့ ခပ်ပြတ်ပြတ်ပဲ။ ခင်ဗျားသဘောပေါက်အောင် နံပါတ်စဉ်ထိုး ပြောရရင်ဗျာ... ၁။ တစ်လကို လေးငါးရက်ကလွဲလို့ ကျန်တဲ့ရက်တွေ အိမ်ပြန်မအိပ်ဘူး ။ ၂။ မိုးလင်းရင်လည်း ပြန်ချင်တဲ့အချိန်မှ ပြန်တယ်။ ၃။ Breakfast ကို ဘယ်တော့မှ မျက်နှာချင်းဆိုင် တစ်ဝိုင်းထဲ မစားဘူး။ ၄။ မိန်းမကို ဘယ်တော့မှ အရိပ်တကြည့်ကြည့် မနေဘူး။

မြင်းမနှင့် ညစာ

Image
မြင်းမနှင့် ညစာ ယောက်ျားဖြစ်သူက အလုပ်မှ ပြန်လာသည်။ အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းတွင် စောင့်နေသည့် မိန်းမဖြစ်သူက အနားသို့ချက်ခြင်းရောက်လာပြီး ရုတ်တရက် ဖြန်းခနဲ ပါးရိုက်လိုက်သည်။ ဒေါသထွက်သွားသည့် ယောက်ျားဖြစ်သူက လေသံမာမာနှင့် မေးလိုက်သည်။ " ဘာလို့ ရိုက်တာလဲ" " ရှင့်အင်္ကျီအိတ်ထဲမှာ မေရီ ဆိုတဲ့ မိန်းမနာမည်တွေ့လို့... " " အော် ဒါလား၊ အဲဒါ ကိုယ်ေ လာင်းထားတဲ့ မြင်းမကွ..." " ဟင်း..."

ဘဝသင်ခန်းစာ(၃၀)

Image
ဘဝသင်ခန်းစာ(၃၀)               ဖားအရှင်တစ်ကောင်ကို ရေထည့်ထားတဲ့အိုးထဲထည့်လို့မီးအပူပေးပါ။ ရေရဲ့အပူချိန်  မြင့်တက်လာလေလေ၊ ဖားရဲ့ကိုယ်ခန္ဓာအပူချိန်ဟာလည်း သဘာဝအလျှောက် ရေအပူချိန်နဲ့လိုက် လို့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုပဲ ရေရဲ့အပူချိန်မြင့်လာလေလေ၊ဖားရဲ့ခန္ဓာကိုယ်အပူချိန် လည်း မြင့်လာလေလေပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ရေဟာ ရေဆူမှတ်ကိုရောက်လာချိန်မှာတော့ ဖားဟာ ရေရဲ့အပူချိန်အတိုင်း သူ့ခန္ဓာကိုယ်အပူချိန်ကို လိုက်မပြောင်းနိုင်တော့ဘူး။

နောက်စေ့မှာ မျက်နှာတစ်ခု

Image
နောက်စေ့မှာ မျက်နှာတစ်ခု ဒီနေ့ ကျွန်တော့်သားအကြီး ကောင်းဇေယျာလင်း ဆံပင်သွားညှပ်သည်။ ခါတိုင်းညှပ်တော့ ခြုံထည်လေးပတ်၊ ဆံပင်ညှပ်ပြီးလျှင် ပြီးပြီဖြစ်သည်။ ယနေ့ညှပ်တော့ အကူကောင်လေးက ခေါင်းနောက်ပိုင်းပုံကို သားကြီးမြင်နိုင်ရန် မှန်ထောင်ပြသည်။ သားကြီးက ရီသည်။ နောက် မျက်နှာကို မဲ့ရွဲ့ကာ ပုံစံအမျိုးမျိုး လုပ်ကြည့်သည်။ ကျွန်တော်လည်း အရှက်ပြေပြောခဲ့ရသည်။ " အဖေတူသားဆိုတော့ မျက်နှာက စပရိန်မျက်နှာဗျ... "

ဘာညာသာရကာ

Image
ဘာညာသာရကာ အပျိုကြီးဆိုတာ ရှေးခေတ်တယ်လီဖုန်းလိုပဲ ဒိတ်ကလဲအောက်နေပြီ လိုင်းကလဲမမိတော့ဘူး လိုင်းမိလေမလားလို့မိုးပေါ် မြှောက်မြှောက်ပြရတာလဲအမော ထောင့်ငါးရာတန်ဆင်းကဒ်မြင်ပြန်တော့လဲ မတူသလိုမတန်သလိုနဲ့ ``နင်တို့ငယ်ပါသေးတယ်`` ဆိုတာမျိုးနဲ့ဆုံးမချင်သေး ဈေးကြီးပေးမှရခဲ့တာမို့ ဒီဂုဏ်ကိုလွင့်ပစ်ရမှာလဲ နှမျောပြန် အပေါ်လဲမရောက်အောက်မရောက်နဲ့ ကွက်ပြီးလိုင်းပျောက်နေသူတွေ ခိ... (အကြည်တော်)

ပုံပြင်လေးပါ

Image
ပုံပြင်လေးပါ   ရယ်စရာပုံပြင်လေးတစ်ခု ပြောပြမယ် သူငယ်ချင်းတို့။ လေမတိုက်ဘဲ သစ်ပင်တွေငြိမ်နေတဲ့အချိန် နွေနေ့လည်ခင်းကြီးတစ်ခုမှာပေါ့။ ထုံးစံအတိုင်း မီးများကလည်း ပျက်နေချိန်၊ ထန်းယပ်တောင်လေး တဖြတ်ဖြတ်ခတ်လို့ ကိုယ်ပေါ်က ချွေးတွေကို ခစားနေချိန်မှာ ချစ်စွာသော မဒီစံက မေးခွန်းတစ်ခု ထုတ်လာတယ် သူငယ်ချင်းတို့။ မီးပျက်နေချိန်မို့ စာစီစရာ မလိုသလို ဂုတ်ကျီးပေါင်းကြောင့် စာများမဖတ်နိုင်သေးချိန်မို့ လတ်လျားလတ်လျားနဲ့ လောကကြီးကို အကောင်းမြင် အူရွှင်နေချိန်မှာပေါ့ကွယ်။ 

ဘဝသင်ခန်းစာ(၂၉)

Image
ဘဝသင်ခန်းစာ(၂၉) လေထဲမှာ သိမ်းငှက်လွတ်လွတ်လပ်လပ် ပျံသန်းနေတာကိုတွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။ ငါလည်း သူ့လို လုပ်နိုင်တယ်ဆိုပြီး အမြင့်ပေါ်တက်ခုန်ချတယ်။ အတောင်ပံနှစ်ချက်မခပ်ရခင် အောက်ကျပြီး သေတယ်။ (PS: ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင်မှာတော့ ကိုယ်မသိတဲ့အရာ၊ နယ်ပယ်ကို မျက်ကန်းတောတိုး မစမ်းပါနဲ့။) မူလရေးသားသူအား Credit:

ဘဝသင်ခန်းစာ(၂၈)

Image
ဘဝသင်ခန်းစာ(၂၈)              တခါက...သမီးရည်းစားနှစ်ယောက် ရှိသတဲ့။ တရက်တော့ ကောင်မလေးကို သူ့အိမ်က တခြားလူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့ ပြင်သတဲ့။ ဒီသတင်းကို သဲ့သဲ့ကြားတော့ ကောင်လေးက ကောင်မလေးကို မေးတယ်... ... "မမ... မမကို အိမ်ထောင်ချပေးကြတော့မလို့ဆို... မောင်တော့ လွမ်းရပါပြီကွယ်" "မလွမ်းရပါဘူး မောင်ရဲ့၊ မမက လက်မခံနိုင်ဘူး ငြင်းလိုက်ပါပြီ"

ဘဝသင်ခန်းစာ(၂၇)

Image
ဘဝသင်ခန်းစာ(၂၇)                    လင်မယားနှစ်ယောက် ကုန်တိုက်တစ်ခုကနေ ဈေးဝယ်ပြီး ပြန်ထွက်လာတော့ ကားပါ့ကင်မှာရပ်ထားတဲ့ သူတို့ရဲ့ကား မရှိတော့ဘူး။သူခိုး ခိုးခံလိုက်ရပြီ။ ဒါနဲ့ အိမ်ကို တက်စီငှားပြီး ပြန် လာကြရတယ်။ ဒါပေမယ့်... နောက်နေ့မနက်မိုးလင်းလို့ ကြည့်လိုက်တော့ အိမ်ရှေ့မှာ သူတို့ပျောက်သွားတဲ့ကား ပြန်ရောက်နေတယ်။ ကားမှန်မှာ စာလေးတစ်စောင်ကပ်ထားတယ်။ ဖတ်ကြည့်လိုက်တော့... ...

ဘဝသင်ခန်းစာ(၂၆)

Image
ဘဝသင်ခန်းစာ(၂၆)               လင်မယားနှစ်ယောက် ကုန်တိုက်တစ်ခုကနေ ဈေးဝယ်ပြီး ပြန်ထွက်လာတော့ ကားပါ့ကင်မှာ ရပ်ထားတဲ့ သူတို့ရဲ့ကား မရှိတော့ဘူး။ သူခိုး ခိုးခံလိုက်ရပြီ။ ဒါနဲ့ အိမ်ကို တက်စီငှားပြီး ပြန်လာကြရတယ်။ ဒါပေမယ့်... နောက်နေ့မနက်မိုးလင်းလို့ ကြည့်လိုက်တော့ အိမ်ရှေ့မှာ သူတို့ပျောက်သွားတဲ့ကား ပြန်ရောက်နေတယ်။ ကားမှန်မှာ စာလေးတစ်စောင်ကပ်ထားတယ်။ ဖတ်ကြည့်လိုက်တော့... ...