ဘဝသင်ခန်းစာ(၂၈)


ဘဝသင်ခန်းစာ(၂၈)

             တခါက...သမီးရည်းစားနှစ်ယောက် ရှိသတဲ့။
တရက်တော့ ကောင်မလေးကို သူ့အိမ်က တခြားလူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့ ပြင်သတဲ့။
ဒီသတင်းကို သဲ့သဲ့ကြားတော့ ကောင်လေးက ကောင်မလေးကို မေးတယ်... ...

"မမ... မမကို အိမ်ထောင်ချပေးကြတော့မလို့ဆို... မောင်တော့ လွမ်းရပါပြီကွယ်"
"မလွမ်းရပါဘူး မောင်ရဲ့၊ မမက လက်မခံနိုင်ဘူး ငြင်းလိုက်ပါပြီ"
"ရပါတယ်မမရယ်... ဂုဏ်ကိုဂုဏ်ချင်းထပ်၊ စိန်ကို ရွှေနဲ့ကွပ်မှ တင့်တယ်မှာပါ၊ မောင်လိုငမွဲ လွမ်းကျန်ခဲ့လည်း ဘယ်သူမှ မသနားပါဘူး မမရယ်၊ မောင်လွမ်းနေမှာပါ"
"မောင် လွမ်းစရာမလိုပါဘူး၊ မမလည်း တခြားလူကို မယူပါဘူး၊ ငြင်းလိုက်ပါပြီဆို"
"မငြင်းပါနဲ့ မမရယ်၊ မောင် လွမ်းပါရစေ"
"မောင် မလွမ်းရပါဘူး၊ အိမ်ကအတင်းပေးစားရင်တောင်မှ မောင့်နောက်လိုက်ခဲ့မယ့် မိန်းမပါ"
"မလိုက်ပါနဲ့ မမရယ်၊ မောင်ဘဝက ချို့တဲ့ပါတယ်၊ အဝေးကနေ လွမ်းနေမှာပါ"
"ငင်... ဒီလောက်ပြောနေတာကို မရဘူး၊ နေပါအုံး မောင်က ဘာဖြစ်ချင်တာတုံး"
"လွမ်းချင်တာလေ"
"အေး... ဒီလောက်တောင် လွမ်းချင်တဲ့ သေနာကောင် ချပပဲအေ... အင့်ဟာ"
... ဆိုပြီး ကောင်မလေးက ပွတ်သွားတယ်။
(လက်ဝါးနဲ့ ပါးကို မရိုက်ရက်လို့ ပွတ်ယုံပဲ ပွတ်သွားတာကို ပြောတာ)
- ဘယ်လိုပဲ လိုက်လျောပါမယ်လို့ ပြောပြော
- ဘယ်လိုခရီးကြမ်းကြမ်း အတူလက်တွဲကြပါမယ်လို့ ပြောပြော
လွမ်းကိုလွမ်းချင်နေတဲ့ အကောင်ကလည်း အပြတ်အသတ်ကို လွမ်းနေတော့ သတဲ့။
သူက လွမ်းပဲလွမ်းချင်တာလေ... ...။

Credit: ဆရာသန်၎ကို
(PS: တချို့တွေက လွမ်းရုံလေးပဲ လွမ်းချင်ကြတာပါ။ တစ်နည်းအားဖြင့် သူများသနားတာကို လိုချင်သူတွေပေါ့...)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း