``မှ ´´နှင့် ``က´´

``မှ ´´နှင့် ``က´´
.အသုံးအနှုန်း မှန်ကန်မှု

                            အသုံးအနှုန်းမှာ အများဆုံးမှားတတ်ကြတာက မှ နဲ့ က ပြဿနာဖြစ်ပါ တယ်။ တစ်ယောက်ယောက်ဆီ စာတင်တဲ့အခါဖြစ်ဖြစ်၊ အချင်းချင်း ဆက်သွယ် တဲ့အခါ ဖြစ်ဖြစ် မှ နဲ့ က မှားယွင်းသွားတဲ့အခါ ပြဿနာရှိလာနိုင်ပါတယ်။ အလွယ်ဆုံးကတော့ မှ လား က လား မသေချာရင် မှ ကို လုံးဝမသုံးဘဲ ရှောင်လိုက်တာ ကောင်းပါတယ်။ မှ ကို မသုံးဘဲ ရှောင်လို့ရပါတယ်။ မှ ဆိုတာ ထွက်ခွာရာပြ စာအသုံး ဖြစ်ပါတယ်။
အိမ်မှသွားသည်၊ အိမ်မှထွက်သည် စသဖြင့် ရေးသားရပါတယ်။ က ဆိုတာကတော့ စာရော၊အပြောပါ သုံးနိုင်ပါတယ်။ ထွက်ခွာရာပြ ဖြစ်သလို ပြုလုပ်သူပြ လည်း ဖြစ်ပါတယ်။ အိမ်ကထွက်တယ်၊ အိမ်ကထွက်သည် စသဖြင့် သုံးနိုင်ပါတယ်။
အခုမှားနေကြတာက မှ ကို ပြုလုပ်သူ နေရာမျိုးမှာ သွားသွားသုံးနေကြ တာ ဖြစ်ပါတယ်။ ဆရာမှပြောကြားသည်၊ ဆရာမှ ပို့ချသည်၊ သင်တန်းသားများမှ တင်ပြသည် စသဖြင့် သုံးနေကြပါတယ်။ မှ နေရာမှာ က လည်း သုံးနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မှ ကို လုံးဝမသုံးဘဲ က ကိုသာ ရဲရဲတင်းတင်း သုံးပါ။ ပြဿနာ မရှိပါဘူး။ ဘာဖြစ်လို့ မှ ကို သုံးရတာလဲလို့ တချို့ကို ကျွန်တော် မေး ကြည့်တဲ့အခါ စာဆန်တယ်ထင်လို့၊ ခံ့ခံ့ညားညားရှိတယ်ထင်လို့ လို့ ပြောကြပါတယ်။ တကယ်တော့ ဒါဟာ မဟုတ်ပါဘူး။
 

မောင်ခင်မင်ဓနုဖြူ၏ ရုံးစာ ရေးနည်း စာအုပ်မှ
Photo:Ma Su Mon Mon

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း