သူဇာပျို့
၁၉။ သို့မှတတည်၊ ကြံပြန်သည်ကား၊ ရွှေရည်ဆင်းပြင်၊ သည်နတ်ရှင်ကို၊ သို့စင်လုံ့လ၊ ပြု၍ရမှ၊ လက်ကငါသည်၊ လွတ်ပြန်မည်ကား၊ ကြံစည်အားကိုး၊ လုံ့လကျိုးသည်၊ ရှိနိုးမဲ့လစ်၊ ချဘ်းနှီးဖြစ်အံ့၊ ဘုန်းသစ်တက်ပွား၊ တို့ရှင်သားကို၊ ညွတ်တွားကော်ရော်၊ ဆက်ရသော်ကား၊ အကျော်လည်းငြား၊ နှစ်ပါးသင့်သည်၊ ဖြစ်တော့မည်ဟု၊ ကြံစည်ရရ၊ အဟုတ်ကျ၍၊ ညွတ်ခသာကြည်၊ လျှောက်စသည်ကား၊ ထက်ပြည်ကလာ၊ နတ်တကာတွင်၊ ကိုယ်ဝါရောင်ဖြိုး၊ လွန်၍မိုးသည်၊ ယဉ်မျိုးထွတ်တင်၊ မင်းလှရှင်...၊ ခင်အင်သမှု၊ လုံ့လပြု၍၊ ယခုကျွန်တော်၊ ဘမ်းကြောင်းသော်ကား၊ ရမ်းရော်ဝမ်းက၊ အတ္တဟိတ၊ ကိုယ့်ကိစ္စကြောင့်၊လုံ့လတွေရှာ၊ မပြုပါဘူး၊ ကျွန်းချာဒီပ၊ သောင်းဌာနတွင်၊ တရာ့တစင်း၊ ထီးဆောင်းမင်းတို့၊ ဦးကင်းထိပ်ဗွေ၊ အကောင်နေသား၊ ပရမေဒိဗ္ဗ၊ ရာဇိန္ဒရာဇာ၊ သာသည်ပါဠိ၊ မည်တော်ရှိသည်၊ လောကီသခင်၊ ဘုရင်များထွတ်၊ ကျွန်းလုံးနတ်ရှင်၊ သုဒဿန၊ အယုဇ္ဈံသို့၊ ဇေယျမည်သာ၊ ပြည်ကြီးစွာ၌၊ ဒေဝါများထွတ်၊ သကြားနတ်သို့၊ ကြီးမြတ်ထူးထွေ၊ မရေတွက်ရာ၊ ချမ်းသာတိုင်းမဲ့၊ မနွဲ့မသိမ်၊ မင့်းစည်းစိမ်ကို၊ ရိပ်ငြိမ်ကြည်ဖြူ၊ စံတော်မူသည်။ ။ ပြိုင်တူဘက်ကင်း မိုး၍နှင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment