မြင်းမနှင့် ညစာ

မြင်းမနှင့် ညစာ

ယောက်ျားဖြစ်သူက အလုပ်မှ ပြန်လာသည်။ အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းတွင် စောင့်နေသည့် မိန်းမဖြစ်သူက အနားသို့ချက်ခြင်းရောက်လာပြီး ရုတ်တရက် ဖြန်းခနဲ ပါးရိုက်လိုက်သည်။ ဒေါသထွက်သွားသည့် ယောက်ျားဖြစ်သူက လေသံမာမာနှင့် မေးလိုက်သည်။
" ဘာလို့ ရိုက်တာလဲ"
" ရှင့်အင်္ကျီအိတ်ထဲမှာ မေရီ ဆိုတဲ့ မိန်းမနာမည်တွေ့လို့... "
" အော် ဒါလား၊ အဲဒါ ကိုယ်ေ လာင်းထားတဲ့ မြင်းမကွ..."
" ဟင်း..."


မိန်းမဖြစ်သူက မှားသွားမှန်းသိသော်လည်း ခြေသံဆောင့်ဆောင့်နှင့် အခန်းတွင်း ၀င်သွားသည်။
နောက်ရက်တွင် ယောက်ျားဖြစ်သူက အလုပ်မှ စောပြန်လာသည်။ အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းတွင် သူ့အားစောင့်နေသည့် မိန်းမဖြစ်သူကို တွေ့လိုက်ရသည်။ မိန်းမဖြစ်သူက မျက်နှာထားတင်းတင်းနှင့် မေးလိုက်သည်။
" ဒါလည်း ရှင်လောင်းထားတဲ့ မြင်းမလား... "
" နာမည်က ဘယ်သူလဲဟင်..."
" အေမီတဲ့..."
" ဟာ ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်လောင်းထားတဲ့မြင်းပဲ၊ မေရီချည်းပဲ နေ့တိုင်းလောင်းနေပါ့မလားကွ၊ အရူးမှ မဟုတ်တာ... "
ထို့နောက် ယောက်ျားဖြစ်သူက အ၀တ်အစားများလဲကာ ရေချိုးခန်းသို့ဝင်သွားသည်။ စိမ်ပြေနပြေ ရေချိုးပြီးနောက် ပြန်ထွက်လာသည်။
" ဖြန်း..."
" ဘာဖြစ်ပြန်ပြီလဲဟ..."
" ရှင့်မြင်းမ ဖုန်းဆက်လို့..."
" ဟေ... ဘယ်မြင်းမတုန်းဟ..."
" အေမီဆိုတဲ့ မြင်းမလေ၊ ရှင်ကြိုက်တဲ့ ဟင်းလေးချက်ထားလို့ ညစာအတူစားရအောင် အိမ်လာခဲ့ပါတဲ့... "
" ငိ..."
မိန်းမလက်ထဲရောက်နေသည့် သူ့ဖုန်းလေးကိုကြည့်ရင်း ခေါက်ချင်သည့်" တောက်" ကို မြိုချလိုက်သည်။ ထိုအခါ သူ့ဗိုက်ထဲမှ မြည်လာသည့်အသံက ...
" ဂြီ..."

(PS: ဖုန်းမြည်သံတွေဆို ကျွန်တော်လည်း သိပ်ကြောက်တာ...၊ အိပ်နေတုန်းမြည်ရင် လန့်လန့်နိုးလို့ပါ...ဆက်ကြနဲ့နော်...)
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း