နောက်စေ့မှာ မျက်နှာတစ်ခု


နောက်စေ့မှာ မျက်နှာတစ်ခု

ဒီနေ့ ကျွန်တော့်သားအကြီး ကောင်းဇေယျာလင်း ဆံပင်သွားညှပ်သည်။ ခါတိုင်းညှပ်တော့ ခြုံထည်လေးပတ်၊ ဆံပင်ညှပ်ပြီးလျှင် ပြီးပြီဖြစ်သည်။ ယနေ့ညှပ်တော့ အကူကောင်လေးက ခေါင်းနောက်ပိုင်းပုံကို သားကြီးမြင်နိုင်ရန် မှန်ထောင်ပြသည်။ သားကြီးက ရီသည်။ နောက် မျက်နှာကို မဲ့ရွဲ့ကာ ပုံစံအမျိုးမျိုး လုပ်ကြည့်သည်။ ကျွန်တော်လည်း အရှက်ပြေပြောခဲ့ရသည်။
" အဖေတူသားဆိုတော့ မျက်နှာက စပရိန်မျက်နှာဗျ... "
အိမ်ရောက်တော့ သားကြီးက သူ့အမေကို ဘာရယ်မသိ သွားပြောသည်။ သူ့အမေက ခွက်ထိုးခွက်လှန်ရယ်ရင်း
" အဖေ့သွားပြောချေ... " ဟု လွှတ်လိုက်သည်။
သားကြီးက ရယ်ကျဲကျဲဖြင့် နောက်စေ့လေးပွတ်ရင်း ကျွန်တော့်ထံရောက်လာသည်။
" ဖေဖေ သိလား၊ သားနောက်စေ့မှာ မျက်နှာတစ်ခုရှိတယ်ဗျ...ခုနတုန်းက မှန်ထဲမှာ တွေ့လိုက်တယ်၊ ခုစမ်းကြည့်တော့ မျက်နှာကို မစမ်းရဘူး၊ အဲဒါ ဘာဖြစ်လို့လဲဟင်... "
" ငိ..."
ဒါ့ကြောင့် ဆံပင်ညှပ်ဆိုင်မှာ သားက မှန်ကြည့်ရင်း ပြုံးလိုက်၊ မဲ့လိုက် လုပ်နေတာကိုးဟု စဉ်းစားမိတော့သည်။
သားနားလည်အောင် ကျွန်တော်ဘယ်လို ရှင်းပြရမလဲ သူငယ်ချင်းတို့...။


ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း