သူဇာပျို့
၂၁။ ယင်းသို့သံချို၊ မူဆိုးဆိုသည်၊ ရွှန်းပျိုပွင့်လျာ၊ မဟဥပရာဇာ၊ သာသည်မည်ခေါ်၊ နာမတော်ကို၊ ရွှေလှော်ဆင်းပြင်၊ မင်းရှင်ဖြူအိ၊ ကြားသည်ရှိသော်၊ ဇာတိရှည်စွာ၊ သံသရာက၊ မြတ်ပါရမီ၊ "ဆယ်" "သုံး" လီကို၊ တူပြီစုံမက်၊ ဖြည့်ကြဘက်လျင်၊ ဆက်ဆက်မှန်စွာ၊ ဝါသနာထုံငွေ့၊ လှိုင်ပျံ့၍တည့်၊ အိမ်ရှေ့မဟာ၊ ဥပရာသို့၊ မေတ္တာလွန်ပြင်း၊ ကြင်နာခြင်းသည်၊ ရိုးတွင်းဝယ်သာ၊ ခြင်ဆီမှာ၍၊ သေချာစွဲနေ၊ တည်လျှင်းလေ၏၊ မပြေမြဲပင်၊ သို့ဖြစ်လျှင်တည့်၊ သခင်မျက်နှာ၊ ပွင့်ရွှေကြာကို၊ လျင်စွာခုပ၊ မြင်ချင်လှ၏၊ နေကြအာဘော်၊ သို့ဖြစ်သော်လည်း၊ မလော်လည်ကြ၊ မင်းမိန်းမတို့၊ တည်ပသိပ်သည်း၊ ချုပ်တည်းသေချာ၊ စောင့်စရာကို၊ ညှာ၍တကြောင်း၊ မွဲယောင်းရုပ်ပြင်၊ မူဆိုးသွင်ကို၊ မြင်တိုင်းပင်သာ၊ ကြောက်စွာလှ၍၊ ယဉ်မြေ့သာချို၊ ဆိုသည်ပျံ့ကြွယ်၊ ဘကြီးငယ် ...၊ သည့်နှယ်ဘခင်၊ ပြောဆိုလျှင်မူ၊ မစင်ကြယ်လွန်း၊ ပြောက်စွန်းသမ်းညို၊ ထိုဇာတ်ကိုလည်း၊ ဝှက်သိုဘဲသာ၊ ပြောပါတော့မည်၊ တို့သည်မှန်စွာ၊ အာကာသဇိုဝ်း၊ နတ်မျိုးမြတ်ထွတ်၊ မဟုတ်တတ်ချေ၊ ရွှေမြေထွန်းပ၊ ပဗ္ဗတဝယ်၊ ဗြဟ္မမည်သာ၊ ကိန္နရာသာ၊ မှန်စွာမသွေ၊ ဖြစ်ပချေသည်။ ။ မြဲနေဖြောင့်စင်း တို့ကြောင်းရင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment