Posts

Showing posts from February, 2018

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၆)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၆)          (အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောကတင်မကဘူး၊ သံသရာတစ်ခုလုံးကို ကြည့်တာ။ ) ကို ဆက်ဖတ်ရန်

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၅)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၅)           ကျွန်တော် ဥာဏ်မီသလောက် ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ ပြီး လျှောက် ရေးလိုက်ရင် ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။ Describe လုပ်တာ။ အသေးစိတ် ဖော်ပြတာပေါ့။ ဒါမှမဟုတ် Communicate လုပ်လိုက်တာ။ ကို....ဆက်ဖတ်ရန်...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၄)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၄) ခိုင့် သူငယ်ချင်း . မောင် . သို့မဟုတ် တက္ကသိုလ်ဘုန်းနိုင်           ဘ၀ဟူသည် သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် ... တစ်ရိုးတံမှာ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်ဝလှသော စိန်ပန်းရွက်နှင့် ဘ၀မျိုးလည်းရှိသည်။ တစ်ညှာ တွင် တစ်လွှာရှိ ဤအလွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘ၀မျိုးလည်း ရှိပါ၏။ ခိုင် နှင့် ကျွန်တော့် ဘ၀မှာမူ ... နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရမည့် စွယ်တော်ရွက်ပမာ ဖြစ်ခဲ့ရသည်။ တစ်လွှာကြွေခဲ့လေပြီမို့ တစ်ရွက် မမည် လေတော့သော အထီးကျန် ဤဘ၀၀ယ် ...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၃)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၃)           " ထဘီကလေး တစ်ထည် "ထဲက မိဒိုးနဲ့ ညှိုးသူကို ကူဆောင်လို့ ထဲက မငွေမြိုင်တို့ ဟာလည်း ကျွန်မ တွေ့မြင်ကြုံကြိုက် ခဲ့ရတဲ့ ဇာတ်ကောင်တွေထဲက နှစ်ယောက်ပေါ့။ ခုချိန်ထိလည်း မငွေမြိုင် ဟာ အင်းဝမြို့ဟောင်းတွေကြားမှာ ထမင်းရှာစားနေဆဲပါပဲ။ ကို ဆက်ဖတ်ရန်...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၂)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၂) ဘ၀သရုပ်ဖော်စာပေနှင့် နုနုရည်အင်းဝ          မေလထုတ် ပေဖူးလွှာ "တွေ့ဆုံပေးခြင်းကဏ္ဍ" အတွက် လူရွေးကြတော့ "နုနုရည် အင်းဝ"ကို တွေ့ဆုံဖို့ စဉ်းစားကြပါတယ်။ စာတည်းချုပ်ကို တင်ပြကြတဲ့အခါမှာ စာတည်းချုပ်ရဲ့ သဘောထားကတော့ နုနုရည် ရဲ့ စာတွေကို ဂရုတစိုက် ဖတ်လာမိကြတဲ့ အချိန်ကာလက သိပ်မရှည်ကြာသေးပေမယ့် စာဖတ်ပရိသတ် စိတ်ဝင်စား နေတဲ့ စာရေးဆရာမ ဖြစ်တာက တစ်ကြောင်း။ ပေဖူးလွှာကပဲစပြီး စင်တင်ခဲ့တဲ့ စာရေးဆရာ ဖြစ်တာက တစ်ကြောင်း၊ ဒီကဏ္ဍနဲ့ပတ်သက်ပြီး စာတည်းအဖွဲ့ ခံယူထားတဲ့ မူအရ တစ်ကြောင်း နုနုရည်ကို ပဲတွေ့ဆုံပါလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ဒီလ ကျွန်တော် တွေ့ဆုံပေးရမယ့်သူက စာရေးသက် တစ်နှစ်တာအတွင်း မဂ္ဂဇင်း အတော်များများမှာ နေရာယူလာတဲ့ နုနုရည်အင်းဝ။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၀)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅၀) တက္ကသိုလ်မြစိမ်းနှင့်တွေ့ဆုံခြင်း       ဒီလ ကျွန်တော် တွေ့ဆုံပေးမယ့်သူကတော့ ၁၉၆၅ ခုနှစ်မှာ "မိုးရွာသော ညများနှင့်အခြားဝတ္ထုတိုများ"နဲ့ အမျိုး "နောက်တိုး" ၀တ္ထုနဲ့ အမျိုးသားစာပေ (၀တ္ထုရှည်)ဆု ချီးမြှင့်ခံရတဲ့ တက္ကသိုလ်မြစိမ်းပဲဖြစ်ပါတယ်။ တက္ကသိုလ်မြစိမ်းဆိုတာနဲ့ တစ်ပြိုင်နက် ဇာတ်၊ အငြိမ့်နဲ့ ဆိုင်းလောကကို နောက်ခံထားပြီး ပီပီပြင်ပြင် ခြယ် မှုန်းသွားခဲ့တဲ့ "နောက်တိုး"ကို သတိရမိကြမှာဖြစ်သလို တိုင်းမင်းကြီးသမီး၊ ညွှန်ကြားရေးမှူးချုပ် ကတော်၊ စုံကန္ထာ နေပူခရီးစတဲ့ ဆရာမ လက်ရာတွေကို စာချစ်သူများ မှတ်မိကြပါလိမ့်မယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၉)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၉)          ၁၉၆၇၊ စက်တင်ဘာ ၈၊ ကသာမြို့နယ်၊ ကူးကာအုပ်စု၊ ကျားသေရွာမှာ နေ့စဉ် "တံငါရွာက ပန်းလှေ" ကဗျာကို ရေးပါတယ်။ "မိခင် မာရသွန်" ကဗျာစာအုပ်ထဲမှာ ဒီကဗျာပါလာပါလိမ့်မယ်။ ကျားသေရွာ ဆိုတာ ဧရာဝတီမြစ်နဲ့ရော ရွှေလီမြစ်နဲ့ရော နီးပါတယ်။ မြစ်၊ ချောင်း၊ အင်းအိုင် ပေါပြီး မုရင်းစပါး စိုက်တယ်။ မြေပဲ အကြီးအကျယ် လုပ်တယ်။ ရေလုပ်ငန်းနဲ့လည်း အသက်မွေးပါတယ်။ ရွာခြေ ၀န်းကျင် ဟာ သာယာတယ်။ ဆောင်းဦးပိုင်း မှာ မြူတဆို့ဆို့နဲ့ ရီရီဝေေ၀၊ ကောင်းကင်မှာ တောငန်းရိုင်း တွေ ပျံလို့ပေါ့။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၈)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၈) လမင်းတရာနှင့်တွေ့ဆုံခြင်း ကြည်အောင် " လမင်းတရာနှင့်တွေ့ဆုံခြင်း" လို့ ကျွန်တော် ခေါင်းစဉ်တပ်လိုက်ပေမယ့် စာရေးဆရာ လမင်းတရာ မဟုတ်ပါ။ ကဗျာချစ်သူများ ရင်မှာ စွဲငြိစေခဲ့တဲ့ "လမင်းတရာ" ကဗျာစာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့တဲ့ မန္တလေးမြို့က(တစ်နည်း ပြောရရင်တော့ အင်းဝမြို့ဟောင်းက) ကဗျာဆရာ (ဦး)ကြည်အောင်နဲ့ တွေ့ဆုံ ပေးမှာဖြစ်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၇)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၇)    (ဆရာနဲ့ မြတ်မွန် မန္တလေးကို ထွက် သွားကြပြီး ပြန်လာတော့ "ဧည့်သည်"ကို စ ရိုက်တယ်။ တခြားအခန်း တွေ အရင်ရိုက်ပြီး ဘယ်နေ့ ဘယ်ရက် မှာ မင်းသားအခန်းတွေ ရိုက်မယ်ဆိုပြီး ချိန်းလိုက်တယ်။) ကို ဆက်ဖတ်ရန်..........

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၆)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၆)          (ဆရာကလည်း ဖလင်တွေ တော်တော် ဖြုန်းခဲ့တာပဲ။ မကြိုက် ပြန်ရိုက်၊ မကောင်းပြန်ရိုက် အဲဒီလို အလုပ် နဲ့ ကြိုးစားခဲ့တယ်။ ရုပ်ရှင်လောကမှာ သဘာဝကျကျနဲ့ ထူးထူးခြားခြား ထွက်လာနိုင်အောင် ကြိုးစား ခဲ့တယ်။ ဘာကြောင့် ကြိုးစားတာလဲဆိုတော့ အဲဒီအချိန်က စာပေနယ် မှာ " သာဓု" ဆိုတာ ထိတ်ထိတ်ကြဲ ဖြစ်နေ တဲ့ အချိန်။ အဲဒီလို ထိတ်ထိတ်ကြဲ ဖြစ်နေတဲ့ အချိန်။ အဲဒီလို ထိတ်ထိတ်ကြဲတဲ့ သာဓု ရုပ်ရှင် ရိုက်ရာမှာလည်း သူများအောက်က မနေဘူးဆိုပြီး ကြိုးစားခဲ့တာပဲ။ အဲဒါကြောင့် အကယ်ဒမီတွေ ရခဲ့ ကြတယ်။ မြတ်မွန် အကယ်ဒမီ ရတာကတော့ သူ့ရဲ့ ကြိုးစားမှု၊ ဆရာက ပြင်းပြင်းထန်ထန် သင်ပေးမှု တွေကြောင့် ရခဲ့တာ။) .. ကို ဆက်ဖတ်ရန်....

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၅)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၅)         (နောက် ကိုယ် ရွှေတိဂုံဘုရားဖူးရင်း ပြုရင်းနဲ့ ဒီသဘောကို စဉ်းစားမိတယ်။ ဒီသဘောလေး ၀တ္ထုရေးရရင်၊ ကဗျာရေးရင် ကောင်းမှာပဲလို့။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ နောက် ရန်ကုန်မှာ လာပြီး ရှစ်နှစ် ဗွီအိုင်ပီ လာလုပ် ရတယ်။ အဲဒီတုန်းက ကိုယ်ကတော့ အားလုံးကို လက်ခံတွေ့ခဲ့တာပဲ။ ကူညီနိုင်တဲ့ကိစ္စဆိုရင် ကူညီခဲ့တာပဲ။ ဒါပေမဲ့ ကိုယ် ရာထူးလက်ကိုင် မရှိတော့တဲ့အချိန်မှာ ကိုယ် ကူညီခဲ့ဖူးသူ တချို့တွေက လမ်းမှာတွေ့ရင် တောင် မတွေ့သလို မမြင်သလို လုပ်လာကြတယ်။ မခေါ်ချင်သလို မပြောချင်သလို လုပ်လာကြတယ်။ ) ကို ဆက်ဖတ်ရန်.........

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၄)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၄)      (" ဟုတ်ပါတယ်။ အတိုရေးတာပဲများတယ်။ ဒါပေမဲ့ အခု ရှာမတွေ့တော့ဘူး။ မန္တလေးက ၁၉၄၇ ခုနှစ်လောက်မှာ ထုတ်ခဲ့တဲ့ "ဂွဂျာနယ်" ထဲက "သြော် စီးကရက်" ဆိုတဲ့ ဟာမျိုးလေးတွေဆိုရင် ပြန်လိုချင် တယ်။ ဒီဝတဍ္ဍထုက အင်္ဂလိပ်၊ အမေရိကန် ပြန်ဝင်လာတဲ့အချိန်မှာ ဒီးကရက်တွေ သိပ်ပေါတော့ ဗမာဆေး လိပ်ခုံတွေ ပျက်စီးသွားတယ်။ ဆေးလိပ် လိပ်ပြီး အမေနဲ့ မောင် ညီမလေးကို လုပ်ကိုင်ကျွေးမွေးနေရတဲ့ ဆေးလိပ်သမလေး ဘ၀ပျက်ပြီး "ကြက်တန်း" ရောက်သွားတာ ရေးထားတာပဲ။) ကို ဆက်ဖတ်ရန်...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၃)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၃) မန္တလေးက ဦးကြည်မြ          "စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း" ကဏ္ဍအတွက် ဒီလ ရွေးချယ်ထားတဲ့သူကတော့ မန္တလေးမှ သတင်း စာ ဆရာ၊ စာရေးဆရာ ဆရာဦးကြည်မြပဲ ဖြစ်ပါတယ်။ ဆရာ ဦးကြည်မြက ၀တ္ထုတိုနဲ့ ကဗျာတွေပဲ ရေးပါတယ်။ ၀တ္ထုရှည်ကိုတော့ (၁၉၄၅-၄၆) လောက်ကပဲ ရေးခဲ့ဖူးတာ ဆိုတော့ ဒီနေ့ လူငယ် စာဖတ်ပရိသတ်များအနေနဲ့ ဆရာ့ ၀တ္ထုရှည်တွေကိုတော့ ဖတ်နိုင်ခွင့် မကြုံခဲ့ကြပါဘူး။ ၀တ္ထုတိုတွေကတော့ သောင်းပြောင်းထွေလာ၊ ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေမှာ မကြာခဏ ပါခဲ့ပါတယ်။ ဒီလ ကျွန်တော်ုတိ့ ပေဖူးလွှာမှာလည်း စာဆိုတော်လ အထူးအစီအစဉ်အဖြစ်နဲ့ ရေးပေးထား တဲ့ "ငယ်ပေါင်းယဉ်ဟန်ကြွယ်တဲ့" ကို ဖော်ပြပေးထားပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၂)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၂)           (ဘယ်မှာလဲ … ကာရန်၊ တစ်ခုမှ မပါပါဘူး။ အခု ရေးနေကြတဲ့ ကာရန်မဲ့ကဗျာ ဆိုတာတွေက ကာရန်တွေ ပါ နေကြတယ်။ ဒီကြားထဲမှာ ကာရန်မဲ့ကဗျာကို "လွတ်လပ်ကာရန်" ဆိုပြီး ခေါ်တဲ့လူက ခေါ်တယ်။ "ဗလာကဗျာ" လို့ ခေါ်သူက ခေါ်သေးတယ်။ ဆောရီးပါပဲ။ ကျွန်တော် ယူကတည်းကိုက အင်္ဂလိပ်စာလုံး Without ဆိုတာကို တိုက်ရိုက်ဘာသာပြန် ယူထားတာပဲ။ တခြားစကားလုံး အစားထိုးလို့ ဘယ်နည်းနဲ့မှ မရ နိုင်ပါဘူး။ Free Verse ဆိုတာလည်း ကျွန်တော် လက်မခံပါဘူး။ Free Verse ဆိုတာ မရှိဘူး။ Blank Verse ပဲရှိတယ်။ ဂျပန်မှာလည်း လုပ်တော့ လုပ်ခဲ့ကြသေးတာပဲ။) ကို ဆက်ဖတ်ရန်...........

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၁)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၁)         ( တစ်ပုဒ် ပြီးသွားတဲ့နောက်ပိုင်း ရက်တော်တော်ကြာကြာ စာမရေးဖြစ်တော့ပါဘူး။ အဲဒီရက် တွေမှာ စာဖတ် ပါတယ်။ အချက်အလက်တွေ စုပါတယ်။ ဖတ်ရက် တွေးရက် ကြာလာတော့ ရင်ထဲမှာ ခံစားမှုလေး တွေ ပြည့်လာပြန်ရော။ အဲဒီတော့ နောက်တစ်ပုဒ်ကို စ ရေးပြန်ရော ပေါ့လေ " " သွားလေရာကို မှတ်စုစာအုပ် ယူသွားတတ်ပါသလား။ တွေ့မြင်တဲ့ အချက်အလက်တွေကို "ဒါလေးတော့ ၀တ္ထုထဲ ထည့်သုံးလိုက်ရင် ကောင်းမယ် " ဆိုတဲ့ စိတ်ကူးမျိုးနဲ့ မှတ်သား ထားတတ် ပါသလား ") ကို ဆက်ဖတ်ရန်....

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၀)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄၀) အချစ်ဝတ္ထုများနဲ့ နေနွယ်ဇင်မြင့်        ၁၉၇၉-၈၀ ခုနှစ်လောက်တုန်းက ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ကြော်ငြာတွေ အဓိက ရထားတဲ့ မီးရထား ၀င်းနံဘေး မှာ ထူးထူးခြားခြား ကြော်ငြာတစ်ခု တွေ့ခဲ့ရဖူးပါတယ်။ ၀တ္ထုကြော်ငြာပါပဲ။ ဒါပေမဲ့ အများတကာ တွေ ကြော်ငြာသလို တစ်အုပ်ချင်း ကြော်ငြာတာ မဟုတ်ဘဲ ၀တ္ထုဆယ်အုပ်ကို တစ်ပြိုင် တည်း တန်းစီကြော်ငြာ ထားတယ်။ ရေးတာကလည်း တစ်ယောက်တည်း၊ ကလောင်သစ်တစ်ယောက်၊ ကလောင် အမည်က "နေနွယ်ဇင်မြင့်" ပါတဲ့။ တစ်ပြိုင်တည်း ကြော်ငြာထားတဲ့ ဆယ်အုပ်ထဲက တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက် ထွက်လာလိုက်တာ အခုဆိုရင် ၂၅ အုပ်မြောက် ထွက်ပြီးသွားပါပြီ။ နေနွယ်ဇင်မြင့်ဆိုတဲ့ ကလောင်အမည်ကို လူငယ်လူရွယ် စာဖတ်ပရိသတ် တွေ စိတ်ဝင်စားသလို သူ့စာတွေကိုလည်း လူငယ်အများစုက ဖတ်ကြ၊ စွဲလမ်း ကြ ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တချို့ဝတ္ထုတွေဖတ်ခဲ့ဖူးပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၉)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၉)       (ဒီတော့ ဆရာတို့လည်း အက်ဆေးဆိုတဲ့ စကားကိုပဲ မွေးစားလိုက်ရင် မကောင်းဘူးလား။ အက်ဆေး ဆိုတာကို ကျောင်းသားတိုင်း လည်း သိကြတာပဲ မဟုတ်လား" ) ကို ဆက်ဖတ်ရန်..

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၈)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၈) စာပေအချစ်နဲ့ဘာသာပြန် တက်တိုး      သြဂုတ်လထုတ် ပေဖူးလွှာမှာ တွေ့ဆုံပေးဖို့ စီစဉ်ထားတဲ့ သူကတော့ ဆရာ ဦးတက်တိုးပဲဖြစ်ပါတယ်။ သတင်းစာဆရာ၊ စာရေးဆရာအဖြစ်နဲ့ စာပေလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးတဲ့ ဆရာ့ အတွေ့ အကြုံတွေထဲက စာချစ်သူများအတွက် ကောင်းနိုးရာရာ အချက်အလက်တချို့ကို ဆွေးနွေးခွင့် ရခဲ့ပါတယ်။ အတွေ့အကြုံများတဲ့သူပီပီ ဆရာနဲ့ ဆွေးနွေးရာမှာ ဗဟုသုတ အများကြီးရခဲ့ပါတယ်။ တကယ် ပြောကြစတမ်းဆိုရင် ဆရာ ပြောချင်တာရဲ့ အစိတ်အပိုင်း တစ်ခုလောက်သာ ကန့်သတ် ပေးထား တဲ့ စာမျက်နှာအတွင်းမှာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာ့ အယူအဆ တချို့ကို ဖော်ပြပေးနိုင်တာပင်လျှင် စာချစ်သူများအတွက် အကျိုးရှိစေနိုင်မယ်လို့ ယူဆရပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၇)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၇) ဧရာဝတီမြစ်ရေ စီးဆင်းနေသမျှ ထီလာစစ်သူ            ယခုလ တွေ့ဆုံခန်းကိုတော့ နိုင်ငံတော်ရဲ့ တာဝန်ကို တစ်ဖက်က တစ်ရွက်တစ်ပိုး ထမ်းဆောင် နေ လျက်က တစ်ဖက်ကလည်း စာပေတာဝန်ကို မလစ်ဟင်းရအောင် စဉ်ဆက်မပြတ် သယ်ပိုးလာခဲ့တဲ့ တပ်မတော်သား တစ်ယောက် ဖြစ်ခဲ့ပြီး ကြေးမုံသတင်းစာတိုက်တွင် သတင်းစာ တာဝန်များကို ထမ်းဆောင် ခဲ့ကာ ယခုအခါ အနုပညာဦးစီးဌာနတွင် ယဉ်ကျေးမှုတာဝန်များ ထမ်းဆောင်နေသူ ကဗျာဆရာ၊ ၀တ္ထုရေးဆရာ၊ သတင်းစာ ဆရာတစ်ဦးဖြစ်တဲ့ "ထီလာစစ်သူ" ရဲ့ အတွေးအခေါ် ယူဆချက် တို့ကို တင်ပြပေးဖို့ စာတည်းအဖွဲ့က တာဝန်ပေးလိုက်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၆)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၆)          (ဆရာမင်းသုဝဏ် - "အချစ်ကဗျာတွေ ရေးနေကြတယ် ဆိုတာ သဘာဝကျပါတယ်။ ကဗျာဟာ သိင်္ဂါရ ရသ ကို ဖော်ပြဖို့ ယာဉ်တစ်ခုပါပဲ။ ကဗျာရေးသူဆိုတာ အများအားဖြင့် ရင်ထဲမှာ သိင်္ဂါရ ရသတွေ ဆူပွက် နေ တတ်တဲ့ ကာလသား၊ ကာလသမီးတွေ များပါတယ်။ သည်တော့ အချစ် ကဗျာကိုပဲ ရေးတော့တာပေါ့။ တကယ်လို့ သည်ကဗျာဆရာကလေး တွေဟာ ရေရှည်ဆက်ရေး နေမယ်ဆိုရင် အသက်နဲ့အတူ အတွေ့ အကြုံတွေလည်း ရင့်ကျက် ပြောင်းလဲလာပြီး အကြောင်းအရာ တွေလည်း ထူးလာ မှာပါပဲ။ ကျယ်ပြောလာမှာပါပဲ။ ) ကို ဆက်ဖတ်ရန်

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၅)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၅)       ( အဲဒီလို ရုန်းကန်နေရင်း တစ်ခါတော့ လာတာပြင်မှာ ခုန်တက် ပေါက်တတ်တဲ့ ငါးပျံနဲ့ အဆက်မပြတ် အော်တတ်တဲ့ ဘုတ်ငှက်ကို သတိရလာတယ်။ ငါးပျံနဲ့ ဘုတ်ငှက်တို့က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သူတို့အစွမ်းကိုသာ သူတို့ပြပြီး ငါတကော ကောနေကြဟန် ဖွဲ့လိုက်ရင် "သူ့ကိုယ်သူလျှင်၊ ဘာထင်လေ မသိ" ဆိုတဲ့ အတွေး ထင်ပေါ်လာမယ်လို့ ယူဆပြီး အဲဒီအတိုင်း ဖွဲ့ဖို့ ဆရာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဆရာ့စိတ်ထဲမှာ အားမရ သလိုလို ဖြစ်နေသေးတယ်။ ကိုယ့်အစွမ်းကိုသာ ကိုယ်ပြနေကြတဲ့ ငါးပျံနဲ့ ဘုတ်ငှက်တို့ကို ဖွဲ့လိုက်ရုံနဲ့ ဆရာ့အတွေးဟာ ထင်ပေါ်လာကောင်းပါတယ်။ ဒါပေမဲ့ ကြွတက်လာအောင် ပြုနိုင်ဦးမှ ကောင်းမယ်။ တစ်ခုခုနဲ့ အားဖြည့်ပေးစရာ လိုနေသေးတယ်လို့ အထင်ရောက်လာတယ်။ လတာပြင်မှာ ငါးပျံ ဆော့ချင်တိုင်း ဆော့နေတာကို မြင်ကြည့်တယ်။ ဘုတ်ငှက် ဆူချင်တိုင်း ဆူနေတာကို ကြားကြည့်တယ်။ မျက်စိရှုပ်လာတယ်။ နားငြီးလာတယ်။ အဲဒီအခါမှာ ဆရာ ကြည်နူးခဲ့ဖူးတဲ့ ညနေ နေစောင်းချိန် နေလုံးနီနီ ကို သတိရလာတယ်။) ကို ဆက်ဖတ်ရန်...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၄)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၄)          (အမှန်အားဖြင့် ကာရန် မပါရင် ကဗျာ ဟုတ်ဘူးလို့လည်း မပြောရဲပါဘူး။ ဖတ်ဖူးတာလေး တစ်ခုကို သတိရလို့ ပြောပြပါရစေ။ အင်္ဂလိပ်ကဗျာလောမှာလည်း ကာရန်ရှိ ကာရန်မဲ့ ပြဿနာပေါ်နေတာပါပဲ။ သည်ရောဂါက သူတို့ဆီက ကူးလာတာပါ။ တစ်ခါတုန်းက အောက်(စ)ဖို့ဒ် တက္ကသိုလ်ကို ပညာတော်သင်ဆု ရ လို့ ပညာ လာသင်နေတဲ့ အမေရိကန် လူရည်ချွန်ကျောင်းသားတစ်ယောက်ဟာ "ရုဒ်ယာဒ် ကစ်ပလင်" (Rudyard Kipling) ဆီကို သွားလည်ပါတယ်။ စာပေဆွေးနွေးကြရင်း ကာရန်ရှိ ကာရန်မဲ့ ကဗျာ ပြဿနာအကြောင်းကို ရောက်သွားပါသတဲ့။) ကို ဆက်ဖတ်ရန်...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၃)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၃)      " ကဗျာဆိုတာ ဘာလဲ။ အဲဒီအဓိပ္ပာယ်ကို နှိုက်နှိုက်နှဲနှဲ တိတိကျကျ မှန်မှန်ကန်ကန်စီရင် ဆရာ့မေးခွန်းရဲ့ အဖြေ ပေါ်လာပါလိမ့်မယ်။ ကဗျာဖွဲ့ထုံး အခြေခံ၊ သတ်စပ်က ကာရန်၊ ကဗျာအမျိုးအမည်နဲ့ မြန်မာဝေါဟာရ တို့ကို ကျွမ်းကျွမ်းကျင်ကျင် မရှိတဲ့ သူက ကဗျာဖွဲ့ရင် အဲဒီကဗျာဆိုတာရဲ့ အဆင့်ကို ဝေဖန် နိုင်ပါလိမ့်မယ်။ ယနေ့ခေတ် ကဗျာ ဝေဖန်ချက် ဆောင်းပါးတစ်စောင် ဓမ္မဓိဋ္ဌာန်ကျကျ ကျွန်တော် ရေး ပြီး ဆရာတို့ မဂ္ဂဇင်းတိုက်ကို ပို့ပါရစေ"

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၂)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၂)             (ကျွန်တော့် ရုပ်ရည်ကို သေသေချာချာ ကြည့်စမ်းပါ။ ကေသာ၊ လောမာ၊ နခါ၊ ခန္တာ စတဲ့ ၃၂ ကောဋ္ဌာသတွေထဲမှာ မဇ္ဈိမဒေသက ကုလားသွေးနဲ့ ရောစပ်ဟန်တူတဲ့ အရိပ်နိမိတ်လေး စိုးစဉ်းတောင် မပါ ပါဘူး။ ဘယ်ပါနိုင်ပါ့မလဲ။ ကျွန်တော့် ဖေဖေက ရှမ်းအစစ်နဲ့ မြန်မာအစစ် မိဘက မွေးဖွားခဲ့တာ။ တစ်နေ့ကျရင် ကျွန်တော့် အဘိုး အဘွားတွေရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက် ကြီးမားခဲ့ပုံ၊ ကျွန်တော့် ဖေဖေနဲ့ မေမေတို့ရဲ့ အချစ်စွန့်စားခန်း ဇာတ်လမ်းတွေကို ရေးပါဦးမယ်။ ကျွန်တော်တို့ဟာ မျိုးရိုးစဉ်ဆက် တစ်လျှောက် မေတ္တာကို တန်ဖိုးထားပြီး သစ္စာစောင့်သိခဲ့ကြပါတယ်။) ကို ဆက်ဖတ်ရန်...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၁)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၁) သစ္စာစကားဆိုမယ် စိန်လွင်လေး          ကျွန်တော် ၀တ္ထုစဖတ်တဲ့အချိန်မှာ "မေတ္တာပုလဲသွယ်"နဲ့ "အိပ်မက်သစ္စာ"ကို ဖတ်ခဲ့ရဖူးပါတယ်။ အလယ်တန်း ကျောင်းသားအရွယ် ဆိုတော့ မေတ္တာပုလဲသွယ် ၀တ္ထုထဲက တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀ ကို အားကျမိတယ်။ သူတို့ ပျော်ကြ၊ ရွင်ကြ၊ နောက်ကြ၊ ပြောင်ကြတာတွေနဲ့ ကျွန်တော့် ဆရာမ ဒေါ်ရီရီသန်း (ကွယ်လွန်) ပြောပြလေ့ရှိတဲ့ တက္ကသိုလ်ဝန်းကျင်က လှုပ်ရှားမှုတွေကို ရောမွှေ စိတ်ကူးပြီး ကြည်နူး ခဲ့မိတယ်။ "အိပ်မက်သစ္စာ" ဖတ်ရချိန်မှာတော့ ဘာသာခြား ချစ်သူနှစ်ဦး ချစ်လျက်နဲ့ ခွဲခဲ့ကြ ရတာကို ဖတ်ပြီး ရင်နာခဲ့ရဖူးပါတယ်။ ဒီဝတ္ထုနှစ်အုပ်စလုံးကို ရေးခဲ့တာက ဆရာစိန်လွင်လေးပါ။ ဟာသ၀တ္ထု ရေးတဲ့ စာရေးဆရာက ဘာဖြစ်လို့များ ဒီလို ရင်နာစရာဝတ္ထု ရေးခဲ့ပါလိမ့်လို့ မမီတဲ့ ဥာဏ်နဲ့ တွေးခဲ့ရဖူး ပါတယ်။