နောင်တ



နောင်တ

ငါနောင်တ မရခဲ့ပါဘူး
မင်းကို ချစ်ခဲ့တာတွေအတွက်
ငါနောင်တ မရခဲ့ပါဘူး
နင် ထားခဲ့တာတွေအတွက်
ငါနောင်တ မရခဲ့ပါဘူး
မိုးနဲ့ရောတဲ့ ငါ့မျက်ရည်အတွက်။
ကာလတွေတိုက်စားလို့
နာရီတွေလည်း ဟောင်းသွားတယ်
ရာသီတွေလည်း ပြောင်းသွားတယ်။
ခု ငါ… နောင်တရတယ်
နင်ချစ်တဲ့သူနဲ့ ချန်ထားမိတဲ့ အပြစ်အတွက်
ခု ငါ… နောင်တရတယ်
နင်ထားခဲ့ဘ၀မှာ နေပျော်ခဲ့တဲ့ ငါ့အတွက်။
နင်မပျော်တာ သိတော့
မျက်ရည်နဲ့ရောတဲ့မိုးတွေ
နောင်တအဖြစ်နဲ့ ရွာချလိုက်တာ နင်မသိဘူး
ငါ့မှာ မြည်နေတဲ့ဖုန်းတောင် မကိုင်ဝံ့တာ နင်မသိဘူး
သိပ်ဆိုးဝါးတဲ့ ဖြစ်တည်မှုတွေအကြောင်း …
အဖြူရောင်ဟာ မဖြူစင်တဲ့အကြောင်း …
နောင်တရဲ့ နောင်တတွေအကြောင်း …
တကယ်တော့ ငါက
အခါးမကြိုက်ဘဲ ကော်ဖီသောက်ခဲ့မိသူပါ…။      

(ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/)
(၂၆.၅.၂၀၁၆ နံနက် ၆း၂၆ မိနစ်ပြီး)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward