Posts

Showing posts from January, 2023

လောကသာရပျို့

Image
လောကသာရပျို့ ၂၂။ လောကသာရ၊ ကျမ်းအစ၌၊ ဆုံးမစကား၊ မျိုးလေးပါးကို၊ မှတ်သားစိမ့်ငှာ၊ ပျို့လင်္ကာဖြင့်၊ နည်းနာထွေပြား၊ လုံးပေါင်းကြားသည်၊ တခြား ပထမပိုင်းတည်း။ ။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၁။   ယင်းသို့သံချို ၊ မူဆိုးဆိုသည်၊ ရွှန်းပျိုပွင့်လျာ၊ မဟဥပရာဇာ၊ သာသည်မည်ခေါ်၊ နာမတော်ကို၊ ရွှေလှော်ဆင်းပြင်၊ မင်းရှင်ဖြူအိ၊ ကြားသည်ရှိသော်၊ ဇာတိရှည်စွာ၊ သံသရာက၊ မြတ်ပါရမီ၊ "ဆယ်" "သုံး" လီကို၊ တူပြီစုံမက်၊ ဖြည့်ကြဘက်လျင်၊ ဆက်ဆက်မှန်စွာ၊ ဝါသနာထုံငွေ့၊ လှိုင်ပျံ့၍တည့်၊ အိမ်ရှေ့မဟာ၊ ဥပရာသို့၊ မေတ္တာလွန်ပြင်း၊ ကြင်နာခြင်းသည်၊ ရိုးတွင်းဝယ်သာ၊ ခြင်ဆီမှာ၍၊ သေချာစွဲနေ၊ တည်လျှင်းလေ၏၊ မပြေမြဲပင်၊ သို့ဖြစ်လျှင်တည့်၊ သခင်မျက်နှာ၊ ပွင့်ရွှေကြာကို၊ လျင်စွာခုပ၊ မြင်ချင်လှ၏၊ နေကြအာဘော်၊ သို့ဖြစ်သော်လည်း၊ မလော်လည်ကြ၊ မင်းမိန်းမတို့၊ တည်ပသိပ်သည်း၊ ချုပ်တည်းသေချာ၊ စောင့်စရာကို၊ ညှာ၍တကြောင်း၊ မွဲယောင်းရုပ်ပြင်၊ မူဆိုးသွင်ကို၊ မြင်တိုင်းပင်သာ၊ ကြောက်စွာလှ၍၊ ယဉ်မြေ့သာချို၊ ဆိုသည်ပျံ့ကြွယ်၊ ဘကြီးငယ် ...၊ သည့်နှယ်ဘခင်၊ ပြောဆိုလျှင်မူ၊ မစင်ကြယ်လွန်း၊ ပြောက်စွန်းသမ်းညို၊ ထိုဇာတ်ကိုလည်း၊ ဝှက်သိုဘဲသာ၊ ပြောပါတော့မည်၊ တို့သည်မှန်စွာ၊ အာကာသဇိုဝ်း၊ နတ်မျိုးမြတ်ထွတ်၊ မဟုတ်တတ်ချေ၊ ရွှေမြေထွန်းပ၊ ပဗ္ဗတဝယ်၊ ဗြဟ္မမည်သာ၊ ကိန္နရာသာ၊ မှန်စွာမသွေ၊ ဖြစ်ပချေသည်။ ။   မြဲနေဖြောင့်စင်း တို့ကြောင်းရင

လောကသာရပျို့

Image
လောကသာရပျို့ ၂၁။ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဘွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ်၊ လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျက်၊ သူစိမ်းသူကျက်၊ ပေါင်းဘက်သရွေ့၊ မိဘတွေ့သို့၊ မွေ့မွေ့လျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ဝတ်စားပေးပံ့၊ ဖြည်းဖြူးဖြန့်လျက်၊ အနှံ့ကျွန်ကျေး၊ ဆွေသားမြေးကို၊ ကျွေးမွေး မညှိုးငယ်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၀။   ထိုဧကရာဇ် ၊ မင်းစစ်ပီစွာ၊ လူ့ထိပ်ချာကား၊ မဟာဥပရာဇာ၊ သာသည်မည်တော်၊ ကြားကျော်ဝေးနီး၊ လွှံ့ဝှဲချီးသည်၊ သားကြီးရတနာ၊ ပွင့်လောင်းလျာကို၊ ရိုက်ရာရှေ့ရည်၊ စိုးစိမ့်သည်ဟု၊ ချစ်ကြည်ဆပွား၊ အိမ်ရှေ့ထား၍၊ မွန်ကြားထွတ်တိုင်၊ ဘုန်းနံကြိုင်သည်၊ လှိုင်သည့်ထိပ်ချာ၊ ဥပရာကား၊ အံ့ရာထူးပြား၊ အပါးပါးပင်၊ ယောက်ျားမိန်းမ၊ ဟူသမျှတို့၊ များလှပေါင်းရုံး၊ စိတ်နှလုံးကို၊ ယူကျုံးဖျော်ဖြည့်၊ ဆောင်ဘိ၏သို့၊ ကြည့်၍မျက်တောင်၊ မညောင်းအောင်သည်၊ ထွန်းရောင်အဆင်း၊ နှင့်တယ်ခြင်းနှင့်၊ ပျံ့ရွှင်းလှိုင်ပျော်၊ အသံတော်လည်း၊ နာပျော်ဘွယ်သာ၊ သာယာပြေပြစ်၊ ကျစ်လျစ်ခြင်းက၊ စသည်ကျေးဇူး၊ အထူးဂုဏ်အင်၊ မြော်မြင်ပညာ၊ ဘုန်းအာဏာနှင့်၊ ပြစ်ဆာမြူရစ်၊ ကင်းသည်ဖြစ်၍၊ မှောင်လှစ်ပယ်ထွန်း၊ နေလဝန်းသို့၊ ထက်ဝန်းနှံ့မျှ၊ ကျော်ပေါက်ပြ၏၊ ကာလမီးခိုး၊ ယဉ်မျိုးစစ်သူ၊ စိတ်တော်မူကား၊ ရိပ်ဖြူဆောင်းချင်း၊ အမင်းမင်း၏၊ ရင်တွင်းသည်းချာ၊ များလှစွာပင်၊ ကညာနုရွ၊ လှသည်ယဉ်ပျောင်း၊ မိုးပေတောင်းကို၊ မကောငါးသည်သာ၊ ဘုန်းဝါပွင့်လူ၊ ထပ်တော်မူ၍၊ ပြိုင်တူမဲ့နိုး၊ မိုးထက်မိုးရာ၊ နတ်ကိုသာလျှင်၊ ဘွေရှာရစေ၊ နင်ကြိုးလေဟု၊ ဘုန်းနေထွန်းညိ၊ ဗျာဒိတ်ရှိ၍၊ သီရိထွန်းပ၊ မင်း

လောကသာရပျို့

Image
လောကသာရပျို့ ၂၀။ ကြောင်းပေါ်ခရီး၊ လမ်းအနီး၌၊ ပင်ကြီးပညောင်၊ မြစ်တထောင်နှင့်၊ များမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စေ့စေ့သိပ်လျက်၊ ရိပ်လည်းမြိုင်မြိုင်၊ လေမနိုင်လျှင်၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျေးငှက်၊ စားလျက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားတို့၊ နေနားပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ဝင်လာသသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်သူကြွယ်၊ လူကုန်သွယ်လည်း၊ ထို့နှယ်လည်းကောင်း၊ မျိုးပေါင်းဆွေဝါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ မေတ္တာမကင်း၊ မ စ ခြင်းဖြင့်၊ ထံရင်းမှီ ကိုးကွယ်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၉။   သို့မှတတည် ၊ ကြံပြန်သည်ကား၊ ရွှေရည်ဆင်းပြင်၊ သည်နတ်ရှင်ကို၊ သို့စင်လုံ့လ၊ ပြု၍ရမှ၊ လက်ကငါသည်၊ လွတ်ပြန်မည်ကား၊ ကြံစည်အားကိုး၊ လုံ့လကျိုးသည်၊ ရှိနိုးမဲ့လစ်၊ ချဘ်းနှီးဖြစ်အံ့၊ ဘုန်းသစ်တက်ပွား၊ တို့ရှင်သားကို၊ ညွတ်တွားကော်ရော်၊ ဆက်ရသော်ကား၊ အကျော်လည်းငြား၊ နှစ်ပါးသင့်သည်၊ ဖြစ်တော့မည်ဟု၊ ကြံစည်ရရ၊ အဟုတ်ကျ၍၊ ညွတ်ခသာကြည်၊ လျှောက်စသည်ကား၊ ထက်ပြည်ကလာ၊ နတ်တကာတွင်၊ ကိုယ်ဝါရောင်ဖြိုး၊ လွန်၍မိုးသည်၊ ယဉ်မျိုးထွတ်တင်၊ မင်းလှရှင်...၊ ခင်အင်သမှု၊ လုံ့လပြု၍၊ ယခုကျွန်တော်၊ ဘမ်းကြောင်းသော်ကား၊ ရမ်းရော်ဝမ်းက၊ အတ္တဟိတ၊ ကိုယ့်ကိစ္စကြောင့်၊လုံ့လတွေရှာ၊ မပြုပါဘူး၊ ကျွန်းချာဒီပ၊ သောင်းဌာနတွင်၊ တရာ့တစင်း၊ ထီးဆောင်းမင်းတို့၊ ဦးကင်းထိပ်ဗွေ၊ အကောင်နေသား၊ ပရမေဒိဗ္ဗ၊ ရာဇိန္ဒရာဇာ၊ သာသည်ပါဠိ၊ မည်တော်ရှိသည်၊ လောကီသခင်၊ ဘုရင်များထွတ်၊ ကျွန်းလုံးနတ်ရှင်၊ သုဒဿန၊ အယုဇ္ဈံသို့၊ ဇေယျမည်သာ၊ ပြည်ကြီးစွာ၌၊ ဒေဝါများထွတ်၊ သကြားနတ်သို့၊ ကြီးမြတ်ထူးထွေ၊ မရေတွက်ရာ၊ ချမ်းသာတိုင်းမဲ့၊ မနွဲ့မသိမ်၊ မင့်းစည်းစိမ်ကို၊ ရိပ်ငြိမ်ကြည်ဖြူ၊ စံတော်မူသည်။ ။   ပြိုင်တူဘက်ကင်း မိုး၍နှင်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစ

လောကသာရပျို့

Image
လောကသာရပျို့ ၁၉။ လုံ့လပညာ၊ လိမ်မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသန်လျက်၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်တို့၊ မှတ်သည်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာ၏၊ ပညာချို့တဲ့၊ လုံလမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ သူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဘွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီးပွားလာဟု၊ ကြမ္မာကိုယ်ချည်း၊ မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းညံ့ဆုံး၊ သူပျက်ထုံးကို၊ နှလုံး မငြိတွယ်စေနှင့်မင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၈။   သို့လျှောက်သောခါ ၊ မင်းသူဇာမှာ၊ သက်သာစိတ်က၊ စိုးစဉ်းရ၍၊ ဆိုသည်ရွံဆိုး၊ မောင်မူဆိုး...၊ ကျင့်ရိုးတံထွာ၊ မောင်တို့မှာကား၊ ရောင်းရာစားဘို့၊ နှစ်လို့စုံမက်၊ သာငှက်ကိုသာ၊ ဘွေရှာကြမြဲ၊ မလွဲစင်စစ်၊ သဘောဖြစ်လျက်၊ မနှစ်သက်ရာ၊ ဘွေရှာဆန်းပြား၊ တို့သွေးသားကို၊ စားလည်းမကောင်း၊ ရောင်းလည်းမစွံ၊ ဝေးလံပါးနီး၊ ယှဉ်မှီးမကွာ၊ စေပါမရ၊ ဘယ်မှအကျိုး၊ ရှိနိုးမဲ့လစ်၊ တို့အဖြစ်က၊ မချစ်ကြည်လင့်၊ လူနှင့်တကွ၊ ပေါင်းနေရသော်၊ ကာလမရှည်၊ သေတော့မည်ကို၊ ကြံစည်ဆင်ခြင်၊ ဘယ်ကျိုးမြင်၍၊ သို့စင်လုံ့လ၊ ဘမ်းချင်ရဟု၊ ကြိုင်ပျပန်းတူ၊ မိန့်တော်မူသော်၊ ကြည်ဖြူထဲသံ၊ မူဆိုးကြံ၍၊ လွတ်စံတင့်ထွတ်၊ သည်နတ်မြတ်ကို၊ ချစ်မှတ်အိမ်နေ၊ ငါပြုချေသော်၊ မရေရာပင်၊ သည်နတ်ရှင်လည်း၊ ရက်ဖြင့်မကြာ၊ သေပေရာ၏၊ ငါလည်းခြကျိုး၊ နူမျိုးထူးလည်၊ နူရည်စက်စက်၊ နူမျိုးထွက်၍၊ နေ့ရက်မကြာ၊ သေရရာဟု၊ လိမ္မာတွေးဆ၊ ယူမိကလျှင်၊ ရာဂတပ်ငြိ၊ မရှိသော့ထွေ၊ပျောက်ကင်းလေ၏၊ ရိုသေမေတ္တာ၊ စေတနာသည်။ ။   ကြင်နာဖြစ်ထွေ တဆန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

လောကသာရပျို့

Image
လောကသာရပျို့ ၁၈။ စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ်မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစီလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍၊ သူ့ထက်လွန်ကုန် ကြွယ်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်