ဘဝသင်ခန်းစာ(၂၇)


ဘဝသင်ခန်းစာ(၂၇)

                   လင်မယားနှစ်ယောက် ကုန်တိုက်တစ်ခုကနေ ဈေးဝယ်ပြီး ပြန်ထွက်လာတော့ ကားပါ့ကင်မှာရပ်ထားတဲ့ သူတို့ရဲ့ကား မရှိတော့ဘူး။သူခိုး ခိုးခံလိုက်ရပြီ။ ဒါနဲ့ အိမ်ကို တက်စီငှားပြီး ပြန် လာကြရတယ်။ ဒါပေမယ့်...
နောက်နေ့မနက်မိုးလင်းလို့ ကြည့်လိုက်တော့ အိမ်ရှေ့မှာ သူတို့ပျောက်သွားတဲ့ကား ပြန်ရောက်နေတယ်။
ကားမှန်မှာ စာလေးတစ်စောင်ကပ်ထားတယ်။ ဖတ်ကြည့်လိုက်တော့... ...

"မနေ့က င့ါမိန်းမကိုယ်ဝန်သည် ဈေးဝယ်ရင်း ရုတ်တရက်ဗိုက်နာလာလို့ ဆေးရုံကို အမြန်သွားလိုက်ရတယ်၊ မင်းတို့ရဲ့ကားကို ဝါယာလျှော့ရိုက်ပြီး ငါမောင်းသွားတာ၊ ငါ့ မိန်းမနဲ့ င့ါကလေးရဲ့ အသက်ကို ကယ်တင်လိုက်နိုင်လို့ မင်းတို့ကို ကျေးဇူးတင်ပါတယ်။ ကျေဇူးဆပ်တဲ့ အနေနဲ့ ဒီည ဗလေဇာရုံမှာကမယ့် နာမည်ကြီးပြဇာတ် လက်မှတ်နှစ်စောင် ထည့်ပေးလိုက်ပါတယ်၊ ပျော်ရွှင်ကြပါစေ"
ဒီလိုဆိုတော့လည်း ကားပျောက်တဲ့လင်မယားမှာ သူခိုးကို အပြစ်မတင်ရက်တော့ဘူး။
ညကျတော့ သစ္စာရှင်သူခိုးပေးတဲ့ လက်မှတ်နှစ်စောင်နဲ့ ပြဇာတ်သွားကြည့်ကြတယ်။
လက်မှတ်ခ ဈေးကြီးတော့ ကိုယ့်ဟာကိုယ်ဆို ဝယ်ကြည့်ဖြစ်မှာ မဟုတ်ဘူးလေ။
ပြဇာတ်ပြီးလို့ အိမ်ကိုလည်း ပြန်ရောက်ရော... ...
ဟိုက်ခ်ျ...
တစ်အိမ်လုံး ရစရာမရှိအောင် မွှစာကျဲလို့။ အပေါ်ထပ်အောက်ထပ် တန်ဖိုးကြီးပစ္စည်းမှန်သမျှ ပါသွားပြီ
သူခိုးဝင်မွှေသွားပြီ... ...
ဧည့်ခန်းစားပွဲပေါ်မှာတော့ စာလေးတစ်စောင်ကို ပန်းအိုးလေးနဲ့ ဖိထားတာ တွေ့လို့ ဖတ်ကြည့်တယ်...
"ဟလို... ငါပါ။ ကလေးမွေးဖို့ ဆေးရုံသွားဖို့ ကားခဏလိုသလိုပဲ၊ ဒီကလေးကြီးလာရင်လည်း ကျောင်းထားဖို့ စရိတ်လိုတယ်မလား"

Credit: ဆရာသန်၎ကို
(PS: ဘယ်ကိစ္စမဆို ကျေးဇူးတင် မစောပါနဲ့...)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း