လောကသာရပျို့

လောကသာရပျို့

၁၉။ လုံ့လပညာ၊ လိမ်မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသန်လျက်၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်တို့၊ မှတ်သည်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာ၏၊ ပညာချို့တဲ့၊ လုံလမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ သူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဘွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီးပွားလာဟု၊ ကြမ္မာကိုယ်ချည်း၊ မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းညံ့ဆုံး၊ သူပျက်ထုံးကို၊ နှလုံး မငြိတွယ်စေနှင့်မင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း