ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၂)

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၂)
 
          (ကျွန်တော့် ရုပ်ရည်ကို သေသေချာချာ ကြည့်စမ်းပါ။ ကေသာ၊ လောမာ၊ နခါ၊ ခန္တာ စတဲ့ ၃၂ ကောဋ္ဌာသတွေထဲမှာ မဇ္ဈိမဒေသက ကုလားသွေးနဲ့ ရောစပ်ဟန်တူတဲ့ အရိပ်နိမိတ်လေး စိုးစဉ်းတောင် မပါ ပါဘူး။ ဘယ်ပါနိုင်ပါ့မလဲ။ ကျွန်တော့် ဖေဖေက ရှမ်းအစစ်နဲ့ မြန်မာအစစ် မိဘက မွေးဖွားခဲ့တာ။ တစ်နေ့ကျရင် ကျွန်တော့် အဘိုး အဘွားတွေရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက် ကြီးမားခဲ့ပုံ၊ ကျွန်တော့် ဖေဖေနဲ့ မေမေတို့ရဲ့ အချစ်စွန့်စားခန်း ဇာတ်လမ်းတွေကို ရေးပါဦးမယ်။ ကျွန်တော်တို့ဟာ မျိုးရိုးစဉ်ဆက် တစ်လျှောက် မေတ္တာကို တန်ဖိုးထားပြီး သစ္စာစောင့်သိခဲ့ကြပါတယ်။) ကို ဆက်ဖတ်ရန်...
ထားပါတော့လေ၊ ကျွန်တော့်အကြောင်းကိုပဲ ပြောပြပါတော့မယ်။ ကျွန်တော်ဟာ ရှမ်းအစိတ်၊ ဓနုအစိတ်၊ မွန်အစိတ်နဲ့ မြန်မာအစိတ် ... အားလုံး ပေါင်းလိုက်တော့ ပြည်ထောင်စုသားသွေး တစ်ပိဿာတိတိ ပါဝင်နေတဲ့ ထူးထူးခြားခြား လူသားတစ်ယောက်။ ဒါပေမဲ့ ... ဘာဖြစ်သလဲ ဆရာ... ကုလားယဉ်ကျေးမှု့ ဓလေ့ ထုံးစံတွေကို ရိုးတွင်းခြင်ဆီက စပြီး မြတ်နိုးနှစ်သက်တယ်..
" ဗျာ ... "
" ဒီလိုလေ ဆရာဝင်းငြိမ်း။ ကျွန်တော်ဟာ ဗြဟ္မတွေရဲ့ ဒေ၀တွေ၊ ဒေ၀ီတွေ၊ ဘဂ၀ါဂီတ၊ ဥပနိသျှတ်၊ ပုရာဏ်ကျမ်း၊ ဂါထာမန္တန်၊ ပါဠိ၊ သင်္သကရိုက်၊ ဗြဟ္မီ၊ ဟင်ဒီဘာသာစာပေတွေကို လေ့လာလိုက်စား ဆည်းပူး ခဲ့တယ်"
" ဘာကြောင့်များပါလိမ့် ဆရာ"

" ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ဗြဟ္မင်ပုဏ္ဏားတစ်ယောက် ၀င်စားခဲ့လို့ပဲ ဆရာဝင်းငြိမ်း"
" ဗြဟ္မင်ပုဏ္ဏား လူဝင်စား ... ဟုတ်လား ဆရာ "
(ဆရာစိန်လွင်လေး၏ မျက်နှာမှာ တည်ကြည်သွားပါ၏)

..ဟုတ်ပါတယ် သိပ္ပံပညာ ထွန်းကားနေတဲ့ ခေတ်ကြီးမှာ လူဝင်စားပါဘို့ ပြောရင် ကျွန်တော့် ကို ..ပေါပ်သရောက်ဓါတ်ပဲ ... လို့ ထင်ကြမှာပါ.. အမှန်တော့ ကျွန်တော်ဟာ ဗြဟ္မင် ပုဏ္ဏား ဝင်စားခဲ့သူပါ.. ဒါကြောင့်လည်း လူမှန်း သိတတ်ခါစကတည်းက သက်သတ်လွတ် စားခဲ့ပါတယ်.. ၁၉၄၇-၄၈ ခုနှစ် တက္ကသိုလ် ဝင်တန်း တက်ဖို့ ရန်ကုန်ကို ရောက်လာပြီး မြို့မကျောင်းမှာ နေတဲ့ အခါ ငါးပိ၊ ငံပြာရည်မှ မစားရင် လက်မခံနိုင်ဘူး ဆိုလို့ ရေသတ္တ၀ါ ကို စပြီး စားခဲ့ရပါတယ်.. အခု အသက် ငါးဆယ် ရောက်တဲ့ အထိ ကုန်းသတ္တ၀ါ၊ လေသတ္တ၀ါ အသားတွေ ကို တခါမှ မစားခဲ့ဖူးသေးပါဘူး ဒါတွေကို စားရင် အပြစ် ရှိတယ်လို့လည်း ထင်မိပါတယ်..

ဒါဖြင့် ဆရာ လန်ဒန်ဘီဘီစီ မှာ လုပ်တုန်းကကော..
ဆရာဝန်တွေ က အသားမစားရင် အအေးဒဏ် မခံနိုင်လို့ အသက်အန္တရယ် ရှိမယ် ဆိုတာတောင် သေချင် သေပါစေ ဆိုပြီး မစားခဲ့ပါဘူး...
ဒါကြောင့် ဆရာဟာ ပါဠိတွေ သင်္သကရိုက် ဂါထာ မန္တန်တွေ ရွတ်ဖတ်ပြီး ဘိသိက်ဆရာကြီး ဖြစ် နေတာကိုး...
(ဆရာစိန်လွင်လေး က ထုံးစံအတိုင်း ပြုံးလိုက်ပါတယ်... ဆရာက ထင်ရှားတဲ့ ဘိသိတ်ဆရာ တဦးပါ.. ၁၉၅၄ ခုနှစ် ကစပြီး ဒီနေ့ အထိ ဘိသိတ်ပွဲပေါင်း တစ်ထောင် ခီးမြှင့် ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်)
တချို့ စာရေးဆရာတွေ ဟာ စာရေးတဲ့ နေရာမှာ အနောက်တိုင်းစကားများ ညှပ်သုံူးလေ့ ရှိကြတယ်..

ဥပမာ-ဆရာဝန် မဟုတ်တဲ့ ဇာတ်ကောင်က ကလေးတွေ ကို တင်ပရေချာဟန်ဒရက်အင်သရီးဒီဂရီ ရှိတယ် လို့ ပြောတာတို့.. ကားပေါ်ရောက်ရင် ၀ါက်ခ်မင်မ် ကက်ဆက်ကို ဖွင့် ပြီး ဟဒ်ဖုံး နဲ့ နားထောင် လိုက်တယ် လို့ သုံးတာ တွေ့ရပါတယ် စက်ပစ္စည်း ကိရိယာ အခေါ်အဝေါ် တို့ စက်မှုနည်းစနစ် တချို့ တို့ကို သူ့အခေါ်အဝေါ် အတိုင်းသုံးရတာ ပြောစရာမရှိပေမယ့် မြန်မာစကား စာပေနဲ့ ရေးနိုင် ပြောနိုင်တာ တွေကို အနောက်တိုင်း စကားနဲ့ ပြောတာ ရေးတာတော့ မသင့်ဘူးလို့ ထင်ပါတယ်.. ဆရာ ဘယ်လို သဘောရပါသလဲ..

ဒီနေရာမှာ ဆရာဝင်းငြိမ်း နဲ့ ကျွန်တော် သဘောကိုက်ညီပါတယ်.. ကျွန်တော်တို့ မြန်မာစကား ဟာ မူလက ကြွယ်ကြွယ် ဝဝ ရှိဟန်မတူခဲ့ပါဘူး.. ဝေါဟာရလဘည်း နည်းပါတယ် .. စကားတန်ဆာဆင်မှု့မှာ လည်း ခေါင်းပါးခဲ့ပါတယ်.. မြန်မာ စာပေရဲ့ ခေတ်ဦး ဖြစ်တဲ့ ပုဂံခေတ်က ကျောက်စာတွေကို လေ့လာကြည့်ရင် သိသာပါတယ်...
ဒီတော့ ကျွန်တော်တို့ ရှေးဦးမြန်မာတွေဟာ မွန်ဝေါဟာရ တွေ... ပျူဝေါဟာရတွေ ကိုရယူပြီး မြန်မာမှုပြုခဲ့ကြပါတယ်... တိဗက် စကား နဲ့ တရုတ်စကားတွေ ကိုလည်း ယူခဲ့ကြတယ်.. အထူးသဖြင့် ဘာသာရေး ဝေါဟာရ တွေ ဖောဖောသီသီ ကြီးရယူပါတယ်.. အနိစ္စ ဒုက္ခ အနတ္တ စတဲ့ စကားကစပြီး မြန်မာ စကားဖြစ်အောင် လုပ်ပစ်ခဲ့တာပါပဲ...

ရှေးမြန်မာတွေဟာ ပါဠိ ကို မသုံးဘဲ မြန်မာလို ကျကျနန ပြန်ပြီးသုံးဖို့ ကြိုးစား ခဲ့တာတွေ ရှိပါတယ်.. ဥပမာ.. သဗ္ဗညုတဥာဏ် ကို  သိစပ်မြင်နှံ့သောဥာဏ် လို့ ဘာသာပြန် ခဲ့တယ် ဒါပေမဲ့ သိစပ်မြင်နှံ့သောဥာဏ် လို့ ရေးရ ပြောရတာ ခံ့ညားတယ် မထင်လို့လား မသိဘူး..နောက်ပိုင်းမှာ သဗ္ဗညုတဥာဏ် လို့ပဲ သုံးခဲ့ ကြပြန်တယ်။
နောက်ပိုင်း မှာ အင်္ဂလိပ် စကားတွေ ဝင်ရောက်လာတာပါပဲ.. ကင်းဝန်မင်းကြီး ရေးခဲ့တဲ့ ခရီးသွား မှတ်တမ်းတွေမျာ နှိုင်းမတုလောက်အောင် သိုင်းခရု လိုက်ပါတယ်..ဆိုတဲ့ စကားတို့ ဘောပွဲ(Ball Dance) သွားတာတို့ ပြာနိုး (Piano) တီးတာတို့ ဒါတွေဟာ အင်္ဂလိပ်စကားကို တိုက်ရိုက် ယူသုံူးခဲ့တာပါ.. ရက်ဒ် ဆီး .. ဝင်းနီးပင်လယ် နှင့် ဆိုပြီး အခုခေတ် ပင်လယ်နီ ဆိုတဲ့ အသုံးကို မသုံးဘဲ red sea လို့ဘဲ သုံးခဲ့တယ်.. ထားပါတော့ဗျာ ဘာသာစကား ဆိုတာဟာ တခုနဲ့တခု အပြန်အလှန် ယူငင် သုံးစွဲ ကြ တာဟာ ဓမ္မတာသဘောလည်း ဖြစ်တယ်၊ သဘာဝလည်း ကျပါတယ်.. လက်ခံသင့်ပါတယ်..

ဒါပေမဲ့ တယ်လီဖုန်း မော်တော်ကား ရက်ကော့ဒါ စတဲ့ အင်္ဂလိပ် ဝေါဟာရတွေ ကို သုံးတာ လက်ခံ သင့်ပေမယ့် မြန်မာလို သုံးလို့လည်း ရတယ်..အများလည်း နားလည်နိုင်တဲ့ ဟာတွေကျနော့ မြန်မာ လို့ဘဲ သုံးသင့်ပါတယ် ဥပမာ.. ဆ၇ာဝင်းငြိမ်း ပြောတဲ့ တင်ပရေချာက ဟန်ဒရက်အင်သရီး ဒီဂရီ ရှိ တယ် ဆိုရင် ပြီးပါတယ်.. ဆွေးနွေး၇မယ် ဆိုရင်တော့ သိပ်ပြီး ကျယ်ဝန်း သွာူးပါလိမ့်မယ်ဗျာ..
..ရှင်မဟာရဠသာရ..နတ်သျှင်နောင် ရဲ့ ဓါတုကလျာ စတဲ့ ကျမ်းတွေ ကို စာပေကျမ်းဂန် မြေက်မြားစွာ ကိုးကားပြီး သုတေသနပြု ရေးခဲ့ရလို့ ပင်ပန်းခဲ့ရသလောက် ပြီးစီးအောင်မြင်သွားတဲ့ အခါ ဖြစ်ပေါ်ရတဲ့ ပီတိ ဟာလည်း အတိုင်းမသိလောက်အောင်ပါဘဲ...

ကျွန်တော် တမလွန်ဘဝကို မျက်မှောက်ပြုသွားတဲ့ အခါ ကျွန်တော် ရေးခဲ့တဲ့ ဝတ္ထု တွေဟာ ကာလ ကြာတာနဲ့ အမျှ ပျက်ပြယ် တိမ်မြုတ်သွားဖို့ ရှိပေမယ့် ကျွန်တော် ပြုစုခဲ့တဲ့ ကျမ်းတွေ ကတော့ ထိုက်သင့် သလောက်ကျန်ရှိနေသေးပြီး ပြည်သူလူထုကို အကျိုးပြုသင့်သလောက် ပြုပါလိမ့်မယ်လို့ ကျွန်တော် ရိုးသားစွာ ယုံကြည်ပါတယ်..
အဖိုးတန်တဲ့ မြန်မှာု့ သေနင်္ဂဗျူဟာ နဲ့ စစ်မှတ်တမ်းများ ကျမ်းကိုလည်း ဆရာ ရေးခဲ့တာတွေ့ရပါတယ်.. အဲဒီကျမ်း ရေးသားပြုစုဖို့ အတွက် ဘယ်လို အခြေအနေက ဖန်တီးခဲ့တာပါလဲ..
အဲဒီမေးခွန်းကို ကျွန်တော် သိပ်ဖြေချင်ပါအတယ် ဆ၇ာ တိုတိုပဲ ဖြေပရစေ ၁၉၆၄ ခုနျစ်ကစပြီး ကျွန်တော်ဟာ ကာကွယ်ရေးဝန်ကြီး ဌာန မှာ အမှုထမ်းခဲ့ပါတယ်.. အခုဆိုရင် ဆယ်စုနှစ် နှစ်စု ရှိခဲ့ပါပြီ.. တပ်မတော်သား တစ်ပိုင်း ဖြစ်နေတဲ့ ကျွန်တော်ဟာ ကျေးဇူးရှင် ပြည့်သူ့တပ်မတော် ကို ကြည်ညိုတယ် မြတ်နိုးတယ် ရိုကျိုးတယ် လေးစားတယ် အာားကို မှု့ အပြည့်နဲ့ ကျေးဇူး အနန္တလည်း တင်ပါတယ်...

ဒါကြောင့် တပ်မတော်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့က ဒီကျမ်းကို ပြုစုခဲ့တာပါ ...ကျမ်းဦး အာသီသ ..အခန်း မှာ ဒီအကြောင်းကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ် ..
လုံးချင်းဝတ္ထု ၂၀၀ကျော်ပြီလို့ သိရပါတယ်.. အားနာနာနဲ့ ဆရာကို တစ်ခု မေးခွင့် ပြုပါ ... ဝတထုစာပေမှာ ဘာဖြစ်လို့ ဆရာ့ခေတ်ကိုမရောက်ခဲ့ ပါသလဲ ခေတ်ရှိပြီး သားသူတွေကော ဘာဖြစ်လို့ အကျမြန်ရတယ်လို့ ထင်ပါသလဲ...

အား.. သိပ်ကောင်းတဲ့ မေးခွန်းပါလား ဆ၇ာဝင်းငြိမ်း စာပေလောကမှာ အချို့သော ပုဂ္ဂိုလ် များဟာ သူ့ခေတ်ကို ထူထောင်နိုင်ခဲ့ကြပါတယ်.. သူ့ခေတ်သူ့အချိန်အခါနဲ့ သူ့စန်းနဲ့ ခေတ်ကို ထူထောင် ခဲ့ကြတယ် ဒါပေမဲ့ စာရေးသက် အနှစ်သုံးဆယ်ကျော် လုံးချင်းဝတ္ထု ၂၀၀ကျော်ရေးခဲ့တဲ့ ကျွန်တော့် ကျမှ စိန်လွင်လေးခေတ် ရယ်လို့ မရှိခဲ့ရိုး အမှန်ပါပဲ..ဒါပေမဲ့ လုံးချင်း ဝတ္ထုမှာ အုပ်ရေ ၁၀၀၀ က စလာတဲ့ ကျွန်တော် ဟာ အုပ်ရေ ၄၅၀၀ အထိရောက်ခဲ့ဖူးပါတယ်.. အခုအုပ်ရေ ၃၀၀၀ နဲ့ ၃၅၀၀ အတွင်းမှာ ရှိပါတယ်..

ကျွန်တော့် ဘဝပေးကုသိုလ်ပေါ့ဗျာ.. ကျွန်တော်ဟာ အုပ်ရေ ၃၀၀၀ က ၄၀၀၀ ထောင် အတွင်းမှာ ကျလဲ မကဖူး တက်လည်း မတက်ဖူး.. နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း ပန်းပန်လျက် ပါပဲ... ခေတ် မရှိတဲ့ ကျွန်တော်ဟာ အဲဒီ အချက်ကိုပဲ ဂုဏ်ယူနေရ ပါတယ်...။

အေ၇းကြီး ထဲ က မေးခွန်းကို ဖြေပါမယ့်.. စိန်လွင်လေး ခေတ် ဘာဖြစ်လို့ မရောက်ခဲ့သလဲ ကျွန်တော် မထွင် လို့ မရောက်ခဲ့တာပါ ..ခေတ်ရှိပြီးတဲ့ တချို့သူတွေ့ ဘာဖြစ်လို့ အကျမြန်သလဲ သူတစ်ပါးထက် ထူးပြိး အထွင်လွန်ကျလို့.. ဒါဟာ အတိုဆုံး အဖြေပါပဲ.. အကျယ်ဝိတ္ထာရ ချဲ့မိရင် ကျွန်တော့် စကားကြောင့် အမျကတွေ ပွားကုန်ုကြပါလိမ့်မယ်.. ခင်ဗျာ
..ဆ၇ာတို့ခေတ်က ပင်ကိုရေးဝတ္ထု တွေ အောင်မြင၈်သလောက် ဒီကနေ့ ပင်ကိုရေး ၀တ္ထုတွေ ဈေးကွက် ကျ နေတာ တွေ့ရပါတယ် ဘာလို့ ဆ၇ာထင်ပါသလဲ..
ကျွန်တော် တရားခံဖြစ်တော့မှာပဲ ဆရာဝင်းငြိမ်း ဘယ်ပင်ကို ရေးဝတ္ထု မဆို ရသမပါရင် ဇာတ်လမ်း ဇာတ်အိမ် မခိုင်မာရင် စေတနာမမှန်ရင် မအောင်မြင်နိုင်ပါဘူး.. ကျွန်တော် ပြောတာကို ဥာဏ်ရှိ သလောက် အကျယ်သာ တွေးယူပါတော့...

ဆ၇ာ ကဗျာလည်း ရေးတယ်လို့ သိရပါတယ် ဒီကနေက မဂ္ဂဇင်း ကဗျာအပေါ် ဘယ်လိုမြင်ပါသလဲ...

ဆက်ရန်

Credit:shwezinu.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း